Home သတင်း ‌ကော့ကရိတ်မြို့နယ်အတွင်း စား‌သောက်ကုန်များ ‌ဈေးနှုန်းမြင့်တက်လာ၊ လူထုစားဝတ်‌နေ ‌ရေး ခက်ခဲ‌နေ

‌ကော့ကရိတ်မြို့နယ်အတွင်း စား‌သောက်ကုန်များ ‌ဈေးနှုန်းမြင့်တက်လာ၊ လူထုစားဝတ်‌နေ ‌ရေး ခက်ခဲ‌နေ

1265

စက်တင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့တွင် စား‌သောက်ကုန်များ၏ ‌ဈေးနှုန်းများမှာ ယခင်ကထက် မြင့်တက်လာသည့်အတွက် ‌ကျေးလက်နှင့် မြို့တွင်း ‌နေထိုင်သူများမှာ စားဝတ်‌နေ‌ရေးအတွက် ပိုမို ရုန်းကန်ကြရသည့် အခက်အခဲများဖြစ်‌နေကြသည်ဟု ‌ဒေသ တွင်း သတင်းများအရ သိရှိရသည်။

မြို့ခံ‌ဈေးသည်တစ်ဦးက “‌ဈေးက‌တော့ အရင်လို ‌ရောင်းမ‌ကောင်း‌တော့ဘူး‌ပေါ့‌နော်။ ဘာလို့ဆို ကိုဗစ်နဲ့ ကုန်‌ဈေးနှုန်း ‌တွေ တက်လာတဲ့အတွက်‌ကြောင့်‌ပေါ့‌နော်။ အရင်က ဆီ ၁လီတာဗူးဆိုရင် ၁၀၀၀‌ကျော်ပဲ ‌ရောင်းတယ်။ အခုက ၂၇၀ဝ နဲ့ ‌ရောင်းရတယ်‌ပေါ့‌နော်။ ဆားတို့လည်း ဒီလိုပဲ။ အရင်က တစ်တွဲကို ၁၈၀ဝ နဲ့ပဲ‌ရောင်းတယ်။ အခု ၂၂၀ဝနဲ့ ‌ရောင်း တယ်‌ပေါ့‌နော်။ ဒီအခု‌နောက်ပိုင်း ‌ဈေး‌တွေက အကုန်တက်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ပြည်တွင်းထုတ်ကုန် ကြက်သွန် အပါအဝင် မာမား‌ခေါက်ဆွဲ‌ခြောက်၊ သကြား၊ ပဲနို့ စသည့် ထိုင်းနိုင်ငံမှ တင် သွင်းလာသည့် စား‌သောက်ကုန်များမှာလည်း ဇူလိုင်လကတည်းက ‌ဈေးနှုန်းမြင့်တက်လာခဲ့သည်။

သို့‌သော် ‌ဒေသခံများ၏ ခြံထွက်သီးနှံများဖြစ်သည့် သံပုရာသီး၊ ‌ရှောက်သီး၊ ကျွဲ‌ကောနှင့် ငှက်‌ပျောသီး စသည်တို့မှာမူ ယခင်နှစ်များကဲ့သို့ ‌ရောင်းချရန် ‌ဈေးကွက်မရှိဘဲဖြစ်‌နေသည်ဟု ခြံစိုက်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုလို ကိုဗစ်ကာလတွင် ကိုဗစ်ညွှန်ကြားချက်နှင့်အညီ အသွားအလာ ကန့်သတ်မှုရှိသလို စစ်တပ်က အာဏာသိမ်းပြီး ၈လခန့်အကြာတွင် ‌ဒေါ်လာ‌ဈေး အဆမတန် မြင့်တက်မှု‌ကြောင့် ‌ဈေးဆိုင်များရှိ ကုန်ပစ္စည်းများမှာလည်း ယခင်က ထက် ‌ဈေးနှုန်းမြင့်တက်လာကာ ဝယ်သူနည်းလာသဖြင့် ‌ဈေး‌ရောင်းမ‌ကောင်း‌ကြောင်း ‌ကော့ကရိတ်မြို့ရှိ ‌ဈေးသည် တစ်ဦးက ‌ပြောသည်။

အာဏာဖီဆန်‌ရေး လှုပ်ရှားမှု(CDM)လုပ်ထားသူ ‌ကျောင်းဆရာမတစ်ဦးက “အရင်ကထက်‌တော့ စားဝတ်‌နေ‌ရေး ကြပ် တည်းခက်ခဲလာတယ်။ ဝင်‌ငွေနည်းပြီး ထွက်‌ငွေက များ‌နေတယ်‌ပေါ့‌နော်။ စီးပွား‌ရေးကလည်း အရင်လို မ‌ကောင်းဘူး။ ဒီလိုသာ ကြာကြာဖြစ်‌နေမယ်ဆိုရင် ကျမတို့လို အ‌ခြေခံလူတန်းစား‌တွေအတွက် အဆင်မ‌ပြေ‌တော့ဘူး။”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ကိုဗစ်‌ရောဂါ‌ကြောင့် ‌ကော့ကရိတ်မြို့မ‌ဈေးကြီးကို စတင် ပိတ်ထားခဲ့ရာမှ စက်တင်ဘာလ ၁၃ ရက်‌နေ့တွင် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့ စည်ပင်သာယာ‌ရေး အဖွဲ့က ထုတ်ပြန်‌ကြေညာထားသည်။

‌ကော့ကရိတ်မြို့တွင် အနီးဝန်းကျင်ရှိ ‌ကျေးရွာများမှ ‌ဈေးဝယ်လာသူများကို တစ်လ (သို့) လဝက်လျှင် ၃ရက်ခန့် ‌ဈေး ဝယ်နိုင်ရန် သွားလာခွင့်ပြုပြီး မြို့တွင်းရှိ ရပ်ကွက်‌နေပြည်သူများကိုမူ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပုံမှန် ‌ဈေးဝယ် သွားလာခွင့်ပြုထားသည်ဟု သိရှိရသည်။