စက်တင်ဘာလ ၂၀ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်း Federal Wings ဒရုန်း တပ်ဖွဲ့မှစစ်ဆင်ရေးစတင်ပြုလုပ်နေပြီးဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန် ထားသည်။
Federal Wings ဒရုန်းတပ်ဖွဲ့ ၏ သထုံခရိုင်အတွင်း ပထမဦးဆုံးအကြိမ်စစ်ဆင်ရေးစတင်တိုက်ခိုက်မှုတွင် နတ် ကြီးနယ်ခြားစောင့်(BGF)တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (BGF) တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Federal Wings မှထုတ်ပြန်ထားသည်။
၎င်းဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက “Federal Wings ကို တပ်မဟာ (၁)မှာ စတင်ဖွဲ့စည်းတာက တစ်နှစ်ခွဲ လောက်ရှိ ပြီး။ တပ်မဟာဒရုန်းအဖွဲ့လည်း Federal Wings နဲ့ချိတ်ပြီး ရှေ့ဆွဲတွေ ဒရုန်းကြီးတွေစလုပ်လာတာက လွန်ခဲ့တဲ့ တစ်လကျော်ပဲ ရှိအုံးမယ်။ “ဟု ကေအိုင်စီ သို့ပြောသည်။
စစ်ကောင်စီလက်အောက်ခံ (BGF)၏ နတ်ကြီးတပ်စခန်းကို Federal Winds ဒရုန်းတပ်ဖွဲ့မှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLAတို့ ပူးပေါင်းကာ ဒရုန်းဖြင့် (၂)ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ ထိခိုက် ကျဆုံးမှုရှိသော်လည်း ဒရုန်းတပ်ဖွဲ့ဝင်ဘက်မှ အထိအခိုက်မရှိပြန်ဆုတ်နိုင်ကြောင်း Federal Winds က ထုတ်ပြန်ထားသည်။
အဆိုပါ Federal Wings ဒရုန်းတပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေတွင် နယ်မြေခံ KNLAအပြင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း စစ်ဆင်ရေးများ ပူးပေါင်း လုပ်ဆောင် လျက်ရှိသည်။
အလားတူ အမျိူးသားညီညွတ်ရေးအစိုးက (NUG) လက်အောက်ခံကာကွယ်ရေး ဝန်ကြီးဌာန( MOD)ထံမှ ဒရုန်းစစ်ဆင်ရေးအတွက် ဒရုန်း(၅)စီး ရရှိရန်တင်ပြထားကြောင်းလည်း တပ်မဟာ(၁)နယ်မြေ အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။