Home သတင်း မဲ‌ဆောက် ကိုဗစ်ပိုး‌တွေ့ရှိမှု‌ကြောင့် ‌လော့‌ဒေါင်းချထားသည့် ရပ်ကွက်‌နေ မြန်မာအလုပ်သမားတချို့ စား ‌သောက်မှုအခက်အခဲရှိလာနိုင်

မဲ‌ဆောက် ကိုဗစ်ပိုး‌တွေ့ရှိမှု‌ကြောင့် ‌လော့‌ဒေါင်းချထားသည့် ရပ်ကွက်‌နေ မြန်မာအလုပ်သမားတချို့ စား ‌သောက်မှုအခက်အခဲရှိလာနိုင်

1578

ဇွန် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ကိုဗစ်ပိုး‌တွေ့ရှိသည့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ရပ်ကွက်တချို့တွင်‌နေထိုင်ကြသည့် မြန်မာအလုပ်သမားတချို့ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာမှုများကို ကန့်သတ်ထားမှု‌ကြောင့် ‌သောက်‌ရေနှင့် အ‌ခြေခံ စား‌သောက်မှုအတွက် အခက်အခဲရှိလာနိုင်‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။

မဲ‌ဆောက်မြို့‌တောင်ဘက် မယ်‌တောင်‌ကျေးရွာတွင် ပြီးခဲ့သည့် ‌မေလ ၂၅ရက်‌နေ့မှစ၍ မြန်မာအလုပ်သမား များတွင် ကိုဗစ်ပိုး‌တွေ့ရှိလာခြင်း‌ကြောင့် ထိုင်းအာဏာပိုင်များမှ အသွားအလာကန့်သတ်မှု (Lock down) ချမှတ် ခဲ့ပြီး ယ‌နေ့ ၅ ရက်‌မြောက်‌နေ့အထိ ရှိလာပြီးဖြစ်၍ ရပ်ကွက်‌နေ မြန်မာအလုပ်သမားအချို့တွင် စား‌သောက်မှု အခက်အခဲရှိလာ‌နေပြီဖြစ်သည်ဟု မြန်မာအလုပ်သမားများကို ကူညီ‌ပေး‌နေသည့် ‌ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ က ဆိုသည်။

မြန်မာအလုပ်သမားများ လုပ်ကိုင်‌နေကြသည့် စက်ရုံအလုပ်ရုံများတွင် ကိုဗစ်ပိုးကူးစက်ပျံ့နှံ့လာခြင်း‌ကြောင့် ရပ်ကွက်များအတွင်း ဝင်ထွက်သွားလာမှုကို ‌စောင့်ကြည့်စစ်‌ဆေးမှုများပြု‌နေပြီး သက်ဆိုင်ရာ အလုပ်ရှင်အချို့မှာ ၎င်းတို့၏ စက်ရုံအလုပ်ရုံရှိ အလုပ်သမားများကို ကူညီ‌စောင့်‌ရှောက်မှု ‌ပေး‌နေ‌သော်လည်း တချို့ရပ်ကွက်‌နေ ‌နေ့စားအလုပ်သမားများနှင့် သီးသန့် အခန်းငှား‌နေကြသည့် အလုပ်သမားများအ‌နေဖြင့် စား‌သောက်မှု အကူ အညီများအတွက် အခက်အခဲများရှိလာ‌နေ‌ကြောင်း ‌ရောင်ခြည်ဦး အလုပ်သမားရုံးမှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ မသူ ဇာကြိုင်က ယခုလို‌ပြောသည်။

၎င်းက “အပြင်မှာ သီးသန့် အခန်းငှား‌နေတဲ့သူ‌တွေကို‌တော့ အပြင်ကို လုံးဝ‌ပေးမထွက်ဘူး။ ဘယ်စက်ရုံပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ‌ပေးမသွားဘူး။ သူတို့ မိသားစုဝင်‌တွေကို အခန်းတိုင်း၊ အခန်းတိုင်း လိုက်ပြီးပိတ်ထား ခိုင်း တယ်။ မ‌နေ့က အဲ့ကလူတစ်‌ယောက်ကို‌မေးကြည့်တာ ပြင်ပအခန်းမှာ‌နေတဲ့သူ‌တွေက အခန်း ၈ဝ ‌လောက်ရှိ တယ်။ ဘယ်မှမထွက်ရဘူး။ လူဦး‌ရေဆိုရင် ၂၅ဝ ‌လောက်ရှိမယ်တဲ့။ သူတို့က အပြင်အလုပ်‌တွေ ဆို‌တော့ ဘယ် သူမှ လာတာဝန်မယူ‌တော့ မ‌နေ့က‌လောက်ထိ‌တော့ စားဝတ်‌နေ‌ရေး သိပ်မပူရ‌ပေမဲ့ ဒီ‌နေ့‌လောက်ဆိုရင်‌ရေ‌တွေ ပြတ်လာပြီးတဲ့။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါ ရပ်ကွက်ရှိ ‌ဈေးဆိုင်၊ စား‌သောက်ဆိုင်များနှင့် စာသင်‌ကျောင်းများကိုပါ ပိတ်ထားခိုင်းပြီး ကုန်စုံဆိုင်‌ရောင်းချ‌နေသည့် ဆိုင်များတွင်လည်း ပစ္စည်းပြတ်လပ်မှုများရှိလာ‌နေ‌ကြောင်းနှင့် လာမည့် ရက်ပိုင်းအနည်းငယ်တွင် စား‌သောက်ကုန်များ ပြတ်လပ်သွားနိုင်‌ကြောင်းလည်း အလုပ်သမားများ၏ ‌ပြောဆိုချက်ကို မသူဇာကြိုင်က ဆက်‌ပြောသည်။

လတ်တ‌လော စား‌သောက်မှု အခက်အခဲ ကြုံလာနိုင်သည့် မြန်မာအလုပ်သမားများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ‌မေးမြန်း ‌ပြောဆိုမှုမရှိ‌သေးဘဲ အပြင်မထွက်ရန်သာ သတိ‌ပေး‌ပြောဆို‌ကြောင်း အလုပ်သမားများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်‌နေ့က မယ်‌တောင်‌ကျေးရွာရှိ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်ပိုး စတင်စစ်‌ဆေး‌တွေ့ရှိပြီး ဆက်လက်၍ ၎င်းနှင့် ထိ‌တွေ့နီးစပ်သူများကို စစ်‌ဆေးကာ ကိုဗစ်ပိုးထပ်မံ‌တွေ့ရှိ၍ စက်ရုံ အလုပ်ရုံများကို သွားလာမှု ကန့်သတ်ပိတ်ပင်ထားပြီး ယ‌နေ့ (ဇွန် ၃၀) အထိ ပိုး‌တွေ့လူနာ ၆၄၁ ဦးအထိ ရှိ လာခဲ့သည်။

အဆိုပါ ကိုဗစ်ပိုး ကူးစက်ခံရသူအများစုမှာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများဖြစ်ပြီး က‌လေးသူငယ် နှင့် သက်ကြီးရွယ်အိုများကို မဲ‌ဆောက်‌ဆေးရုံကြီးတွင် အ‌ရေး‌ပေါ်‌ခေါ်ယူ ကုသ‌ပေး‌နေရာ လက်ရှိတွင် ၁၁၇ ဦး ကုသ ‌ပေး‌နေ‌ကြောင်းသိရပြီး တချို့ကို ‌ဒေါက်တာ စင်သီယာ‌မောင် ဦးစီးသည့် မယ်‌တော်‌ဆေးခန်းနှင့် နယ်စပ် ‌ဆေးခန်းများသို့ ခွဲပို့ထား‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံတစ်ဝှမ်း ကိုဗစ် တတိယလှိုင်း ထပ်မံဖြစ်ပွားမှုကို ကြုံ‌တွေ့‌နေရချိန်တွင် နိုင်ငံအနှံ့အပြား ကိုဗစ် ကူးစက်ခံရသူ မြှင့်တက်လာကာ ထိုင်းကျန်းမာ‌ရေး ဝန်ကြီးဌာန၏ ‌ဖော်ပြထားချက်အရ မဲ‌ဆောက်မြို့နယ်ရှိရာ တာ့ခ်ခရိုင်အတွင်း ယမန်‌နေ့အထိ ကိုဗစ်ပိုး‌တွေ့ရှိသူ ၉၀ဝ ‌ကျော်ရှိ‌ကြောင်း ‌ဖော်ပြထားသည်။

လတ်တ‌လော ကိုဗစ်ပိုးကူးစက်မှု မြှင့်တက်‌နေချိန် ထိုင်းနိုင်ငံအတွင်း နယ်‌ကျော် ဖြတ်သန်းသွားလာမှုများ ကိုလည်း ကန့်သတ်ထားပြီး နှစ်နိုင်ငံ နယ်စပ်များတွင်လည်း လုံခြုံ‌ရေး တိုးမြှင့်ချထားသည်။ ထို့အတူ မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်မှုများလည်း များစွာဖြစ်‌ပေါ်‌နေခြင်း‌ကြောင့် တရားမဝင် နယ်‌ကျော် ဖြတ်သန်းသွားလာမှုနှင့် နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်မှုများ မပြုလုပ်ရန်လည်း မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက သတိ‌ပေး ‌ပြောဆိုထားသည်။