Home ဆောင်းပါး အင်အားချိန်ခွင်လျှာမျှခြေ

အင်အားချိန်ခွင်လျှာမျှခြေ

958
Photo: Internet

အင်အားချိန်ခွင်လျှာမျှခြေ

စောနေတိုး

(၇ စက်တင်ဘာ၊ ၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံစစ်ဆင်နွဲရန် NUG အစိုးရက ကြေငြာခဲ့သည်မှာ တစ်နှစ် ပြည့်ခဲ့ပါ ပြီ။ မြန်မာ့အရေး သုတေသနပြု လေ့လာနေသော ISP Myanmar အဖွဲ့မှထုတ်ပြန်သော စာရင်းများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လကုန်အထိ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့ (PDF များ အပါအဝင်)ကြား တိုက်ပွဲပေါင်း ၆,၆၇၀ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုက်ပွဲဖြစ်ပွားမှု အများဆုံးနယ်မြေမှာ ကရင်ပြည်နယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး သည် ဒုတိယအများဆုံးနှင့် ချင်းပြည်နယ်သည် တတိယအများဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများဖြစ်သည်။

တစ်နှစ်ကျော်အတွင်း ဖြစ်ပွါးခဲ့သော တိုက်ပွဲ ၆၆၀၀ကျော်၏ ရလဒ်မှာ စစ်ကောင်စီတပ်အင်အား လျော့ကျသွားခြင်းဖြစ် သည်။ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ၂၀၂၂ခုနှစ်၊ ဇွန်လအထိ တစ်နှစ်နှင့်လေးလအတွင်း စစ်ကောင်စီတပ်၏ ပြုန်းတီးအင်အားမှာ တစ်သိန်းဝန်းကျင်ရှိခဲ့သည်ဟု စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေသော တပ်သတင်းပေး (ဖရဲသီး)များက ဆိုသည်။

စစ်ရေးချုပ်ရုံးရှိသော ၎င်းတို့၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ် ဇွန်လစာရင်းအရ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်အားလုံး၏ စုစုပေါင်းအင်းအားမှာ ၂၁၁,၀၅၀ဦးသာရှိပြီး တိုက်ခိုက်ရေးအင်အားအနေဖြင့် ၇သောင်း ဝန်းကျင်သာရှိ သည်ဟု ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်၏ ပြုန်းတီးအင်အားမှာ တစ်သိန်းဝန်းကျင်ရှိသည်ဟု ဆိုသည်။ မြန်မာ့စစ်တပ်သမိုင်းတွင် အများဆုံး အင်အားပြုန်းတီးမှုလည်း ဖြစ်သည်။

စစ်တပ်တွင် ပြုန်းတီးအင်အားဆိုသည်မှာ တိုက်ပွဲကျဆုံးခြင်း၊ ခြေလက်အင်္ဂါပျက်စီးခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်း(တပ် ပြေး)၊ သက်ပြည့်ပင်စင်ယူခြင်း၊ ကျန်းမာရေးအရ ထွက်ခွင့်ရခြင်း၊ အရေးယူခံရခြင်းနှင့် နောက်ဆုံး ပြည်သူ့ဖက် ကူး ပြောင်းကာ CDM ပြုလုပ်လာခြင်းတို့ကို ဆိုလိုခြင်းဖြစ်သည်။

အာဏာမသိမ်းခင် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ စစ်ကောင်စီ တပ်ရင်းတခုလျင် ခွင့်မဲ့ပျက်ကွက်(တပ်ပြေး) အင်အားမှာ တစ်လလျှင် ပျမ်းမျှ ၂ယောက်ကနေ ၃ယောက်အထိရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်CDM အပါအဝင် တပ်ကိုစွန့်ခွာသူမှာ တစ်လလျှင် ၅ယောက်မှ ၁၀ယောက်ထိ ရှိလာခဲ့သည်။

ထိုကဲ့သို့ ခွင့်မဲ့ပျက်ကွက်သူ CDM ပြုလုပ်သူများလာသည့်အတွက် ဒေသတစ်ခုတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်း ဆောင်နေသော ဒေသခံတပ်များအား တခြားဒေသသို့ ပြောင်းလဲတာဝန်ပေးမှုများ လုပ်လာခဲ့ရသည်။ ကရင်ပြည်နယ် အတွင်း စစ်ကောင်စီတပ်မှ စွန့်ခွာသူများလာသည့်အတွက် ဒေသခံတပ်များအား အခြားသော ဒေသသို့စေလွှတ်၍ တာ ဝန်ပေးမှုများ ရှိလာခဲ့သည်။

မြဝတီမြို့မှ စစ်ရေးလေ့လာသူတစ်ဦးက “ဥပမာ မြဝတီက တပ်ဆို ရင်ဒီမှာအနေကြာတော့ နယ်မြေအခြေအနေကို သိနေပြီ။ အဲ့တော့ ပြေးချင်တာတို့ CDM လုပ်ဖို့လွယ်တယ်။ လုပ်လည်းလုပ်ကြတယ်။ ပြေးတဲ့လူများလာတော့ အဲလို ပြေးလို့မရအောင် သူတို့က မြဝတီကတပ်ကို စစ်ကိုင်းဖက်ပို့တာတာတို့၊ မကွေးဖက် ပို့တာတို့ လုပ်လိုက်တယ်လေ။”ဟု ဆိုသည်။

ထိုကဲ့သို့ အင်အား လျော့နည်းလာသော်လည်း တိုက်ပွဲများက နိုင်ငံအနှံ့ ဖြစ်ပွားလာနေသဖြင့် ရှေ့တန်းထွက်ရသော စစ် သည်များမှာ တစ်နှစ်ကျော်ကြာသည်ထိ နောက်တန်းမပြန်ရဘဲ ဖြစ်နေကြသည်။ တနည်းအားဖြင့်ဆိုရသော် စစ်ကောင် စီတပ်သည် စစ်ပန်းလာနေပြီဖြစ်သည်။

ထိုကဲ့သို့ အင်အားနည်းလာသော စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုမှာ အာဏာသိမ်းပြီးနောက် ပြည် သူလူထုက စစ်တပ်ကိုမုန်းတီးလာသည့်အတွက် စစ်တပ်ထဲသို့ဝင်ရောက်မည့်သူ သိသိသာသာ လျော့ကျသွားခြင်းဖြစ် သည်။ ထို့အတွက် စစ်သည်များ၏ ပင်စင်ယူသည့်သက်တမ်းအား ၂နှစ်တိုးကာ ၆၂နှစ် သတ်မှတ်ခဲ့ရသည်။

စစ်ကောင်စီဖက်မှ ကျဆုံးထိခိုက်သူ၊ စစ်တပ်ကို စွန့်သူများလာသည့်အတွက် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်သည့်ပုံစံ လည်း ပြောင်းလာခဲ့သည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း ရရာလက်နက်ဆွဲကိုင်တော်လှန်သည့် တော်လှန်ရေး အင်အားစုများ အား ဖြိုခွဲရန် မတူပီဗျူဟာနှင့် ဟားခါးဗျူဟာတို့မှာ စစ်ကြောင်းများဖြန့်ကျက်ခါ စစ်ကြောင်းသုံးလေးကြောင်းဖြင့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဇွန်လကုန်လောက်မှစ၍ စစ်မျက်နှာတစ်ခုသာ ဖွင့်နိုင် တော့သည်ဟု ချင်းပြည်နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဆင်ရေးဝင်နေသော စစ်ကောင်စီတပ်များသည်လည်း အရင်လို နယ်မြေတစ်ခုအား ထိုးစစ်ဆင်သည့်အခါ စစ်ကြောင်း သုံး၊ လေးကြောင်း ထိုးနိုင်သည့် အခြေအနေမရှိတော့ပေ။ သို့သော် စစ်ကြောင်းထိုး လာသည့် စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ဝန်းကျင်ခန့်အထိ ရှိလာသည်။

ယင်းသို့ အင်အားစုစည်းပြီး စစ်ကြောင်းထိုးလာခြင်းမှာ အင်အားနည်းသွားသည့်အတွက်ဟု ဆိုနိုင်သော်လည်း အင်အား နည်းသည့် PDF တပ်ဖွဲ့များအား အင်အားသုံး၍ တစ်ခုချင်းစီ ချေမှုန်းသည့်ဗျူဟာမျိုးလည်း ဖြစ်သည်ဟု သုံးသပ်သူများ လည်း ရှိသည်။ စစ်ကောင်စီအနေဖြင့် အင်အားနည်းလာသော စစ်သည်များနေရာတွင် အစားထိုးရန် ကြံ့ခိုင်ရေးပါတီ ဝင်များ အမျိုးသားရေးဟု ဆိုသူများနှင့် စစ်မှုထမ်းဟောင်းများအား ပြည်သူ့စစ် ဆိုသော ခေါင်းစဉ်အောက်၌ လက်နက် ပေးကိုင်လာရသည်။ ထိုအဖွဲ့များသည် မြို့တွင်းလုံခြုံရေးအတွက် စစ်သားများနှင့် ပူးတွဲတာဝန်ထမ်းဆောင်နေကြ သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ စစ်သည်အင်အား သိသိသာသာ လျော့နည်းလာသလို ဇူလိုင်လဆန်း ပိုင်းမှစ၍ စစ်တပ်ကသုံးသည့် ကျည်ဆန်များသည် ၂၀၂၂ခုနှစ်ထုတ်များ ဖြစ်လာနေသည်။ ယခင်က စစ်တပ်မှသုံးသည့် ကျည်ဆန်များသည့် အနည်းဆုံးလွန်ခဲ့သောသုံးနှစ်က ထုတ်ထားခဲ့သည့် ကျည်ဆန်များကိုသာ သုံးနေကြခြင်းဖြစ်သည်။ လတ်တလောတွင် ယခုနှစ် ထုတ်လုပ်သည့်ကျည်များကို သုံးလာရခြင်းမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာတွင် ကုန် ကြမ်းရှားပါးလာခြင်းကြောင့်ဖြစ်သည်ဟု CDM ဗိုလ်ကြီးတစ်ဦးက ပြောဆိုသည်။

သို့သော် ယခုချိန်အထိ စစ်တပ်တွင် အရန်ကျည်များအား ထုတ်မသုံးသေးသည့်အတွက် ပစ်စွမ်းအား ကျမသွားနိုင်သေး ပေ။

NUG အစိုးရက ကြေငြာခဲ့သည့် ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်သည့်အချိန်တွင် စစ်ကောင်စီတပ်မှ စစ်သည်အင်အား လျော့ကျသွားပြီး စစ်ကောင်စီတပ်သားများ၏ တိုက်ခိုက်လိုစိတ် လျော့နည်းသွားခဲ့သည်။ စစ်သည်များ စစ်ပန်းနေကြပြီ ဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီဖက်တွင်ရှိသော လေတပ်နှင့် လက်နက်ကြီးပစ်အားမှာ လက်ရှိ PDF အဖွဲ့များ ထက် များစွာ သာလွန်နေသေးသည်။ ထို့အပြင် စစ်ကောင်စီ၏ အဓိက ဝင်ငွေရနေသော စွမ်းအင်ကဏ္ဍကို မည်သူကမျှ မထိန်းချုပ်နိုင်သေးပေ။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာမူ တစ်နှစ်အတွင်း လက်နကတပ်ဆင်မှု သိသိ သာသာ တိုးလာခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားသော PDF တပ်ရင်း ၃၀၀ကျော်တွင် မောင်းပြန်သေနတ်များ ရှိလာနေပြီဖြစ်သည်။ အလားတူ NUG အောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တပ်ရင်း ၂၅၀တွင် လက်နက် တင်ဆင်မှုမှာ ၅၀ရာခိုင်နှုန်းခန့်ရှိလာနေပြီဖြစ်သည်။ အချို့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်ကြီး များပင် ရှိလာနေပြီဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်များအတွက် အကြောက်ဆုံးမှာ PDF များ၏ ဒရုန်းဖြင့်ဗုံးကျဲခြင်း ဖြစ်သည်။ ယခင်ကထက် လက်နက်အင်အား တိုက်ရည်ခိုက်ရည်ကောင်းလာသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအ တွက် စိန်ခေါ်မှုများ၊ ခဲယမ်းပြဿနာနှင့် ဘဏ္ဍာရန်ပုံငွေဖြစ်သည်။

ထို့ကြောင့် အင်အားလျော့နည်းသွားသော စစ်ကောင်စီတပ်များအား တော်လှန်ရေးအင်အားစုများက ခုခံစစ်မှ ထိုးစစ် သို့ သိသိသာသာ မပြောင်းလဲနိုင်သေးပေ။ အချို့သောဒေသများတွင် မဟာဗျူဟာမြောက် ထိုးစစ်ဆင်မှုများ ပြုလုပ်လာ နိုင်သည်များရှိသည်။ စစ်ဒေသများ ဖွဲ့စည်းကာ တပ်ပေါင်းစုအင်အားဖြင့် အချို့နေရာများတွင် စစ်ကောင်စီထိုးစစ်အား ဟန့်တားနိုင်မှုများ ရှိလာခဲ့သည်။

ခုခံတော်လှန်စစ် တစ်နီးပါးကြာလာချိန်တွင် အင်အားတောင့်တင်းပြီး ရဲစွမ်းသတ္တိအပြည့်ရှိသော ရခိုင့်တပ်တော်နှင့် စစ် ကောင်စီတပ်များ တိုက်ပွဲဖြစ်လာခြင်းသည်လည်း တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသောခွန်အားဖြစ်စေခဲ့ သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ခုခံတွန်းလှန်စစ်အား နောက်ထပ်တစ်နှစ် ထပ်တိုးထားသည်။ အင်အားလျော့နည်း ကာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းလာသော စစ်ကောင်စီတပ်များအား လာမည့်တစ်နှစ်အတွင်း တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများဖက်ကလည်း ပိုမို၍ ထိုးစစ်ဆင်လာနိုင်ရန်မှာ အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်ပေသည်။