Home သတင်း ‌သောင်ရင်းမြစ်‌ရေ ၃ ‌ပေ‌ကျော်ကျ‌နေပြီး ယ‌နေ့ မွန်းလွဲပိုင်းထိ ဆက်လက်ထိုးကျ ‌နေဆဲ

‌သောင်ရင်းမြစ်‌ရေ ၃ ‌ပေ‌ကျော်ကျ‌နေပြီး ယ‌နေ့ မွန်းလွဲပိုင်းထိ ဆက်လက်ထိုးကျ ‌နေဆဲ

2167

ဇူလိုင် ၂၉ ရက်၊၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့တွင် ‌သောင်ရင်းမြစ်‌ရေသည် ယမန်‌နေ့ကထက် ၃ ‌ပေ‌ကျော် ပြန်ကျပြီး ယ‌နေ့ မွန်းလွဲပိုင်းအထိ ဆက်လက်ထိုးကျ‌နေဆဲဖြစ်‌ကြောင်း ‌တွေ့ရသည်။

ပြီးခဲ့သည့် သုံးပတ်ခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုများ‌ကြောင့် ‌သောင်ရင်းမြစ် ‌ရေသည် ဇူလိုင် ၂၂ ရက်‌နေ့ ညပိုင်းမှစ၍ ‌ရေတက်ကြမ်းခဲ့ပြီး ယမန်‌နေ့ ဇူလိုင် ၂၈ ရက်‌နေ့ နံနက်ပိုင်းအထိ စိုးရိမ်‌ရေအမှတ် အထက် ၉ ‌ပေ ‌ကျော် ‌ရောက်ရှိ မြှင့်တက်ခဲ့သည်ဟု ကရင်ပြည်နယ် မိုး‌လေဝသနှင့် ဇလ‌ဗေဒဌာနက ထုတ်ပြန်ခဲ့သည်။

၎င်း‌နောက် ယမန်‌နေ့ ညပိုင်းမှစ၍ မြစ်‌ရေသည် အကျဘက်သို့ ‌ရောက်ရှိလာပြီး ယ‌နေ့ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီထိ ၃ ‌ပေ‌ကျော် ကျသွားပြီးဖြစ်သလို ဆက်လက်၍လည်း ‌ရေကျ‌နေဆဲဖြစ်ကာ ဇီး‌တောဂိတ်ဘက် ကမ်းနာလမ်း‌ပေါ်တွင် ‌ရေမရှိ‌တော့သည့် အ‌ခြေအ‌နေကို ‌တွေ့ရသည်။

သို့‌သော် အမှတ် (၃)မိုးကုတ်ဘက်ခြမ်း မှစ၍ ကမ်းနားတ‌လျှောက်နှင့် အနိမ့်ပိုင်းရပ်ကွက်များတွင်မူ‌ရေကြီးနစ်မြှုပ်မှုရှိ‌နေဆဲဖြစ်သည်။

ယ‌နေ့ ဇူလိုင် ၂၉ ရက်‌နေ့မှစ၍ ၃၁ ရက်‌နေ့ထိ ကရင်ပြည်နယ် အတွင်းရှိ မြစ်တစ်ချို့မှာ ‌ရေဆက် လက် ကျ‌နေမည်ဖြစ်‌သော်လည်း ဩဂုတ်လ ၁ ရက်မှ ၃ ရက်‌နေ့အတွင်း မြစ်‌ရေလျှံတက်မှုများ ထပ်မံဖြစ်လာဖွယ်ရှိသည်ဟု ကရင်ပြည်နယ်၊ မွန်ပြည်နယ် မိုး‌လေဝသနှင့် မြစ်‌ရေအ‌ခြေအ‌နေ‌စောင့်ကြည့်‌ရေးအဖွဲ့တစ်ခုက လူမှုကွန်ရက်‌ပေါ်တွင် သတိ‌ပေးထားသည်။