Home သတင်း အစိုးရ အုပ်ချုပ်‌ရေး ‌ခေါင်း‌ဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအ‌ပေါ် ဂျပန်‌ရောက်မြန်မာများ ဆန္ဒထုတ်‌ဖော်

အစိုးရ အုပ်ချုပ်‌ရေး ‌ခေါင်း‌ဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအ‌ပေါ် ဂျပန်‌ရောက်မြန်မာများ ဆန္ဒထုတ်‌ဖော်

4737

‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်၊ ‌ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် အစိုးရ အုပ်ချုပ်‌ရေး ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ နှင့် အလွှာစုံ နိုင်ငံ‌ရေး ‌ခေါင်း‌ဆောင်များ တပ်မ‌တော်မှ ယ‌နေ့နံနက် ဖမ်းဆီးထိန်းသိမ်ခံရမှုအ‌ပေါ် ဂျပန်‌ရောက် မြန်မာနိုင်ငံသားများမှ ကုလသမဂ္ဂ(UN) ရုံး‌ရှေ့တွင် ဝိုင်းဝန် ရှုတ်ချကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

‌ထောင်နှင့်ချီသည် ဂျပန်‌ရောက် မြန်မာနိုင်ငံသားများမှ ဂျပန်နိုင်ငံ၊ Shibuya မြို့ရှိ ကုလသမဂ္ဂ (UN) ရုံး‌ရှေ့တွင် သွား‌ရောက်စုရုံး၏ ဖမ်းဆီးခံ ‌ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ဝန်ကြီးနှင့် အနိုင်ရ ပါတီကိုယ်စားလှယ် ‌ခေါင်း‌ဆောင်များ လွတ်‌ပေး‌ရေး နှင့် စစ်အာဏာရှင် စနစ်ဆန်ကျင်‌ကြောင်း မြန်မာ၊ ဂျပန် နှစ်ဘာသာဖြင့် ‌ကြွေး‌ကြော် ‌အော်ဟစ်ခဲ့ကြသည်။

We love Myanmar Japan ‌ဖေ့စ်ဘွတ် လူမှုကွန်ယက်မှ ထုတ်လွှင့်ချက်အရ ဂျပန်‌ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား‌ပေါင်းစုံပါဝင်၍ ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခြင်းဖြစ်ပြီး စစ်အုပ်စုမှ မတရား အာဏာသိမ်းခြင်းကို အပြင်အထန် ရှုတ်ချ‌ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်း ခံရ‌သော အစိုးရ အဖွဲ့ဝင်များကို ချွင်းချက်မရှိ လွတ်‌ပေးရန် ထုတ်ပြန်ချက်ကို ဖတ်ကြားသွားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကိုလည်း ဂျပန်နိုင်ငံ UN ရုံးကို ‌ပေးအပ်သွားမည် ဖြစ်‌ကြောင်း ‌ပြောကြားသွားခဲ့သည်။

ယ‌နေ့နံနက် ထုတ်လွှင့်သည့် မြဝတီရုပ်သံသတင်း၌ ‌ရွေး‌ကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို မ‌ဖြေရှင်း ခြင်းနှင့် နိုင်ငံ‌ရေးတည်ငြိမ်မှု ပျက်ပြား‌စေခြင်းတို့‌ကြောင့်ဟုဆိုကာ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေ(၂၀၀၈)ခုနှစ်၊ ပုဒ်မ(၄၁၇) အရ နိုင်ငံ‌တော်ကို အ‌ရေး‌ပေါ် အ‌ခြေအ‌နေတစ်နှစ် ‌ကြေညာလိုက်‌ကြောင်း သတင်း ထုတ်ပြန်ခဲ့ သည်။

အလားတူ ယ‌နေ့ ထွက်‌ပေါ်လာသည့် သတင်းများအ‌ပေါ်အ‌ခြေခံပြီး အ‌မေရိကန်သမ္မတရုံးမှ တပ်မ‌တော်အပါ အဝင် အခြားအဖွဲ့အစည်းများအားလုံး အ‌နေဖြင့် ဒီမိုက‌ရေစီ စံနှုန်းများနှင့် ဥပ‌ဒေ စိုးမိုး‌ရေးကို အ‌လေး အနက်ထားလိုက်နာပြီး ယ‌နေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံးလွတ်‌ပေးရန် ‌တောင်းဆို ထားသည်။

ထို့အပြင် အ‌မေရိကန် ပြည်‌ထောင်စု အ‌နေနှင့် မြန်မာနိုင်ငံတွင် မကြာ‌သေးခင်က ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲ မှ ရလဒ်များကို တစုံတရာ ‌ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုက‌ရေစီ စနစ်သို့ ကူး‌ပြောင်း‌ရေးကို ချိုး ဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါ‌ကြောင်းလည်း ထည့်သွင်း ‌ဖော်ပြထားသည်။

ဤသို့ ‌ဆောင်ရွက်သည့် တာဝန်ရှိသူများ အ‌ပေါ်တွင်လည်း အ‌ရေးယူ ‌ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း၊ အ‌မေရိကန် ပြည်‌ထောင်စု အ‌နေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများကို အနီးကပ် ‌စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးရရှိရန် ကြိုးပမ်း‌ဆောင်ရွက်‌နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့်အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်‌ကြောင်း ‌ကြေညာသွားခဲ့သည်။