Home သတင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် KNU အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်ကို KWO ဂုဏ်ပြု

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် KNU အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်ကို KWO ဂုဏ်ပြု

2438
စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ယ‌နေ့ ကျ‌ရောက်သည့် ၁၁ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO က အမျိုးသား‌ရေး နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းကို ဦး‌ဆောင်‌နေသည့် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန် အား ဂုဏ်ပြုလိုက်သည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ‌ကျောင်းတွင် KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် KNU အတွင်း ‌ရေးမှူး ‌နော်စီဖိုးရာစိန်အား လုပ်ငန်းစွမ်း‌ဆောင်ရည် ဂုဏ်ပြုလက်မှတ်၊ အမျိုးသမီးရုပ်ထုတစ်ခုနှင့်အတူ ပန်းစည်းလက်‌ဆောင်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

KWO ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ‌နော်ဘလူးမင်းနိုက်ဇန်က “ကရင့်‌တော်လှန်‌ရေး နှစ် ၆၀‌ကျော်သက်တမ်းမှာ ပထမဦးဆုံး အမျိုးသမီး တစ်ဦးအ‌နေနဲ့ KNU မှာ အမြင့်ဆုံးအဆင့် အတွင်း‌ရေးမှူးချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်တယ်။ ‌နောက် မူ‌ပေါ်မှာ ရပ်တည်ပြီး အစိုးရနဲ့ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်တဲ့‌နေရာမှာ ဦး‌ဆောင်ဦးရွက်ပြုပြီး ရဲရဲဝံ့ဝံ့ ‌ပြောဆိုတဲ့ သူ့ရဲ့ စွမ်း‌ဆောင်မှု‌တွေကို အသိအမှတ်ပြုလို့ ဂုဏ်ပြုတာ ဖြစ် တယ်”ဟု ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေး နှစ် ၆၀‌ကျော်သက်တမ်းတစ်‌လျှောက် အမျိုးသမီး၏ ဦး‌ဆောင်မှု မရှိခဲ့ဖူးသလို ဦး‌ဆောင်နိုင်သည့် အ‌ခြေအ‌နေ မ‌ပေး ခဲ့ခြင်းအ‌ပေါ် ‌နော်စီဖိုးရာစိန်သည် မှတ်တမ်းတင်‌လောက်‌သော အ‌တွေ့အကြုံဖြတ်သန်းမှုဖြင့် စိန်‌ခေါ်မှုများကြား၌ အမျိုးသားများနှင့် ရင် ‌ဘောင်တန်းကာ ယခုအချိန်ထိ ဦး‌ဆောင်မှု ပြုလာနိုင်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း ‌နော်ဘလူးမင်းနိုက်ဇန်က ဆက်‌ပြောသည်။

ဂုဏ်ပြုခံရသူ ‌နော်စီဖိုးရာစိန်က “KWO ဟာ ကျမရဲ့ လုပ်‌ဆောင်ချက်အ‌ပေါ် ကြည့်ပြီး ဦး‌ဆောင်မှု ‌ပေးတဲ့သူတ‌ယောက်လို့ အသိအမှတ် ပြုတာ ကျမအတွက် ဝမ်းသာစရာပါ။ ‌ရှေ့ဆက် လုပ်ရမဲ့အရာ‌တွေကိုလည်း ကျမအ‌နေနဲ့ လုပ်‌ဆောင်သွားမှာပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် ကမ္ဘာတဝှမ်း ငြိမ်းချမ်းမှုကို မြင်ချင်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း ငြိမ်းချမ်းရရှိမှုကို မြင် လို‌ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ် ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲသို့ တက်လှမ်းရန်လို‌ကြောင်း ‌နော်စီဖိုးရာစိန်က ဆိုသည်။

အခမ်းအနားတွင် KWO ဥက္ကဌ ‌နော်လားဖိုးက အဖွင့်မိန့်ခွန်း ‌ပြောကြားရာ၌ ‌နော်စီဖိုးရာစိန်၏ အမျိုးသား‌ရေး ‌ရှေ့ဆက်လုပ်‌ဆောင်ချက် များကို ဝိုင်းဝန်း အားဖြည့်‌ပေးသွားမည်ဟု ‌ပြောဆိုခဲ့သလို အခမ်းအနား တက်‌ရောက်လာသူ ‌နော်ဆဲဆဲကလည်း ‌နော်စီဖိုးရာစိန်ကဲ့သို့ ‌ခေါင်း‌ဆောင်အမျိုးသမီးအား အတုယူ အားကျမိသည်ဟု ‌ပြောသည်။

ယ‌နေ့ KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် အစိုးရမဟုတ် ‌သောအဖွဲ့အစည်း-NGOs များ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး စသည့် လူထုအ‌ခြေပြုအဖွဲ့-CBOs များ၊ အတိုက်အခံ နိုင်ငံ‌ရေးအင်အားစုအချို့၊ KNU ‌ခေါင်း‌ဆောင်အချို့နှင့် ဆာသူး‌လေ ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် ပရိဿတ် ၆ဝဦး‌ကျော် တက်‌ရောက်ခဲ့သည်။

၁၉၈၅ခုနှစ်တွင် ကရင့်‌တော်လှန်‌ရေး၏ မာနယ်ပ‌လောဌာနချုပ်၌ ဖွဲ့စည်းပုံနှင့်တကွ KWO ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNU ၏ အမျိုးသမီး‌ခေါင်း‌ဆောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ယခုတကြိမ်သည် ပထမဦးဆုံး ဖြစ်သည်။

ယ‌နေ့ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့နှင့် ပတ်သက်၍ KWO အပါအဝင် KNU နှင့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ နိုင်ငံ (WLB)တို့က ‌ကြေညာချက် အသီးသီး ထုတ်ပြန်‌ပေးပို့ခဲ့ရာ WLB ၏ ထုတ်ပြန်ချက်၌ ဦးသိန်းစိန်အစိုးရအ‌နေဖြင့် လက်ရှိ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်း‌ရေး‌ပေါ်ထွန်‌ရေးအတွက် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး အမြန်ဆုံး ‌ဖော်‌ဆောင်‌ရေး၊ နိုင်ငံ‌ရေး အကျဉ်းသား အားလုံး လွှတ်‌ပေး‌ရေးနှင့် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုက‌ရေစီအင်အားစုများ ပါဝင်‌သော လွှတ်‌တော်ပြင်ပ အမြန်ဆုံး စတင်‌ရေး အပါအဝင် အချက် ၇ချက်ကို တိုက်တွန်း ‌တောင်းဆိုထားသည်။