Home သတင်း မြဝတီခရိုင် ‌ဝေါ‌လေမြိုင်မြို့ နယ်‌မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား

မြဝတီခရိုင် ‌ဝေါ‌လေမြိုင်မြို့ နယ်‌မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား

2345

‌မေလ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ ‌တောင်ဘက်ခြမ်း မြဝတီခရိုင် ‌ဝေါ‌လေမြိုင်မြို့ရှိ နယ်‌မြေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီး ‌ခေါ်‌ဆောင်သွား‌ကြောင်း သိရသည်။

‌ဝေါ‌လေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃) ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့သည် ယ‌နေ့ ‌မေလ ၃၁ ရက် ‌နေ့လည်ပိုင်းက ‌ဝေါ‌လေမြို့မှ မြဝတီမြို့သို့သွားရာ လမ်းရှိ သုံးထပ်‌ကွေ့အနီးတွင် ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီး‌ခေါ်‌ဆောင် သွားခြင်းဖြစ်‌ကြောင်း နယ်‌မြေသတင်း နှံ့စပ်သည့် ‌ဒေသခံတစ်ဦးက ‌ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ စစ်‌ကောင်စီတပ်မှအင်အားဖြန့်ကျက်၍ အပူတပြင်းစုံစမ်း ရှာ‌ဖွေလျက် ရှိ‌နေသည်။

သို့ဖြစ်၍ ၎င်းဖြစ်စဉ်‌နေရာအနီးရှိ ‌ကျေးရွာများဖြစ်‌သော ‌ကျောက်ခတ်၊ ဖလူး နှင့် အင်ကြင်းမြိုင် စသည့်‌ကျေးရွာများမှ ပြည်သူများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ကြိုတင်‌ရှောင်ရှားမှုများ ရှိ‌နေသည် ဟု
ယင်း‌ဒေသခံပြည်သူတစ်ဦးက ဖြည့်စွက်‌ပြောသည်။

ဗိုလ်ချုပ်‌ကျော်သက် ဦး‌ဆောင်‌သော ခွဲထွက် DKBA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌နှောင်းပိုင်းမှစ၍ မိခင် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA) အဖွဲ့မှခွဲထွက်ကာ မြဝတီ-‌ကော့ကရိတ် အာရှလမ်း တိုက်ပွဲအပါအဝင် စစ်‌ကောင်စီတပ်နှင့် တိုက်ပွဲ‌ပေါင်းများစွာ ဖြစ်ပွားခဲ့‌သော ကရင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ် သီးသန့်ရပ်တည်လျက်ရှိ‌ကြောင်း သိရသည်။