Home သတင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄,၀၀ဝ ဦးကို ကိုဗစ် ကာကွယ်‌ဆေး ထိုး‌ပေးမည်

မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄,၀၀ဝ ဦးကို ကိုဗစ် ကာကွယ်‌ဆေး ထိုး‌ပေးမည်

1272

စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်း၌ လာမည့် စက်တင်ဘာ ၂ဝ ရက်‌နေ့တွင် စခန်းအတွင်းရှိ ဒုက္ခသည် ၄,၀၀ဝ ဦးကို ကိုဗစ်ကာကွယ်‌ဆေး ကနဦးထိုးနှံ‌ပေးသွားမည်ဟု စခန်းဥက္ကဌ ‌စော‌အောနက်က ‌ပြောသည်။

ကာကွယ်‌ဆေးထိုး‌ပေးရန်အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကျန်းမာ‌ရေး တာဝန်ရှိသူများ၊ စခန်းအတွင်းရှိ ကျန်းမာ ‌ရေး အဖွဲ့အစည်းများ၊ လုံခြုံ‌ရေးအဖွဲ့အစည်းများနှင့် စခန်းတာဝန်ရှိသူများ ကာကွယ်‌ဆေး ထိုးနှံ‌ရေးအစည်အ‌ဝေးကို စက်တင်ဘာ ၁၅ ရက်‌နေ့တွင် ကျင်းပခဲ့ပြီး‌နောက် စခန်းရှိသူများကို အုပ်စု ၃ စု ခွဲကာ လူဦး‌ရေ ၄,၀၀ဝ ကို ကနဦး ထိုးနှံ‌ပေးသွားမည်ဟု စခန်းဥက္ကဌ ‌စော‌အောနက်က ယခုလို‌ပြောသည်။

“ ဒီအစီအစဉ်က ဘုရင့် သမီး‌တော်က‌နေ လှူတာ။ ပထမဦးဆုံးအ‌နေနဲ့ လူဦး‌ရေ ‌လေး‌ထောင်ကို ‌ရွေးချယ် လိုက် တယ်။ အဲ့ဒါလူစာရင်းကလည်း စခန်းတွင်းက IRC မှာ စာရင်း‌ကောက်ထားပြီးသား။ အဲ့မှာ သုံးအုပ်စု ခွဲထား တာ‌ပေါ့။ ပထမက အသက် ၆ဝ အထက် လူအုပ်စုနဲ့ နာတာရှည်‌ရောဂါသည်အုပ်စုရယ် ‌နောက်ကိုယ်ဝန်‌ဆောင် အုပ်စုဆိုပြီး ‌ရွေးချယ် ထိုး‌ပေးသွားမယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ကာကွယ်‌ဆေး ထိုး‌ပေးမည့်သူများကို ယ‌နေ့ စက်တင်ဘာ ၁၇ ရက်‌နေ့တွင် လိုက်လံ အသိ‌ပေး ထားလိုက်ပြီးဖြစ်သလို စက်တင်ဘာ ၂ဝ ရက်တွင် စခန်းရှိ ကျန်းမာ‌ရေး တာဝန်ရှိသူများက ဦး‌ဆောင် ထိုးနှံ‌ပေး သွားမည် ဖြစ်သည်။

လက်ရှိ စခန်းအတွင်း ‌နေထိုင်သူ လူဦး‌ရေမှာ သုံး‌သောင်းဝန်းကျင်ခန့်ရှိသလို လူ ၄,၀၀ဝ ဦးကို ကနဦး ထိုးနှံ‌ပေးပြီး ‌နောက် ကျန်ရှိသူများကို ဆက်လက် ထိုးနှံ‌ပေးနိုင်‌ရေးအတွက် ‌ဆွေး‌နွေးသွားရန်စီစဉ်‌နေသည်ဟု စခန်းတာဝန် ရှိသူများက ဆိုသည်။

လက်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ကိုဗစ် ကူးစက်ခံရသူအပါအဝင် ထိ‌တွေ့လူနာအားလုံး‌ပေါင်း ၃၀ဝ ဦး‌ကျော် ရှိပြီး ကိုဗစ်‌ကြောင့် စခန်းအတွင်း ‌နေထိုင်သူ ၄ ဦး ‌သေဆုံးခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်း ၉ ခု ရှိသည့် အနက် လက်ရှိ ကိုဗစ် ကာကွယ်‌ဆေး ထိုးနှံမှုကို လူဦး‌ရေ အများဆုံးရှိ‌နေသည့် မယ်လ ဒုက္ခသည်စခန်း၌ ပထမဦးဆုံး ထိုးနှံ‌ပေးခြင်း ဖြစ်သည်။