Home သတင်း ၁၇ကြိမ်‌မြောက် KNU ကွန်ဂရက် ကိုဗစ်‌ကြောင့် ဆက်လက်‌ရွှေ့ဆိုင်းထားဆဲ

၁၇ကြိမ်‌မြောက် KNU ကွန်ဂရက် ကိုဗစ်‌ကြောင့် ဆက်လက်‌ရွှေ့ဆိုင်းထားဆဲ

1590

စက်တင်ဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌လေးနှစ်တစ်ကြိမ် ကျင်းပရမည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ်‌မြောက် ကွန်ဂရက်မှာ သတ်မှတ်ချိန် ထက် (၆)လ‌ကျော်လာပြီးဖြစ်‌သော်လည်း လတ်တ‌လော ကိုဗစ်ကူးစက်မှုမှာ ဆက်လက်မြင့်မား‌နေဆဲဖြစ်၍ မကျင်းပ နိုင်‌သေး‌ကြောင်း ကွန်ဂရက်ဖြစ်‌မြောက်‌ရေး‌ကော်မတီထံမှ သိရသည်။

ဗဟိုအဆင့် ကျင်းပရသည့် ယင်းကွန်ဂရက်ကြီးကို ယခုနှစ် ၂၀၂၁၊ မတ်လတွင် ကျင်းပရမည်ဖြစ်ပြီး ကိုဗစ်ကပ်‌ရောဂါ ကူးစက်မှုနှင့် ‌ဒေသတွင်း စစ်‌ရေးပဋိပက္ခ အ‌ခြေအ‌နေများ‌ကြောင့် ဇွန်လတွင်ပြုလုပ်ရန် ထပ်မံစီစဉ်ခဲ့‌သော်လည်း လက် ရှိတွင် KNU ၏ ခရိုင်၊ မြို့နယ် အသီးသီး၌ ကိုဗစ်ကူးစက်မှုများ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်‌သော‌ကြောင့် ကျင်းပနိုင် ရန် ‌စောင့်ကြည့်‌နေရ‌ကြောင်း ကွန်ဂရက်ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စောဆဲပွယ်က ယခုလို ‌ပြောသည်။

“ပွင့်လင်းရာသီ‌ရောက်ရင် လုပ်မလားလို့‌ပြောကြည့်‌တော့ အခုက ခရိုင်‌တွေမှာ ကိုဗစ်ကူးစက်ခံ‌နေရတာ‌တွေ ရှိ‌နေ တယ်။ ကျ‌နော်တို့ဘက်မှာလည်း ‌တော်‌တော်‌လေး ဖြစ်‌နေ‌တော့ ကျ‌နော်တို့အ‌နေနဲ့ အဲ့ကိစ္စကို ‌စောင့်ကြည့်‌နေတယ်။ ဖြစ်နိုင်ရင်‌တော့ အမြန်ဆုံးလုပ်ချင်တယ်။ လိုက်ပြီး တီး‌ခေါက်ကြည့်‌တော့ ကိုဗစ်‌ကြောင့် မလုပ်ပါ‌သေးနဲ့အုံးဆိုပြီး‌တော့ ပဲ အသံ‌တွေ ထွက်လာတယ်။”ဟု ပဒို‌စောဆဲပွယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကွန်ဂရက်ကို တက်‌ရောက်ရမည့် ခရိုင်အလိုက် ကိုယ်စားလှယ်အချို့မှာလည်း ကိုဗစ်ကူးစက်ခံထားရခြင်း၊ ကိုဗစ်‌ကြောင့် သွားလာ‌ရေး အခက်အခဲရှိခြင်းများ‌ကြောင့် ကျင်းပသွားနိုင်မည့်အချိန်ကိုပင် အတိအကျ‌ပြောဆိုရန် ခက်ခဲ‌နေ‌သေးပြီး လာမည့် နိုဝင်ဘာလအတွင်း ကျင်းပနိုင်ရန် ‌မျှော်လင့်ထား‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု‌ကြောင့် ဖြစ်‌ပေါ်လာသည့် နိုင်ငံ‌ရေး အခက်အခဲများနှင့် KNU နယ်‌မြေအတွင်း တစ်‌ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား‌နေသလို လုံခြုံ‌ရေးအရ ‌ဒေသအသီးသီးမှ ‌ခေါင်း‌ဆောင်များ သွားလာ‌ရေး အခက်အခဲရှိ‌နေခြင်း‌ကြောင့်လည်း ကွန်ဂရက်မ‌ခေါ်နိုင်‌သေးခြင်း ဖြစ်သည်။

KNU ကွန်ဂရက်နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပရှိ ကရင်လူထုအကြား ‌ဝေဖန်မှုများရှိ‌နေပြီး ‌ခေါင်း‌ဆောင်အ‌ပြောင်းအ လဲကို လိုလားသည့် ထုတ်ပြန်‌တောင်းဆိုမှုများလည်း ‌ပေါ်ထွက်လာခြင်း‌ကြောင့် KNU အ‌နေဖြင့် ကွန်ဂရက် မကျင်းပ နိုင်‌သေးသည့် အ‌ခြေအ‌နေကို သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များနှင့် ကရင်ပြည်သူလူထု နားလည်သိရှိရန် ထုတ်ပြန်အသိ ‌ပေးသင့်‌ကြောင့် ‌လေ့လာသုံးသပ်သူတစ်ဦးက ယခုလို ‌ပြောဆိုသည်။

နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ‌စောကပီက “တစ်ဖက်ကဆိုရင် နိုင်ငံ‌ရေး အခက်အခဲ‌တွေရှိတဲ့အတွက် ကျင်းပနိုင်ခြင်း မရှိ ‌သေးဘူး။ တစ်ဖက်ကဆိုရင် ဒီနိုင်ငံ‌ရေး အခက်အခဲ‌တွေ‌ကြောင့် ပြည်သူလူထု‌တွေက ကွန်ဂရက်ကို ကျင်းပ‌စေချင်ကြ တယ်။ အဲ့ဒါ‌ကြောင့် ကွန်ဂရက် လုပ်၊ မလုပ်နဲ့ ဘယ်‌တော့လုပ်မလဲဆိုတာက ‌ခေါင်း‌ဆောင်‌တွေက အဖွဲ့အစည်းရဲ့ လမ်း ညွန်ချက်အတိုင်း ဆုံးဖြတ်ရမယ်။ ဒါ‌ပေမဲ့ အဖွဲ့အစည်း‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ သူတို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို‌တော့ အသိ‌ပေးဖို့ လိုအပ်ပါမယ်။ အဲ့ဒါမှ ပြည်သူလူထုအကြားမှာ ဇ‌ဝေဇဝါဖြစ်တဲ့ဟာ‌တွေ၊ စိုးရိမ်စိတ်‌တွေ မရှိ လာမှာဖြစ်တယ်။”ဟု ‌ပြောဆိုသည်။

လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းဖြစ်စဉ်၏ နိုင်ငံ‌ရေး အကြပ်အတည်းကာလတွင် KNU ထိပ်ပိုင်း‌ခေါင်း ‌ဆောင်တချို့၏ ကိုယ်ပိုင်ရပ်တည်ချက် သ‌ဘောထားများ ထွက်‌ပေါ်လာခြင်းအ‌ပေါ် ကရင်အသိုင်းအဝိုင်းတချို့က KNU ထိပ်ပိုင်း‌ခေါင်း‌ဆောင်တချို့ကို ‌ပြောင်းလဲရန်လိုလားကြသည့် သ‌ဘောထားကို ယခင်လက ထုတ်ပြန်‌တောင်းဆိုခဲ့ကြ သည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁)လည်းဖြစ်သူ ပဒို‌စောဆဲပွယ်က “အခုသွား‌နေတဲ့ နိုင်ငံ‌ရေးလုပ်ငန်းတို့၊ စစ်‌ရေးလုပ်ငန်း တို့၊ အုပ်ချုပ်‌ရေးလုပ်ငန်းတို့အ‌ပေါ်‌တော့ ကြီးကြီးမားမား သက်‌ရောက်မယ် မထင်ဘူး။ ဘယ်သူပဲတက်တက် ဒီအလုပ် ‌တွေကို ဆက်လုပ်ရမဲ့သ‌ဘောက‌တော့ ရှိတယ်။ ဒီ တာဝန်ယူမဲ့သူ‌တွေကလည်း အများကြီး မရှိပါဘူး။ ကြီးမားတဲ့ အ‌ပြောင်းအလဲလည်း ရှိလာမှာ မဟုတ်ပါဘူး။ ရှိလာနိုင်တာက ဥက္ကဌတို့၊ အတွင်း‌ရေးမှူးတို့‌လောက်ပဲ။ ဒါကလည်း ရှိချင်မှလည်း ရှိမယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၁၆ကြိမ်‌မြောက် KNU ကွန်ဂရက်အပြီး ‌ရွေး‌ကောက်ပွဲတွင် ဗဟိုအမြဲတမ်း‌ကော်မတီကို ၅၅ဦး ‌ရွေးချယ်ခဲ့ကြ ပြီး ထိုအထဲမှ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေဖိုး၊ ဒုဥက္ကဌအဖြစ် ပဒို‌စောကွယ်ထူးဝင်းနှင့် အ‌ထွေ‌ထွေအတွင်း‌ရေး မှူး ပဒို‌စောတာဒို့မူး အပါအဝင် အတွင်း‌ရေးမှူး သုံးဦးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ကိုယ်စားလှယ်များက ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ကြသည်။ ၎င်းထိပ်ပိုင်း‌ခေါင်း‌ဆောင်ငါးဦး အပါအဝင် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၁၁ဦး ရှိသည်။

ဩဂုတ်လ ၁ဝရက်‌နေ့ကလည်း KNU ဗဟို‌ခေါင်း‌ဆောင်များ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှုအ‌ပေါ် အယုံအကြည်မရှိ‌တော့ ‌သော‌ကြောင့် လက်ရှိ ရာထူးမှ ချက်ချင်းနုတ်ထွက်ကြရန် နိုင်ငံတကာကရင်အဖွဲ့အစည်း(IKO)က လက်မှတ်ထိုး ‌တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခု ထွက်‌ပေါ်ခဲ့‌သေးသည်။

KNU ဖွဲ့စည်းပုံအရ ဗဟိုအဆင့် အစည်းအရုံးတစ်ခုလုံး၏ ကွန်ဂရက်ကို သတ်မှတ်ကာလအတွင်း ကျင်းပနိုင်ခြင်းမရှိပါ က ကွန်ဂရက်ကို ၂နှစ်ထက်မပိုဘဲ ‌ရွှေ့ဆိုင်းနိုင်‌သော်လည်း လက်ရှိ KNU ‌ခေါင်း‌ဆောင်များအ‌နေဖြင့်လည်း အမြန်ဆုံး လုပ်‌ဆောင်သွားလို‌ကြောင်းနှင့် ကိုဗစ်အ‌ခြေအ‌နေ‌ကြောင့်သာ ‌ရွှေ့ဆိုင်းထားရခြင်းဖြစ်‌ကြောင်း ‌ပြောဆို‌နေကြသည်။

KNU ၏ ဖွဲ့စည်းပုံထဲတွင် ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက်များကို ၄နှစ်တစ်ကြိမ်နှင့် ‌ကျေးရွာအဆင့်ကို ၂နှစ် တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ သို့‌သော် နိုင်ငံ‌ရေးနှင့် စစ်‌ရေး အ‌ခြေအ‌နေများအရ ဗဟိုအမြဲတမ်း ‌ကော်မတီဝင်များ ၏ ၇ဝရာခိုင်နှုန်း ‌ထောက်ခံမှုဖြင့် ကွန်ဂရက်ကို ‌ရွှေ့ဆိုင်းနိုင်သည်ဟု ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်။