နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ပြီး တရားဝင်ပြင်ပထွက်အလုပ်လုပ်ခွင့်ရ ဒုက္ခသည်အချို့တွင် အလုပ်ခေါ်စဉ်က ပြောကြားထားသည့်အလုပ်အမျိုးအစားနှင့် လက်တွေ့လုပ်နေရသည့်အမျိုးအစား ကိုက်ညီမှုမရှိကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူများ ပြောပြချက်အရ သိရသည်။
ဒုက္ခသည်များ ပြင်ပထွက်အလုပ်လုပ်နိုင်ရန် လုပ်ငန်းရှင်ကိုယ်စားလှယ်ဘက်မှ အလုပ်အမျိုးအစား လာရောက်ရှင်းပြပြီးမှ ခေါ်ယူခြင်းဖြစ်သော်လည်း လုပ်ငန်းနေရာရောက်ရှိသည့်အချိန်တွင် အပြောနှင့်အလုပ်မညီတော့ဟု အုန်းဖြန်ဒုက္ခသည်စခန်းနေ...