Home ဆောင်းပါး အကြမ်းဖက်( စကစ) စစ်အုပ်စုရဲ့ ခြေလှမ်းတွေ

အကြမ်းဖက်( စကစ) စစ်အုပ်စုရဲ့ ခြေလှမ်းတွေ

1047
Photo: Internet

အကြမ်းဖက်( စကစ) စစ်အုပ်စုရဲ့ ခြေလှမ်းတွေ

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၀ရက်)

ပြီးခဲ့တဲ့ တစ်ပတ်က ဆောင်းပါးထဲမှာ အကြမ်းဖက်သမား မင်းအောင်လှိုင် (စကစ) စစ်အုပ်စု နဲ့ သွားရောက် ဆွေးနွေးကြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သုံးသပ်တင်ပြခဲ့ပါတယ်။ အကြမ်းဖက်(စကစ) စစ်အုပ်စုက လောလော ဆယ် ရွေးချယ်ထားတဲ့၊ တရားဝင်ကြေညာထားတဲ့ ထွက်ပေါက်ကတော့ “ရွေးကောက်ပွဲ(၂၀၂၃ ခုနှစ်)” ဖြစ်ပါတယ်။ ထို့အတူ မကြေညာတဲ့ လျှို့ဝှက်ထားတဲ့ အခြားသော ထွက်ပေါက် အမှတ်စဉ် ၂ – ၃ – ၄ စသဖြင့်လည်း ရှိနိုင်ပါသေး တယ်။

အခုချိန်ထိ တွေ့မြင်ကြားသိနေရတာတော့ “ရွေးကောက်ပွဲ(၂၀၂၃ ခုနှစ်)” ကို ဦးတည်တဲ့ခြေလှမ်းတွေကို အကြမ်းဖက်(စကစ)က လျှောက်လှမ်းပြနေဆဲဖြစ်ပါတယ်။ အဲဒါတွေကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ /နည်းဥပဒေ ပြင်ဆင်ဖို့ကိစ္စ၊ လာမည့်ရွေးကောက်ပွဲမှာ စတင်ကျင့်သုံးမယ်ဆိုတဲ့ PR ကိစ္စ(Close List PR စနစ်)၊ PR စနစ်နဲ့ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးရေးကိစ္စ၊ မဲစာရင်းကိစ္စ၊ မဲစာရင်းနဲ့ဆက်နွယ်တဲ့ မှတ်ပုံ တင်ကိစ္စ၊ ပုံစံ (၆/၆၆) ကိစ္စ၊ နိုင်ငံရေးပါတီများအား စစ်ဆေးရေးကိစ္စ (၉၂ပါတီအနက် ၈၅ပါတီကို စစ်ဆေးပြီး ၇ ပါတီ စစ်ဆေးဖို့ ကျန်နေပါတယ်။ အဲဒီ ၇ပါတီထဲမှာ NLD ပါတီလည်း အပါအဝင်ဖြစ်ပါတယ်) စသဖြင့် နိုင်ငံရေးပါတီတွေကို အဖက်ဖက်ကနေ “ဥပဒေ/နည်းဥပဒေ/စည်းကမ်း”စတဲ့ နှောင်ကြိုးမျိုးစုံနဲ့ ဖိနှိပ်ချုပ်ကိုင်ထားနိုင်ဖို့အတွက် အကွက်ချ ပြီး တက်သုတ်ရိုက် လုပ်နေကြပါတယ်။ အချိန်ကလည်း ‘၆ – လ’ ပဲရှိတော့တာ မဟုတ်ပါလား။

အဲဒီလို နိုင်ငံရေးပါတီတွေကို “ဥပဒေ/နည်းဥပဒေ/စည်းကမ်း” စတဲ့ နှောင်ကြိုးမျိုးစုံနဲ့ ဖိနှိပ်ထားရေးထဲမှာ အစ္စ လာမ်ဘာသာရေးဆရာတွေရဲ့မဲပေးမှုကို ပိတ်ပင်ကန့်သတ်တာတွေလုပ်လာမယ့် ခြေလှမ်းတွေမြင်နေရသလို၊ တစ်ပြည် လုံးမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက အာမခံ စပေါ်ငွေ ကျပ်သိန်းတစ်ထောင်(၁၀၀၀)နဲ့ ပြည်နယ်/တိုင်း ဒေသကြီးတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီငယ်တွေက ကျပ်သိန်းတစ်ရာ (၁၀၀)ကို ရွေး/ကော်(UEC)ထံ တင်ရမယ် ဆိုတဲ့ ကောလဟလကလည်း နိုင်ငံရေးပါတီတွေအကြားမှာ ပျံ့နေပါတယ်။ ဒါ့အပြင် ပြည်ပသံရုံးတွေ၊ အဲန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုကိုလည်း ချုပ်ချယ်ကန့်သတ်လာပါတယ်။

ဒီကိစ္စတွေကို (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့အခါ ရွေး/ကော်(UEC)အဖွဲ့ဝင် ဦးခင် မောင်ဦး ပြန်ဖြေတာက ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုမှာ စည်းရုံးမည့် ပါတီတွေအတွက် ငွေကြေး၊လူအင်အား၊ရုံးခန်း စတဲ့အချက်တွေပါ ပြန်လည်ပြင်ဆင်ပြီး သတ်မှတ်မယ်ဆိုတဲ့သဘော ဖြေသွားပါတယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ စတဲ့ ဥပဒေ/ နည်းဥပဒေ ပြင်ဆင်ရေးထဲမှာ အသစ်ထည့်သွင်းကွပ်ညပ်လာမယ့် စည်းကမ်းချက်တွေ ဖြစ် လာနိုင်ပါတယ်။

ဒါ့အပြင် ‘ဘူးလက်လှဆွေ’ ကလည်း ဗုဒ္ဓဘာသာရဟန်းသံဃာ ၅သိန်းခန့်ရှိတယ်။ ထိုရဟန်းသံဃာတွေကို မဲပေးလိုက မဲပေးနိုင်တဲ့ ဥပဒေတစ်ရပ်ကို အမိန့်နဲ့ပြဋ္ဌာန်းပေးဖို့ ဒီလိုသာ ပြဋ္ဌာန်းပေးမယ်ဆိုရင် အမျိုးဘာသာ၊ သာသ နာကို စောင့်ရှောက်မယ့်ပါတီတွေကို မဲပေးနိုင်လိမ့်မယ်လို့ နှပ်ကြောင်းပေးတာလည်း ကြားလိုက်ရပါတယ်။ ဒီလိုအ ပြောအဆိုတွေဟာ သွေးတိုးစမ်းရုံသက်သက်မဟုတ်ဘဲ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ လို့ ကြိမ်းဝါးထားတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုအနေ မိုက်မိုက်ကန်းကန်း လုပ်ချင်လည်း လုပ်လာနိုင်ပါတယ်။

ဒါတွေဟာ ရွေးကောက်ပွဲ(၂၀၂၃)အတွက် အကြမ်းဖက်(စကစ) စစ်အုပ်စုက ပြင်ဆင်နေတဲ့ လက်တွေ့လုပ် ငန်းနဲ့ ခြေလှမ်းတွေပဲဖြစ်ပါတယ်။ ဒါတွေအားလုံးကို နိုင်ငံရေးပါတီတွေ ပြင်ဆင်စဉ်းစားချိန်မရအောင် အချိန်ကပ်ပြီးမှ ကြေညာတာမျိုးလည်း လုပ်လာနိုင်ပါတယ်။

နောက်ထပ် ခြေလှမ်းတစ်ခုကတော့ (NCA)စာချုပ်ဘောင်ထဲကနေ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ မင်းအောင်လှိုင် ဆွေးနွေးနေတဲ့ ကိစ္စပါပဲ။

– “အခု ၁၀ဖွဲ့နဲ့ ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPP အဖွဲ့နဲ့ဆွေးနွေးတယ်။ ကျွန်တော် တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာ ဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့လက်ခံလား မေးတော့။ အကုန်လက်ခံတယ် ပြော တယ်။”

– “ကျွန်တော် ဒုတိယအကြိမ် ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့ ၁၀ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါ ဆွေးနွေးမယ်။ စက်တင်ဘာလကျလို့ရှိရင် တစ်ခါ သူတို့အားလုံးနဲ့ ပြန်တွေ့မယ်။ အဲ့ဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုး စားမယ်။ ဒီအတွက်တော့ ဘယ်လောက်ကြာမလဲ ကျွန်တော်မပြောနိုင်သေးဘူး။ အခြေခံသဘော တူညီချက်ရပြီးဖြစ် တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်”လို့ မင်းအောင်လှိုင်က(၁၆-၈-၂၀၂၂)ရက်နေ့က ကျင်းပတဲ့ (စကစ) အစည်းအဝေး (၇/၂၀၂၂) မှာပြောပါတယ်။

ဒီခြေလှမ်းက ဘာတွေကို ပြနေသလဲဆိုတော့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအကြံကြီးမှုကို ဖော်ပြနေပါတယ်။ ပထမခြေလှမ်းက မင်းအောင်လှိုင်ဟာ ၂၀၀၈ အခြေခံဥပဒေထဲက သူတို့ပြင်ဆင်စေလိုတာတွေ၊ လူမျိုးစုတိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပြင်ဆင်စေလိုတာတွေထဲက အကြမ်းဖက်(စကစ)စစ်အုပ်စုက လက်ခံနိုင်တဲ့အချက်တချို့၊ လူမျိုး စုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ အကြမ်းဖက်(စကစ)စစ်အုပ်စုတို့ ဆွေးနွေးရရှိထားတဲ့ သဘောတူညီ ချက်ဆိုတာတွေကို စုစည်းကာ ညောင်နှစ်ပင်ညီလာခံလို ညီလာခံတစ်ခုကို ကိန်းကြီးခန်းကြီးလုပ် ကျင်းပပြီး မော်ကွန်း တင်လက်မှတ်ထိုး ရယူထားပါလိမ့်မယ်။

ရှေ့နောက် တစ်ဆက်ထဲ ဒုတိယခြေလှမ်းက ရွေးကောက်ပွဲ (၂၀၂၃) ကျင်းပမယ်။ အဲဒီ ရွေးကောက်ပွဲ (၂၀၂၃)မှာ အနိုင်ရရှိလာတဲ့ နိုင်ငံရေးပါတီများနဲ့ ဖွဲ့စည်းမယ့် ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်က ဦးဆောင်တင် ပြပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူလိမ့်မယ်။

အခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်ရင် တပ်မတော်က တာဝန်သိသိနဲ့ အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပြီး ပြင်ဆင် ပေးတယ်ဆိုပြီးလည်း မင်္ဂလာယူပါလိမ့်မယ်။

ဒီခြေလှမ်းတွေဟာ တကယ်တော့ လူမျိုးစုတိုင်းရင်းသားတွေကို သူခိုးသေဖော်ညှိတာပဲ ဖြစ်တယ်။ အကြမ်း ဖက်(စကစ) စစ်အုပ်စုအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရိုကရေစီယန္တရားကို ပိုမိုခိုင်ခံ့အောင် ပိုမိုအဓွန့်ရှည်ကြာ အောင် ပြင်ဆင်မွမ်းမံတာဖြစ်တယ်။

မင်းအောင်လှိုင်တို့ အကြမ်းဖက်(စကစ) စစ်အုပ်စုကပြောနေတဲ့ လူမျိုးစုတိုင်းရင်းသားတွေကို နိုင်ငံရေးစင်မြင့် ဆိုတဲ့ “လွှတ်တော်” ထဲရောက်ဖို့ဆိုတာဟာ လက်နက်ကိုင်အင်အားစုတွေအတွက်တော့ ပထမဦးစွာ စစ်အုပ်စုထံ လက် နက်အပ်ရမယ်။ ပြီးတဲ့အခါ ဖိနှိပ်မှုမျိုးစုံနဲ့ updated လုပ်ပြီးပြဋ္ဌာန်းလာမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ အညီ မှတ်ပုံတင်ရမယ်။ ဒါမှသာ တရားဝင် နိုင်ငံရေးလုပ်ခွင့်ရှိမယ် (ဝါ) စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီကို ရရှိ ခံစားနိုင်မယ်။ ရွေးကောက်ပွဲမှာ ဝင်ပြီးယှဉ်ပြိုင်ရမယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရမှသာ လွှတ်တော်ထဲရောက်မယ်။

၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာကို နိုင်ငံရေးရှုထောင့်၊ ဥပဒေရှုထောင့် စတဲ့ ရှုထောင့်ပေါင်းစုံကနေ ရှင်းလင်း ပြခဲ့ကြပါပြီ။ ၂၀၀၈ အခြေခံဥပဒေဆိုတာ “ကာချုပ်နဲ့စစ်အုပ်စု”ကသာ အရာရာကို ထင်သလိုပိုင်စိုးနိုင်တဲ့ ဥပဒေသာ ဖြစ်တယ်။ စစ်အုပ်စုဟာ လက်တစ်ဖက်မှာ သေနတ်၊ အခြားလက်တစ်တစ်ဖက်မှာ ၂၀၀၈ အခြေခံဥပဒေကို ကိုင်ပြီး စစ် တပ်ကို ခါးပိုက်ဆောင်ထားတယ်။ ရွေး/ကော်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/နည်းဥပဒေတွေကို ခါးပိုက် ဆောင်ထားတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးပါတီတွေဆိုတာ စစ်အုပ်စုလက်ခုပ်ထဲက ရေပဲဖြစ်တယ်။ အချိန်မ ရွေး သွန်လိုသွန်၊ မှောက်လိုမှောက် စိတ်ကြိုက်လုပ်နိုင်တယ်။ စစ်အုပ်စုက သေနတ်ကိုင်ပြီး အကြမ်းဖက်ဖိနှိပ်တာ မှန် သမျှကို ၂၀၀၈ အခြေခံဥပဒေနဲ့ အခြား တည်ဆဲဥပဒေအရပ်ရပ်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုပြီး “ဥပဒေနဲ့ညီညွတ်တယ်”လို့ စစ် အုပ်စုကပြောနေတာ ဖြစ်တယ်။

ဒါ့အပြင် “စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗြူရိုကရေစီယန္တရား၊ ၂၀၀၈အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေ အရပ် ရပ်” ဆိုတာတွေကို ဆန့်ကျင်တော်လှန်ပုန်ကန်ရင် “အကြမ်းဖက်မှု” လို့ စစ်အုပ်စုက ကျားကျားမီးယပ် စွပ်စွဲမှာပဲဖြစ် တယ်။

အခုလည်း အကြမ်းဖက်သမား မင်းအောင်လှိုင်က “မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြု လုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခြေအနေများကို ရောက်ရှိလာရခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ၊ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင် ရွက်နေမည်ဆိုပါက တည်ငြိမ်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း နိုင်ငံရေးအရ ဖြေရှင်းခြင်း မရှိဘဲ အကြမ်းဖက်လုပ်ဆောင် လာပါက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမယ်” လို့ပြောနေတာဟာ လိမ်ညာမှုတစ် ဝက်၊ စိန်ခေါ်ခြိမ်းခြောက်မှုတစ်ဝက်နဲ့ သူခိုးလူလိမ်က လိမ်ညာအော်ဟစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့အထိ တိုင်းပြည်နဲ့အဝန်းမှာ (ငြိမ်းချမ်းစွာဆန္ဒပြမှုမှ လက်နက်ကိုင်တော်လှန်ရေးသို့) တဆင့်ပြီးတဆင့် အရှိန်အဟုန်နဲ့ ပေါ်ပေါက်ဖြစ်ပွားလာခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ (၁-၂-၂၀၂၁)ရက်နေ့ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာ သိမ်းပိုက်မှုကြောင့် တိုက်ရိုက် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ ဖြစ်စဉ်များသာဖြစ်ပါတယ်။

ကျနော်တို့အင်အားစုတွေ (လက်နက်ကိုင်အင်အားစုနဲ့ နိုင်ငံရေးပါတီတွေ)ဟာ (စကစ) စစ်အုပ်စုနဲ့ စစ်အုပ်စု ရဲ့ လုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ပါပူးပေါင်းပြီး လုပ်ဆောင်တာမျိုးဟာ ကိုယ့်လည်ပင်းကို ချည်နှောင်မယ့် ကြိုးကို ကူညီပြီး ကျစ်ပေးတာမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ (၂၀၂၃)ဟာ အကြမ်းဖက်(စကစ) စစ်အုပ်စုအတွက် သေရေရှင် ရေးထွက်ပေါက် ဖြစ်တယ်။ ကျနော်တို့အင်အားစုတွေအားလုံးအတွက်လည်း ရွေးကောက်ပွဲ(၂၀၂၃)ဟာ ပြတ်ပြတ်သား သား တိုက်ဖျက်ပစ်ရမယ့် လက်တွေ့လုပ်ငန်းပဲ ဖြစ်ပါတယ်။