Home 2025
Yearly Archives: 2025
မြိတ်-တနင်္သာရီ လမ်းပိုင်း၌ ကုန်တင်ယာဉ်များ ဖမ်းဆီးစစ်ဆေးမှုများလာ
မတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-တနင်္သာရီကားလမ်းပိုင်း တစ်လျှောက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်တင် ယာဉ် များကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသတွင်းကုန်တင်ယာဉ်မောင်းများက ပြောသည်။
အဆိုပါ မြိတ်-တနင်္သာရီ ကားလမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုမတ်လပထမ အပတ်မှ စတင်၍ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်၌...
ကရင်ဖြူအမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုစိုင်း(ခေါ်) ကိုဝင်းလှိုင်ကို အသတ်ခံရမှု ကယန်းပြည်သစ်အပေါ် တော်လှန်ရေးအင်အားစုတို့ သဘောထားတင်းမာ
မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နေပြည်တော်၊ ပျဥ်းမနားဒေသ စစ်ရေးလှုပ်ရှားသည့် ပျဥ်းမနားစစ်ကြောင်းမှူး၊ ကရင်ဖြူအမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုစိုင်း(ခေါ်)ကိုဝင်းလှိုင်ကိုအား ကယန်းပြည်သစ်တပ်မတော်နယ်မြေအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းအပေါ် နေပြည်တော်တော်လှန်ရေးအင်အားစုဘက်က ကယန်းပြည်သစ်သို့ သဘောထားတင်းမာလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၃)ရက်နေ့က ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်း...
စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ နည်းလမ်းပေါင်းစုံဖြင့် အာရှလမ်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေ
မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းသစ်လမ်းပိုင်းကို စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေး တပ်များသည် စစ်ရေးနည်းလမ်းပေါင်းစုံဖြင့် အာရှလမ်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် ယခု မတ်လအတွင်းတိုက်ပွဲရက်ဆက်ပြီးပြင်းထန်နေကြောင်း သိရသည်။
ထိုသို့ ကော့ကရိတ်မြို့ပတ်ခြာလည်ကျေးရွာများဘက်နှင့် အာရှလမ်းပိုင်းဘက်စစ်ကောင်စီက စစ်ရေး နည်းလမ်း ပေါင်းစုံအသုံးပြုတိုက်ခိုက်နေမှုနှင့်ပတ်သက်ပြီး...
ပူလူတူစခန်းကို KNLA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံးပြီး ၁၁ ဦး ထိုင်းဘက်ထွက်ပြေး
မတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်အနီး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်မှ ယနေ့ မတ်လ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းဆည်းရမိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦးမှာ...














