Home သတင်း ကျပ်‌ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှု‌ကြောင့် ထိုင်းကုန်စည် တင်သွင်းရန် ကုန်သည်များ ‌စောင့်ကြည့်‌နေ

ကျပ်‌ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှု‌ကြောင့် ထိုင်းကုန်စည် တင်သွင်းရန် ကုန်သည်များ ‌စောင့်ကြည့်‌နေ

2164

စက်တင်ဘာ ၁၁၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်‌ရေးတွင် ယခုရက်ပိုင်းအတွင်း မြန်မာ ကျပ်‌ငွေတန်ဖိုး ဆက်တိုက် ကျဆင်း‌နေမှု‌ကြောင့် ထိုင်းကုန်စည် တင်သွင်းရန် နယ်စပ်ကုန်သည်များ အ‌ခြေအ‌နေ‌စောင့်ကြည့်‌နေရသည်ဟု မြဝတီနယ်စပ်ကုန်သည်များ အသင်းဥက္ကဌ ‌ဒေါ်သင်းသင်းမြတ်က ‌ပြောသည်။

နယ်စပ်‌ငွေ‌ကြေး‌ဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာကျပ်‌ငွေ တစ်သိန်းလျှင် ထိုင်းဘတ်‌ငွေ နှစ်‌ထောင်ဝန်းကျင်ရှိရာမှ ယခု စက်တင်ဘာ ၁၁ ရက်‌နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၁၆၈ဝ ထိသာ ရှိ‌တော့သည့်အတွက် မြန်မာကျပ်တန်ဖိုး ထိုးကျသည့် အ‌ခြေအ‌နေသို့ ‌ရောက်ရှိ‌နေ‌ကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ ယခင် ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံထုတ် ပဲလွန်းဆီ ၁ လီတာဗူး (၁)ဖာလျှင် ထိုင်းဘတ်‌ငွေ ၅၀ဝ ခန့် မြန်မာကျပ်‌ငွေ ၂၅,၀၀ဝ ဝန်းကျင်ရှိရာမှ ယခုရက်ပိုင်းအတွင်း မြန်မာ‌ငွေ‌ဈေး ကျမှု‌ကြောင့် နယ်စပ်‌ဈေးကွက်မှာပင် ကျပ် ၃၂,၀၀ဝ ခန့်‌ပေး၍ ဝယ်‌နေရသည်ဟု နယ်စပ်ကုန်သည်များက ‌ပြောဆိုသည်။
ယခုလို ကျပ်‌ငွေတန်ဖိုး ထိုးကျမှု‌ကြောင့် ထိုင်းကုန်စည်များကို ‌ဈေးကြီး‌ပေးဝယ်‌နေရသလို အကျိုးဆက်အ‌နေဖြင့် ပြည်တွင်း၌ ထိုင်းကုန်စည်များ ‌ဈေးနှုန်းကြီးမြင့်လာသည်ဟု မြဝတီမြို့ခံများက ‌ပြောသည်။

“ မြဝတီမြို့မှာက ဟင်းသီးဟင်းရွက်ကစပြီး အဆင့်မြင့် လူသုံးကုန်ပစ္စည်း‌တွေအထိ ထိုင်းက‌နေ ဝယ်ယူဖြန့်ဖြူး ‌ရောင်းချတာ များတယ်။ ယခုလို မြန်မာ‌ငွေ‌ဈေး အဆမတန် ကျဆင်းလာ‌တော့ ကုန်‌ဈေးနှုန်းမြင့်တက်လာတယ်။ ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်‌ငွေမရှိတဲ့ အ‌ခြေခံလူတန်းစား‌တွေ အ‌တော်‌လေး အခက်အခဲရှိ‌နေတယ်” ဟု မြဝတီမြို့ခံ ကိုဝင်း‌ဇော်က ‌ပြောသည်။

ယခုလို ‌ငွေ‌ကြေး‌ဈေးကွက် မတည်မငြိမ် ဖြစ်‌နေပြီး မြန်မာကျပ်‌ငွေ တန်ဖိုး အဆမတန်ကျဆင်းမှု ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့‌ကြောင်း မြဝတီ‌ငွေ‌ကြေးလဲလှယ်‌ရေး‌ဈေးကွက် လုပ်‌ဆောင်‌နေသူများထံမှ သိရသည်။