Home သတင်း ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ပညာရှင်များနှင့် လွှတ်‌တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်

ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ပညာရှင်များနှင့် လွှတ်‌တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်

2150

ဇန်နဝါရီ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ် အစိုးရအဖွဲ့သစ်တွင် နည်းပညာရှင်များနှင့် လွှတ်‌တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားရန်လျာထား‌ကြောင်း လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် တနိုင်ငံလုံးအနိုင်ရရှိထားသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်အ‌နေဖြင့် အစိုးရသစ်ဖွဲ့စည်းသွားရန်ရှိပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ပြည်နယ်အတွင်း အများစုအနိုင်ရသည့် NLD က စိတ်ကြိုက်ဖွဲ့စည်းနိုင်သည့် အ‌ခြေအ‌နေရှိ‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် စီစဉ်‌နေမှုအ‌ပေါ် လက်ရှိဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်း၌ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့မှာ နိုင်ငံ‌ရေးသမားကြီးပဲ ဖွဲ့လို့မရဘူး။ ဘာလို့လဲဆို‌တော့ တည်‌ဆောက်‌ရေးလုပ်ငန်း‌တွေရှိတယ်။ အသိပညာ၊ အတတ်ပညာ ရှင်‌တွေလိုအပ်တယ်။ ပညာရှင်က‌တော့ အစိုးရအဖွဲ့ထဲမှာ ဆွဲထည့်လို့ရတယ်၊ ဥပမာ- အဖီးတို့အထဲမှာ လျှပ်စစ်တို့လိုမျိုးက ပညာရှင်ကို လိုအပ်တယ်‌ပေါ့၊ နည်းပညာ လိုအပ်တဲ့‌နေရာကို နည်း ပညာရှင် ‌တွေကိုခန့်မယ်‌ပေါ့‌နော်၊ နိုင်ငံ‌ရေး၊ လူမှု‌ရေးအရ‌တော့ ဒါနိုင်ငံ‌ရေးသမား‌တွေ ‌ဆောင်ရွက်လို့ ရတယ်၊ အဖီးတို့ရဲ့ ပါတီက လွှတ်‌တော်ကိုယ်စားလှယ်‌တွေကို ခန့်မှာ‌ပေါ့‌နော်” ဟု ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောသည်။

ထို့ပြင် ဝန်ကြီးချုပ်တာဝန် ငါးနှစ်တာထမ်း‌ဆောင်ခဲ့သည့် သူမအ‌နေဖြင့် ထိုထက်အ ဆင့်မြင့်သည့် ပြည်‌ထောင်စု အဆင့်တာဝန်များ‌ပေးအပ်သွားရန်ရှိသည်ဟု သတင်းထွက်‌နေ မှုအပါ် ပြည်‌ထောင်စုအဆင့် တာဝန်များထမ်း‌ဆောင်ရန် အစီအစဉ်မရှိ‌ကြောင်း ယတိပြတ်‌ပြောသည်။

“သမ္မတ‌ပေးရင်‌တောင် မသွားဘူး။ ကိုယ့်ပြည်နယ်မှာပဲ ကိုယ်လုပ်ချင်တယ်။ အဖီးက ဒီစကားကို ဘာလို့‌ပြောလဲဆို‌တော့ ဟိုးအရင်တုန်းကလည်း ကြားဖြတ်ရှိတယ်‌လေ၊ အဲ့ဒီ့တုန်း က နိုင်ငံ‌တော်အတိုင်ပင်ခံက ဧရာဝတီတိုင်းတို့ ပဲခူးတိုင်းတို့ဘက်ကိုကူညီပါ။ အဲ့ဒီဘက်မှာ ဝင်အ‌ရွေးခံပါ‌ပေါ့‌နော်၊ ‌တောင်ငူလည်း ကရင်‌တွေများတဲ့‌နေရာ‌ပေါ့‌နော် အဲ့တုန်းက ‌တောင်ငူမှာလွတ်တယ်။ အဲ့ထဲက အဖီးက‌ပြောတယ်၊ ကျမ ကရင်ပြည်နယ်ကပဲ ပြိုင်ချင်ပါတယ်လို့” ဟု ၎င်းက‌ပြောသည်။

၂၀၀၈ ဖွဲ့အစည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်ကို ဆိုင်ရာပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်များထဲမှ သင့်‌တော်သူကို သမ္မတက ‌ရွေးချယ်ခန့်အပ်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်သည် ပြည်နယ်လွှတ်‌တော် ဖားအံမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်တွင် အနိုင်ရရှိသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ဆက်ထမ်း‌ဆောင်ရန် အလားအလာအရှိဆုံးသူ ဖြစ်သည်။

ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အတွက် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ၁၄ ဦးနှင့် မွန်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသား ကိုယ်စားလှယ်သုံးဦး စုစု‌ပေါင်း ၁၇ ဦး အ‌ရွေးချယ်ခံခဲ့ရသည်။ ယင်းတို့ထဲ တွင် NLD က ၁၃ ဦး၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ၂ ဦး၊ ကရင်ပြည်သူ့ပါတီက ၁ ဦးနှင့် မွန်ညီညွတ်‌ရေးပါတီမှ မွန်တိုင်းရင်းသား‌ရေးရာကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်သည်။