Home သတင်း ဖားအံမြို့တွင် ရဟတ်ယာဉ် ၃ စီး နှင့် တိုက်‌လေယာဉ် ၂ စီး ပျံဝဲပြီး မြို့တွင်းလုံခြုံ‌ရေးတင်းကြပ်ထား

ဖားအံမြို့တွင် ရဟတ်ယာဉ် ၃ စီး နှင့် တိုက်‌လေယာဉ် ၂ စီး ပျံဝဲပြီး မြို့တွင်းလုံခြုံ‌ရေးတင်းကြပ်ထား

1622

‌မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယ‌နေ့နံနက် ၁၁ နာရီဝန်းကျင်က ရဟတ်ယာဉ် ၃ စီးနှင့် တိုက်‌လေယာဉ် ၂ စီးပျံဝဲပြီး မြို့တွင်းလုံခြုံ‌ရေးတင်းကြပ်ထားသည်ဟု မြို့ခံလူထုများထံမှ သိရသည်။

အဆိုပါ‌လေယာဉ်‌ရောက်ရှိမှုတွင် စစ်‌ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် စစ်‌ကောင်စီ ပညာ‌ရေးဝန်ကြီး ‌ဒေါက်တာညွန့်‌ဖေ တို့ပါဝင်၍ စီးနင်းလိုက်ပါလာ‌ကြောင်း ဖားအံ တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ ‌ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ‌ဖော်ပြထားသည်။

၎င်းရဟတ်ယာဉ်များသည် ဖားအံမြို့ တပ်မ ၂၂ သို့ဆင်းသက်ပြီး‌နောက် ဖားအံစစ်‌ကောင်စီရုံး သို့ သွား‌ရောက်ခဲ့ပြီး အစည်းအ‌ဝေးတခုပြုလုပ်‌နေ‌ကြောင်း၊ ဖားအံ တက္ကသိုလ်တွင်လည်း Non CDM ဝန်ထမ်းများနှင့် ‌တွေ့ဆုံသွားမည်ဖြစ်‌ကြောင်း နှင့် ဖားအံမြို့‌ပေါ်ရှိ ဘုန်းကြီး‌ကျောင်းများသို့ သွား‌ရောက်မည်ဟုလည်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်များ မလာ‌ရောက်မီ ယမန်‌နေ့ညကစပြီး ဖားအံမြို့အတွင်း လုံခြုံ‌ရေး ပိုမိုတင်းကြပ် ထားပြီး ယ‌နေ့တွင်လည်း တက္ကသိုလ်ဝင်းအတွင်းလုံခြုံ‌ရေးပိုတိုးချထားကာ သံလွင်မြစ်ထဲတွင်လည်း ၅၀၁ စစ်သ‌ဘေင်္ာငယ်များ လိုက်လံလှည့်ပတ်‌နေသည်ဟု သိရသည်။

အဆိုပါ ‌လေယာဉ်များထဲတွင် စစ်‌ကောင်စီ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် နှင့် ‌ဒေါက်တာ ညွန့်‌ဖေတို့ လိုက်ပါလာခြင်း ရှိ မရှိကိုမူ ‌ကေအိုင်စီက သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။