မေလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့ အနောက်ဘက်ရှိ မုက္ကဒိနှင့် ဖားနွဲ့ကျွန်းရွာကို ဆက်သွယ် ထားသည့် လူကူးကြိုးတံတား (ခေါ် ) အိပ်မက်တံတားပေါ်တွင် သုံးဘီးယာဉ်များ ကုန်အဆမတန်တင်ကာ ဖြတ်သန်းသွားမှုကြောင့် တံတားကြမ်းခင်းများ ကျိုးကျပြီ: ပျက်စီး ပြိုကျသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တံတားပေါ်တွင် သုံ:ဘီးယာဉ်၊ ကျွဲနွားများဖြတ်သန်းသွားလာခြင်းမပြု ရန်နှင့် ဘေးတွဲယာဉ်များ ရေသန့်ပုံး ၁၀ ပုံးထက်ကျော်လွန်သော ဝန်အလေးချိန် များကို ဖြတ်သန်းသွားခွင့်မပြုရန် စသည့် စည်းကမ်းချက်များဖြင့် တားမြစ်ထား သော်လည်း ယခုမေလမှစ၍ သုံးဘီးယာဉ်ပေါ်တွင် သတ်မှတ်အလေးချိန်ထက် အဆမတန်ကုန်ပစ္စည်းများ တင်ပြီး ဖြတ်သန်းသွားလာနေသောကြောင့် တံတား အောက်ဘက် ကြမ်းခင်းများကျိုးကျနေပြီဟု ဒေသခံရွာသားများက ပြောသည်။
ဖားနွဲ့ကျွန်းနေ ရွာသားတစ်ဉီ:က “သေရေးရှင်ရေးကိစ္စဆို ဖြတ်ရင်မပြောတော့ဘူး။ အခုဟာက အမြဲလိုလိုပဲ နေ့ရော၊ ညရောခိုးပြီးဖြတ်နေတော့ တံတားက ဘယ်သွား ခံနိုင်မလဲ။ ဒါတောင်တံတားရှေ့မှာ စည်းကမ်းချက်တွေ တားမြစ်တားတာရှိတယ်။ ပထမတစ်ခါဖြစ်ပြီ:ပြီ၊ လူကြီးတွေပြောလို့ ငြိမ်သွားသေးတယ်။ အခုမှ နောက်တစ်ခါ ထပ်ဖြစ်တာ။ ခုလိုစည်းကမ်းမလိုက်နာရင်တော့ ကြာလာရင်တံတားက ခိုင်မာမ ဟုတ်ဘူး” ဟု ပြောသည်။
ကျေးရွာဒေသခံများ အလုပ်အကိုင်အဆင်ပြေချော့မွေ့စေရန်နှင့် လမ်းပန်းဆက် သွယ်ရေးများ အခက်အခဲမရှိဘဲ သွားလာနိုင်ရန် ဖားနွဲ့ကျွန်းနှင့် မုက္ကဒိကျေးရွာ ချင်းဆက်လူကူးကြိုးတံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ယခင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေ:မြင့်ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ခဲ့သည်။



















