Home သတင်း ခွဲကဘောင်ကျောင်း အဆောင်သစ် လွှဲပြောင်းပွဲ၌ စာကြည့်တိုက်ဖွင့်လှစ်ပွဲ ကျင်းပ

ခွဲကဘောင်ကျောင်း အဆောင်သစ် လွှဲပြောင်းပွဲ၌ စာကြည့်တိုက်ဖွင့်လှစ်ပွဲ ကျင်းပ

501

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ခွဲကဘောင် ရွှေ့ပြောင်းအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ပွဲအစီအစဉ်ကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်လှစ်လိုက်သည့် စာကြည့်တိုက်တွင် ကလေးငယ်အရွယ်မှစ၍ လူငယ်လူရွယ် အထက် တန်းလွန်အဆင့်ထိ ဖတ်ရှုသင်ယူ လေ့လာနိုင်သည့် စာအုပ်များ ထားရှိသလို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ ကရင် ဘာသာစုံ စာအုပ်များကိုလည်း ဖတ်ရှုနိုင်သည်ဟု ကျောင်းတာဝန်ရှိသူက ပြောသည်။

စာကြည့်တိုက် ဖြစ်မြောက်ရန်အတွက် Shanti Volunteer Association (SVA)၊ From the people of Japan တို့မှ ကူညီပံ့ပိုးပေးထားခြင်း ဖြစ်သည်။ ထို့အတူ ကျောင်းဆောင်သစ်ကိုလည်း အဆိုပါအဖွဲ့၏ လှူဒါန်းထားခြင်းဖြစ်သည်။

ယနေ့ အခမ်းအနားအစီအစဉ်သို့ မြန်မာရွှေ့ပြောင်းပညာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ အလှူရှင်အဖွဲ့များ၊ ကျောင်းကော်မတီများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ ပါဝင်တက်ရောက် ချီးမြှင့်ပေးကြသည်။