Home သတင်း ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးသွားရန် အစိုးရနှင့် မွန်ပြည်သစ် သ‌ဘောတူ

ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးသွားရန် အစိုးရနှင့် မွန်ပြည်သစ် သ‌ဘောတူ

2003
‌ဖေ‌ဖော်ဝါရီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်ကိုယ်စားလှယ်အဖွဲ့တို့ ယ‌နေ့‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၌ ပြည်‌ထောင်စုအ ဆင့် ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးရန်အတွက် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့‌ကြောင်း သိရသည်။

၎င်း‌တွေ့ဆုံပွဲကို မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် နံနက် ၁ဝနာရီဝန်းကျင်ခန့်က စတင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျ‌နော်တို့ ပြည်နယ်အဆင့် ပြီးသွားပြီ။ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးသွားဖို့ စကား‌ပြောသွားဖို့ ဒီက‌နေ့မှာ အစိုးရနဲ့ လက်မှတ်ထိုးလိုက်ပါပြီ”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင်တစ်ဦးက ‌ပြောသည်။

ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရန် သ‌ဘောတူထားချက်များမှာ (၁)တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရန် အ ထူးသဖြင့် တိုင်းရင်းသားနယ်‌မြေများအတွင်း ဖြစ်ပွား‌နေသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးရပ်စဲရန် (၂)အပစ်ခတ်ရပ်စဲချိန်မှစ၍ အများဆုံး ၄၅ရက်အတွင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲစတင်ရန်၊ သင့်‌တော်‌သောအကျိုး‌ဆောင် ပုဂိ္ဂုလ်များကို ‌လေ့လာအကဲခတ်သူအဖြစ် ပါဝင် ခွင့်ပြုရန် သ‌ဘောတူခဲ့ကြသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ကြား ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သွားရန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းအားလုံးနှင့် အပစ်ခတ်ရပ်စဲပြီးပါက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားလှယ်များ နိုင်ငံ‌ရေး ‌ဆွေး ‌နွေး‌ဖော်‌ဆောင်သွားရန်၊ ဤနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌ပြေလည်မှုအ‌ပေါ် အ‌ခြေခံ၍ ပြည်တွင်းတိုင်းရင်းသားနိုင်ငံ‌ရေးပါတီ အဖွဲ့အစည်းများနှင့် ဒီမိုက‌ရေစီ အင်အားစု နိုင်ငံ‌ရေးပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်‌စေပြီး အမျိုးသား စည်းလုံးညီညွတ်‌ရေးကို ဆက်လက် ‌ဆွေး‌နွေးသွား ရန် စသည့် အ‌ကြောင်းအရာများ အပါအဝင် အချက်‌ပေါင်း ၁၄ချက်ကို ယ‌နေ့ ‌တွေ့ဆုံမှုတွင် သ‌ဘောတူခဲ့ကြသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့ ဒုတိယအကြိမ်‌တွေ့ဆုံခဲ့စဉ်က ပြည်နယ်အဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရန်အတွက် အချက် ၅ချက်ကို နှစ်ဘက် ပဏာမ သ‌ဘောတူထားခဲ့သည်ကို ယခု‌တွေ့ဆုံပွဲတွင် အတည်ပြု လက်မှတ်‌ရေးထိုးလိုက်ပြီး ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေး သွားရန်လည်း သ‌ဘောတူခဲ့‌ကြောင်း မွန်ပြည်သစ်ပါတီက ‌ပြောသည်။

ပြည်နယ်အဆင့် အတည်ပြုလက်မှတ်ထိုးလိုက်သည့်အချက်များမှာ (၁) နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန် (၂) ပြည်‌ထောင် စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် ‌ဆွေး‌နွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်း‌ပေးရန်နှင့် ‌ဆွေး‌နွေးမည့်‌နေ့ရက်၊ အ ချိန်နှင့် ‌နေရာတို့ကို ညှိနှိုင်းရန် (၃)ဆက်ဆံ‌ရေးစခန်းကို နှစ်ဘက်သ‌ဘောတူသည့် သင့်‌တော်ရာ‌နေရာ (လက်နက်မပါ) ထားရှိရန်၊ (၄) သတ်မှတ်‌နေရာမှအပ အခြား‌ဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန် (၅)နှစ်ဘက်သ‌ဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ် ‌နေရာများတွင် ‌နေထိုင်ရန်တို့ ဖြစ်သည်။

မွန်ပြည်သစ်ပါတီအ‌နေနှင့် ထိုပဏာမသ‌ဘောတူထားခဲ့သည့်အချက်များကို ဗဟို‌ကော်မတီသို့ တင်ပြခဲ့ပြီး အတည်ပြု လက်မှတ်ထိုးရန်အ တွက် ဗဟို‌ကော်မတီအစည်းအ‌ဝေးမှ ဆုံးဖြတ်ချက်ချခဲ့သည်။

ယခု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်‌ရော့စ ဦး‌ဆောင်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လယီက‌ကောင်း၊ ထားဝယ်ခရိုင် ဥက္ကဌ နိုင်ဗညား‌လေး၊ သထုံခရိုင်အတွင်း‌ရေးမှူး နိုင်ဧက စသည့်အဖွဲ့ဝင်များနှင့် မြန်မာအစိုးရကိုယ်စားလှယ် ပြည်‌ထောင်စုအဆင့် ငြိမ်း ချမ်း‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်သည်။