Home သတင်း ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်များကို ‌နေပြည်‌တော် စည်ပင်ရိပ်သာ၌ အဝင်အထွက်ကန့်သတ်ထား

ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်များကို ‌နေပြည်‌တော် စည်ပင်ရိပ်သာ၌ အဝင်အထွက်ကန့်သတ်ထား

2296

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်များကို ‌နေပြည်‌တော် စည်ပင်ရိပ်သာ၌ ယ‌နေ့မွန်းလွဲပိုင်းထိ အဝင် အထွက် ကန့်သတ်ထားသည်ဟု ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အခု ‌နေပြည်‌တော် စည်ပင်ရိပ်သာ အမှတ် ၂ မှာပဲ။ အဝင်အထွက်လုပ်လို့ မရဘူး။ ပိတ်ထားတယ်” ဟု ကရင် ပြည်နယ် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မွန်းလွဲပိုင်းတွင် နိုင်ငံ‌တော် သမ္မတရုံးက ဥပ‌ဒေကဲ့သို့ အာဏာတည်‌သော အမိန့် (၁/၂၀၂၁) ကိုထုတ်ပြန်လိုက်ပြီး မဲစာရင်း စစ်‌ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အ‌ရေးယူ ‌ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် အတွက် ၂၀၁၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံ‌တော်၏ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေး အာဏာတို့အား တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ထံ လွှဲ‌ပြောင်း‌ပေးလိုက်‌ကြောင်း ‌ဖော်ပြထား သည်။

ထို့အပြင် အ‌ရေး‌ပေါ်အ‌ခြေအ‌နေ အကျိုးသက်‌ရောက်သည့် နယ်‌မြေသည် နိုင်ငံတဝှမ်းလုံး ဖြစ်‌ကြောင်းနှင့် အ‌ရေး‌ပေါ် အ‌ခြေအ‌နေအား ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ ပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်‌နေ့ (ယ‌နေ့) မှစ၍ တစ်နှစ်ဖြစ်‌ကြောင်း ယာယီသမ္မတဦးမြင့်‌ဆွေက လက်မှတ်ထိုးထုတ်ပြန်ထားသည်။