Home လူထုအသံ ပေးစာကဏ္ဍ လူထုပေးစာကဏ္ဍ

လူထုပေးစာကဏ္ဍ

29

လူထုပေးစာကဏ္ဍ

လေးစားအပ်ပါသော KIC သတင်းဌာနခင်ဗျာ။

ကျွန်တော်တို့ တောင်ငူ-လိပ်သိုလမ်းပိုင်းက ဒေသခံတွေရဲ့ စားဝတ်နေရေး ဒုက္ခကို သိရှိစေဖို့နဲ့ တာဝန်ရှိသူတွေ သိရှိ ဖြေလျှော့ပေးနိုင်ဖို့ ကူညီဖော်ပြပေးစေချင်ပါတယ်ဗျာ။

လက်ရှိမှာ KNU သစ်တောဌာနရဲ့ ပိတ်ပင်မှုတွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ မျှစ်လုပ်ငန်းနဲ့ ကွမ်းသီးလုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းကုန်ပါတယ်။ မိသားစုအများစုဟာ ရုတ်တရက် ဝင်ငွေပြတ်တောက်သွားပြီး နေ့စဉ် စားဝတ်နေရေးအတွက်ပါ တကယ့်ကို အကျပ်အတည်းဖြစ်ပြီး ဒုက္ခရောက်နေကြရပါတယ်။

သစ်တောထိန်းသိမ်းတာကို နားလည်ပေမယ့် ဒေသခံတွေ ဝမ်းစာမပြတ်စေမယ့် ဖြေလျှော့မှုမျိုးပြုလုပ်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်တာ ဖြစ်ပါတယ်။

တာဝန်ရှိသူ (ဗဟိုသစ်တောဌာန / တောင်ငူခရိုင်ရုံး)
ကရင်အမျိုးသားအစည်းအရုံး (KNU)
ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်

အကြောင်းအရာ။ ။ တောင်ငူ-လိပ်သို လမ်းပိုင်း ဒေသခံတောင်သူများ၏ စားဝတ်နေရေး အခက်အခဲအား ပြန်လည်သုံးသပ်ဖြေလျှော့ပေးပါရန် တင်ပြခြင်း။

၁။ မိမိတို့ တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် နေထိုင်ကြသော ဒေသခံ ပြည်သူလူထုများသည် မိသားစု စားဝတ်နေရေးအ တွက် သဘာဝထွက်ကုန်များဖြစ်သည့် မျှစ်၊ ကွမ်းသီးနှင့် အခြေခံသစ်လုပ်ငန်းများကို ရာသီအလိုက် အမှီသဟဲပြု၍ ရုန်းကန်လှုပ်ရှားနေကြရသူများ ဖြစ်ပါသည်။

၂။ လတ်တလောတွင် KNU သစ်တောဌာနမှ သစ်တောနှင့် သဘာဝထွက်ကုန်များ ပိတ်ပင်ကန့်သတ်လိုက်သည့် စည်း ကမ်းချက်များကြောင့် ဒေသခံ မိသားစုအများအပြားမှာ ချက်ချင်းဝင်ငွေပြတ်တောက်သွားပြီး နေ့စဉ် စားသောက်ရေး၊ ကျန်းမာရေးနှင့် သားသမီးများ ပညာရေးအတွက်ပါ တကယ့်ကို ကျပ်တည်းခက်ခဲသည့် ဒုက္ခများနှင့် ရင်ဆိုင်နေကြရပါ သည်။

၃။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒများကို ဒေသခံများအနေဖြင့် နားလည်သဘောပေါက်ပါ သော်လည်း ယခုကဲ့သို့ လုံးဝ (လုံးဝ) ပိတ်ပင်လိုက်ခြင်းမျိုးထက် ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသည့် “ဒေသခံအခြေ ပြုသစ်တောစီမံခန့်ခွဲမှုစနစ်” များအတိုင်း စနစ်တကျ ရာသီအလိုက် ခွဲတမ်းဖြင့် ရှာဖွေခွင့်ပြုခြင်း၊ ကွမ်းသီးခြံကဲ့သို့ သော နှစ်ရှည်စိုက်ပျိုးမြေများကို သီးသန့်ဇုန် သတ်မှတ်ပေးခြင်း စသည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးစေလိုပါသည်။

၄။ သို့ဖြစ်ပါ၍ တောတောင်သဘာဝလည်း မပြုန်းတီး၊ ဒေသခံပြည်သူများလည်း ဝမ်းစာမပြတ်စေမည့် ညှိနှိုင်းဖြေရှင်း မှုမျိုးကို ဖော်ဆောင်ပေးပါရန်နှင့် လက်ရှိ ပိတ်ပင်ထားမှုများကို အမြန်ဆုံး ပြန်လည်သုံးသပ် ဖြေလျှော့ပေးပါရန် ဒေသခံပြည်သူများကိုယ်စား ရိုသေလေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
(ဒေသခံတစ်ဦး)
တောင်ငူ-လိပ်သိုလမ်းပိုင်း