Home သတင်း ပြည်နယ်ရှိ မြို့ကြီးများတွင် ‌မော်‌တော်ယာဉ် မှန်စ‌တေကာအမဲ မတပ်ဆင်ရန် စစ်‌ဆေးသတိ‌ပေး

ပြည်နယ်ရှိ မြို့ကြီးများတွင် ‌မော်‌တော်ယာဉ် မှန်စ‌တေကာအမဲ မတပ်ဆင်ရန် စစ်‌ဆေးသတိ‌ပေး

1729

စက်တင်ဘာ ၁၃၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် ‌မော်‌တော်ယာဉ်သုံးစွဲသည့် ပြည်သူများအ‌နေဖြင့် မှန်စ‌တေကာ အမဲ မတပ်ဆင်ရန် စစ်‌ကောင်စီက စစ်‌ဆေးသတိ‌ပေးမှုများ ပြုလုပ်‌နေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ‌ပြောသည်။

အဆိုပါ ‌မော်‌တော်ယာဉ်များတွင် မှန်စ‌တေကာအမဲ တပ်ဆင်ထားခြင်းရှိမရှိ စစ်‌ဆေးခြင်းကို စက်တင်ဘာ ၁၃ ရက်‌နေ့ တွင် ဖားအံ၊ ‌ကော့ကရိတ်၊ မြဝတီ မြို့များတွင် ပြုလုပ်‌နေခြင်းဖြစ်‌ကြောင်း ကိုယ်တိုင်ကြုံ‌တွေ့ခဲ့ရသူ တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ စစ်‌ဆေးရာတွင် ‌မော်‌တော်ယာဉ်၌ မှန်စ‌တေကာအမဲ တပ်ဆင်ထားပါက ဖြုတ်သိမ်းခိုင်း‌ကြောင်း ပထမ အကြိမ် စစ်‌ဆေးသတိ‌ပေးပြီး‌နောက် ဆက်လက်တပ်ဆင်ထားပါက ထိ‌ရောက်စွာ အ‌ရေးယူမည်ဟု စစ်‌ကောင်စီ အဖွဲ့ဝင်များက ‌ပြော‌ကြောင်း အစစ်ခံရသူတဦးက ‌ပြောသည်။

ယခုလို ‌မော်‌တော်ယာဉ် မှန်စ‌တေကာအမဲ တပ်ဆင်ခြင်းမပြုရန် တားမြစ်ခြင်းမှာ လုံခြုံ‌ရေးအရဟု သိရပြီး လွန်ခဲ့ သည့် ရက်ပိုင်းက ဖားအံမြို့တွင် စစ်‌ကောင်စီသတင်း‌ပေးဟု နာမည်ကြီးသူတစ်ဦး ‌သေနတ်ဖြင့် အပစ်ခံရခြင်းနှင့် မြဝတီမြို့‌ပေါ်တွင် အမျိုးသမီးတစ်ဦး ‌သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်စဉ်များနှင့်လည်း ဆက်စပ်နိုင်‌ကြောင်း သုံးသပ် ‌ပြောဆိုမှုများ ထွက်‌ပေါ်လျက်ရှိသည်။

“ ဗုံး‌ထောင်၊ ‌သေနတ်ပစ်တဲ့သူ‌တွေက ကားမှန်အမဲနဲ့မှ မဟုတ်ပါဘူး။ ဆိုင်ကယ်‌တွေနဲ့‌ရော ကားနဲ့‌ရော ကြုံသလို လှုပ်ရှား‌နေကြတာကို သတင်း‌တွေထဲမှာ ‌တွေ့‌နေရပါတယ်” ဟု မြို့ခံတဦးက ‌ပြောသည်။

ပြည်နယ်အတွင်းရှိ ‌မော်‌တော်ယာဉ် သုံးစွဲသူအများပြည်သူများအ‌နေဖြင့် ယာဉ်ရပ်နားထားစဉ် ‌နေမပူရန်အတွက် မှန်စ‌တေကာအမဲများ တပ်ဆင်အသုံးပြု‌လေ့ရှိသည့်အတွက် လုံခြုံ‌ရေး‌ကြောင့် မသုံးစွဲရန်တားမြစ်ခြင်းမှာ မဖြစ် သင့်ဟု ‌ဝေဖန်မှုများလည်း ရှိ‌ကြောင်း မြို့ခံများထံမှ သိရသည်။