Home သတင်း ဘုရားသုံးဆူမြို့ ‌ကျောင်းအုပ်ဆရာမကြီး တက္ကသိုလ်ဝင်တန်း‌လျှောက်လွှာ‌ကြေး အဆမတန် ‌ကောက်ယူ

ဘုရားသုံးဆူမြို့ ‌ကျောင်းအုပ်ဆရာမကြီး တက္ကသိုလ်ဝင်တန်း‌လျှောက်လွှာ‌ကြေး အဆမတန် ‌ကောက်ယူ

2209
စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကရင်ပြည်နယ်- ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူမြို့တွင်တက္ကသိုလ်ဝင်တန်း‌ဖြေဆိုမည့်‌ကျောင်း သား/သူများ စာ‌မေးပွဲ ‌ဖြေဆို ရန် ‌လျှောက်လွှာတင်‌ကြေးကို ‌ကျောင်းအုပ်ဆရာမကြီးက အဆမတန် ‌ကောက်ယူ‌နေသည်ဟု ‌ကျောင်းသား မိဘများက ‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ‌လျှောက်လွှာတင်‌ကြေးအဖြစ် ‌ကျောင်းသူ/သားတစ်ဦးလျှင် ၂၅၀ဝကျပ်သာ ‌ကောက်ခံ ‌နေ‌သော်လည်း ဘုရားသုံးဆူမြို့ရှိ အထက(၁)‌ကျောင်းအုပ်ကြီး ‌ဒေါ်ခင်လှ‌ဝေက တစ်ဦးလျှင် ဘတ် ၂၅ဝ (မြန်မာကျပ် ၇၀၀၀)နှုန်းဖြင့် ‌ကောက်ခံလျှက်ရှိသည်ဟု ကရင်‌ကျောင်းသားမိဘတစ်ဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့မြို့မှာ စီးပွား‌ရေးလည်းကျတယ်။ လုပ်ကိုင်စား‌သောက်ရတာလည်း မလွယ်ဘူး။ တ‌နေ့တ‌နေ့ စားဖို့က မနည်း ရုန်းကန် ‌နေရတဲ့အချိန်မှာ ပိုက်ဆံပို‌ကောက်‌တော့ ကျ‌နော်တို့အတွက် ‌ငွေရှာရတာလည်း မလွယ်ကူဘူး ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

အစိုးရပိုင်သတင်းစာများတွင် ယခုနှစ် စက်တင်ဘာလ ၆ရက်‌နေ့မှ စတင်ပြီး ၂၈ရက်‌နေ့အထိ ‌လျှောက်လွှာတင်သွင်းနိုင်‌ကြောင်း ‌ကြေညာ ခဲ့‌သော်လည်း ဘုရားသုံးဆူမြို့အထက်တန်း‌ကျောင်းအုပ်ကြီး ‌ဒေါ်ခင်လှ‌ဝေကမူ ယမန်‌နေ့ ၂ဝရက်မှ စတင်၍ ၂၃ရက်‌နေ့အပြီး ‌ပေး‌ဆောင် ရန် ‌ငွေ‌ကောက်ခံ‌နေခြင်းဖြစ်သည်။

‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌ဒေါ်မသိန်းကလည်း “ကျမတို့အ‌နေနဲ့က အဆင်မ‌ပြေတာ‌တွေ ရှိပါတယ်။ အိမ်ငှား‌နေရတယ်။ ‌ကျောင်း‌နေ တဲ့ က‌လေးသုံး‌ယောက်လည်း ရှိတယ်။ အဲဒါ က‌လေး‌တွေရဲ့ လစဉ် ကျူရှင်စရိတ်၊ စားစရိတ်‌ကော ‌နောက်ပြီး ဘာဖိုးညာဖိုးဆိုပြီး ‌ကျောင်း ဖွင့်ကတည်းက ပိုက်ဆံတချိန်လုံး ‌ကောက်ခံ‌နေတယ်”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့ တက္ကသိုလ်ဝင်‌ကျောင်းသား/သူများ ‌လျှောက်လွှာစာရင်းကို ၎င်းတို့မြို့တွင် မတင်ဘဲ ‌ကျောင်းသားစာရင်း၊ အိမ်‌ထောင်စု စာရင်း၊ ဓါတ်ပုံများကို ယူ‌ဆောင်သွားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အဆိုပါ ‌ကျောင်းအုပ်ဆရာမကြီးက သွား‌ရောက် တင်‌ပေးခြင်း ဖြစ် သည်။

ထို့‌ကြောင့် ဘတ် ၂၅ဝ မ‌ပေးနိုင်သည့် ‌ကျောင်းသားမိဘများ စု‌ပေါင်းပြီး ‌ကျောင်းအုပ်ဆရာမကြီးထံ ခရီးစရိတ် အပါအဝင် ‌လျှောက်လွှာ တင်‌ကြေးကို ဘတ် ၁၀၀‌ကျော်သာ ‌ကောက်ယူ‌ပေးရန် ‌ကျောင်းသားမိဘများက သွား‌ရောက်‌ပြောကြားမည်ဟုလည်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ရပ်ကွက်‌ပေါင်း ၄ခုရှိသည့်အနက် အထက်တန်း‌ကျောင်းတစ်‌ကျောင်းသာရှိပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ‌ဖြေ ဆိုမည့် ‌ကျောင်းသား/သူ‌ပေါင်း ၇ဝဦး‌ကျော် ရှိသည်။

တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌ဖြေဆိုရန် အစိုးရပညာ‌ရေးဝန်ကြီးဌာနက ‌ကျောင်းသားတစ်ဦးလျှင် ‌လျှောက်လွှာတင်‌ကြေးမှာ ၂,၅၀ဝကျပ် သတ်မှတ်ထားခြင်းဖြစ်‌သော်လည်း တချို့‌ကျောင်းများတွင် အလှူ‌ငွေ အပါအဝင် ကျပ်တစ်‌သောင်းဝန်းကျင် ‌ပေး‌ဆောင်ရသည်ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ‌ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပညာ‌ရေးစိစစ်‌ရေးဌာနအသီးသီး၌ ‌ဖြေဆိုကြမည့် ‌ကျောင်းသား‌ကျောင်းသူများအတွက် စာ‌မေးပွဲဝင်ခွင့်ကတ်ပြားကို လာမည့် ‌ဖေ‌ဖော်ဝါရီလ ၂၇ရက်‌နေ့မှစ၍ ထုတ်‌ပေးသွားမည်ဖြစ်ပြီး ၂၀၁၁-၁၂ တက္ကသိုလ်ဝင်စာ‌မေးပွဲကို ၂၀၁၂ခုနှစ်၊ မတ်လ ၁၂ရက်မှ ၂၂ရက်‌နေ့အထိ ‌ဖြေဆိုရမည်ဖြစ်သည်။