Home သတင်း လူသားချင်းစာနာမှုအ‌ခြေခံမူများကို စစ်‌ကောင်စီ ချိုး‌ဖောက်‌နေ‌ကြောင်း ND-Burma ထုတ်ပြန်

လူသားချင်းစာနာမှုအ‌ခြေခံမူများကို စစ်‌ကောင်စီ ချိုး‌ဖောက်‌နေ‌ကြောင်း ND-Burma ထုတ်ပြန်

1696

ဇူလိုင် ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော ကိုဗစ် ကပ်‌ရောဂါ ကူးစက်မှု မြင့်မားပြီး လူအ‌သေအ‌ပျောက်မြှင့်တက်‌နေသည့် မြန်မာနိုင်ငံ အတွင်း စစ်‌ကောင်စီအ‌နေဖြင့် ကိုဗစ်ကပ်‌ရောဂါ ကိုင်တွယ်‌ဖြေရှင်းမှုတွင် လူသားချင်းစာနာမှု အ‌ခြေခံမူများ ချိုး‌ဖောက်‌နေ ‌ကြောင်း လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ရက်(ND-Burma)က ယမန်‌နေ့ ဇူလိုင်လ(၂၈) ရက်‌နေ့တွင် စာတမ်းငယ်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ကိုဗစ်တတိယလှိုင်း ကူးစက်မှု‌ကြောင့် လူအ‌သေအ‌ပျောက်များ‌နေချိန်တွင် လက်ရှိ တိုင်းပြည် အာဏာသိမ်းယူ ထားသည့် စစ်‌ကောင်စီအ‌နေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထိ‌ရောက်စွာ တုန့်ပြန်မှုမပြုဘဲ မိမိ အာဏာတည်မြဲ‌ရေးအတွက် နိုင်ငံ‌ရေးအရ အမြတ်ထုတ်အသုံးချမှုများသာ ပြုလုပ်‌နေ‌ကြောင်း ND-Burma ကဆိုသည်။

ကွန်ရက်၏ ‌ပြောခွင့်ရ မမွန်း‌နေလီက “စစ်အာဏာသိမ်းပြီးတဲ့‌နောက်မှာ ကိုဗစ်က အ‌ခြေအ‌နေ ဆိုးဆိုးဝါးဝါးနဲ့ ပြန်ဖြစ်‌နေတယ်။ ဘယ်‌လောက်ပဲ ဆိုးဝါး‌နေပါ‌စေ စစ်‌ကောင်စီအ‌နေနဲ့ ‌သေ‌သေချာချာ ကိုင်တွယ်‌ဖြေရှင်း လိုတဲ့ စိတ်ရင်း‌စေတနာမှန် မရှိတဲ့အပြင် ဒီအ‌ခြေအ‌နေ တစ်ခုကို သူတို့ရဲ့ အာဏာတည်မြဲ‌ရေးအတွက် နိုင်ငံ‌ရေး အရ အသုံးချတဲ့ ကိစ္စရပ်‌တွေဖြစ်လာတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ND-Burma ၏ အဆိုအရ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုသည် လူ့အခွင့်အ‌ရေးဖြစ်သည်ဟု ဆို‌သော်လည်း စစ်‌ကောင်စီအ‌နေဖြင့် မြန်မာပြည်သူလူထုများအ‌ပေါ် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်ပိုင်ခွင့်၊ ကုသခံပိုင်ခွင့်နှင့် အန္တရာယ်ကင်းစွာ အရင်းအမြစ်ရရှိခွင့်တို့ကို ထိန်းချုပ်ဖယ်ရှား‌နေပြီး လူသားချင်းစာနာ‌ထောက်ထားခြင်း၊ ခွဲခြား မှုမရှိခြင်း၊ ကြား‌နေခြင်းနှင့် လွတ်လပ်ခြင်းစသည့် လူသားချင်းစာနာ‌ထောက်ထားမှု အ‌ခြေခံမူ(၄)ခုကို လိုက်နာရန် ပျက်ကွက်‌ကြောင်း စာတမ်းငယ်တွင် ဆိုထားသည်။

စစ်‌ကောင်စီ လိုက်နာရန် ပျက်ကွက်သည့် လူသားချင်း စာနာ‌ထောက်ခြင်း အ‌ခြေခံမူများအရ လတ်တ‌လော မြန်မာပြည်သူများကြုံ‌တွေ့‌နေရသည့် ‌အောက်ဆီဂျင် ပြတ်လပ်မှုတွင် စစ်‌ကောင်စီမှ ပုဂ္ဂလိက ‌ဆေးရုံများအပြင် အလှူရှင်များ၏ ‌ပေးပို့လှူန်ဒါန်းသည့် ‌အောက်ဆီဂျင်များ၊ ပြည်သူများ မိမိကိုယ်တိုင် စု‌ပေါင်းဝယ်ယူထားသည့် ‌အောက်ဆီဂျင်ဗူးများကို မတရားသိမ်းယူခြင်းများနှင့် ‌ပေး‌ဝေလှူဒါန်းမှုများကိုလည်း လိုက်လံတားမြစ် ‌ဆောင် ရွက်ခြင်းမျိုးကို ကနဦး‌ဖော်ပြထားသည်။

လက်ရှိ အကြပ်အတည်းကို စစ်‌ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်‌နေ‌ကြောင်း ND-Burma က ဆက်လက် ‌ဝေဖန် ‌ပြောဆိုခဲ့ပြီး လက်ရှိ ကူးစက်မှု မြင့်မား‌နေချိန် စစ်‌ကောင်စီမှ ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများ ကိုသာ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်ခွင့်နှင့်ကုသခံယူခွင့်ကို ‌ပေးထားပြီး ၎င်းတို့ကို ဆန့်ကျင်သည့် ကျန်းမာ‌ရေး ဝန်ထမ်း များနှင့် ပြည်သူလူထုများကို ခြိမ်း‌ခြောက်မှုများ၊ ကန့်သတ်မှုများအပြင် မတရားဖမ်းဆီး အ‌ရေးယူမှုများ ပြု လုပ်‌နေကာ ဆရာဝန် ၄၀ဝ နှင့် သူနာပြု ၁၈ဝမှာလည်း ဖမ်းဝရမ်းထုတ်ခံထားရ‌ကြောင်း AP သတင်းကို ကိုးကားပြီး ‌ထောက်ပြ‌ပြောဆိုထားသည်။

ထို့အပြင် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်ခွင့်လက်လှမ်းမမီနိုင်သည့် တိုင်းရင်းသား ‌ဒေသများတွင်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စစ်‌ကောင်စီမှ ပိုတိုးလုပ်‌ဆောင်‌နေပြီး ၎င်း‌ဒေသအတွက် ရရှိနိုင်သည့် လူသားချင်းစာနာမှု အကူအညီများ ဖြတ်‌တောက်ခံရမှု၊ ပိတ်ဆို့မှုတို့ဖြင့်လည်း ခွဲခြားဆက်ဆံမှုများ ရှိ‌နေ‌ကြောင်းကို ဆက်လက် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ချင်းပြည်နယ်အတွင်း စစ်‌ဘေး‌ရှောင်‌နေရသည့် ပြည်သူများအတွက် ကမာ္ဘ့ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကူ အညီဖြင့် အ‌ရေး‌ပေါ်လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများကို သွား‌ရောက်‌ပေးပို့ လှူဒါန်းမှုများ ပြုရာတွင် စစ်‌ကောင်စီဘက်မှ တားမြစ်မှုများပြုလုပ်ခဲ့‌သေးသည်။

ထို့အပြင် စစ်‌ကောင်စီ အ‌နေဖြင့် အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားခဲ့သူ‌ပေါင်း ၉၀ဝ ‌ကျော်ကို သတ်ဖြတ်ခဲ့ပြီး ‌ထောင်နှင့်ချီသည့် ပြည်သူလူထုများမှာ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံထားကြရကာ လက်ရှိတွင် အကျဉ်း ကြခံ‌နေရသူများတွင် ကိုဗစ်ကူးစက်ခံရသူများလည်း ရှိ‌နေပြီး လုံ‌လောက်သည့် ‌ဆေးဝါးကုသခွင့်မရရှိ ခြင်း‌ကြောင့် ‌ထောင်တွင်း ဆန္ဒ‌ဖော်ထုတ်မှုများလည်း ယခင်ရက်ပိုင်းများက ‌ပေါ်‌ပေါက်ခဲ့‌သေးသည်။

စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ကျန်းမာ‌ရေး ဝန်ထမ်းအများအပြား ပြည်သူ့အာဏာဖီဆန်‌ရေး(CDM) လှုပ်ရှားမှုတွင် ပါဝင်ခြင်းနှင့်အတူ လက်ရှိ စစ်‌ကောင်စီ၏ ကပ်‌ရောဂါအ‌ပေါ် တုန့်ပြန်မှုမှာ မြန်မာနိုင်ငံတွင် ကျန်းမာ‌ရေး အ‌ဆောက်အအုံသည် လျင်မြန်စွာ ပြိုကျ‌နေပြီး သန်းနှင့်ချီသည့် ပြည်သူလူထုများ အသက် ဆုံးရှုံးရနိုင်‌ကြောင်း ခန့်မှန်ချက်များ ‌ပေါ်ထွက်လာချိန် စစ်‌ကောင်စီအ‌နေဖြင့် အာဏာရယူထားမှုကို စွန့်လွတ်ရန် လိုအပ်ပြီး နိုင်ငံတကာအ‌နေဖြင့် အမျိုးသားညီညွတ်‌ရေး အစိုးရအ‌ပေါ် အသိအမှတ်ပြု‌ပေးရန် ND-Burma က တိုက်တွန်း ‌တောင်းဆိုထားသည်။

“ပရဟိတအ‌နေနဲ့ ပြည်သူလူထု‌တွေကို လိုက်လံ ‌စောင့်‌ရှောက်ကုသ‌ပေး‌နေတဲ့ ကျန်းမာ‌ရေး ဝန်ထမ်း‌တွေကို ဖမ်းဆီးတာတို့၊ အ‌ရေးယူတာတို့ကို မလုပ်ဖို့လိုအပ်တယ်။ ပြီး‌တော့ ကိုဗစ်ကပ်‌ရောဂါးကို ကုသဖို့ ပြည်သူလူထု ‌တွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်‌ဆောင်ခွင့်‌ပေးရမယ်။ ပြီး‌တော့ လူသားချင်း စာနာ‌ထောက်ထားမှု မရှိတဲ့ စစ်‌ကောင်စီရဲ့ လုပ်ရပ်‌တွေကို နိုင်ငံတကာက‌နေ အဘက်ဘက်က‌နေ အ‌ရေးယူ‌ဆောင်ရွက်မှု ပြုဖို့လိုအပ်တယ် ” ဟု မမွန်း‌နေလီက ဆက်‌ပြောသည်။

ထို့အပြင် နိုင်ငံတကာအ‌နေဖြင့် NUG အစိုးရအား အသိအမှတ်ပြုခြင်းအပြင် ကိုဗစ်တိုက်ဖျက်‌ရေးအတွက် NUG အစိုးရ နှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာ‌ရေး လုပ်သားများ နှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားရန်လည်း ND-Burma က ဆက်လက်တိုက်တွန်းထားသည်။

ND-Burma ကို တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိ‌ရေးအတွက် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှ စပြီး မှတ်တမ်းတင်‌နေသည့် အဖွဲ့အစည်းဖြစ်သည်။