Home သတင်း ‌စောဘဦးကြီး ရုပ်ထု ဖြုတ်ချ‌စေခြင်းအ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ ရှုတ်ချ

‌စောဘဦးကြီး ရုပ်ထု ဖြုတ်ချ‌စေခြင်းအ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ ရှုတ်ချ

3413

ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ‌ကြေးရုပ်ထုအား အတင်းအဓမ္မဖိအား‌ပေး ဖယ်ရှားခံရမှု အ‌ပေါ် အပြင်းအထန်ရှုတ်ချ‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG က ယ‌နေ့ (ဇန်နဝါရီလ ၅ ရက်)တွင် သ‌ဘောထားထုတ်ပြန်‌ပြောဆိုလိုက်သည်။

ယခင်နှစ် ဩဂုတ်လက ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီး‌ထောင့်မြို့နယ် ဘဲဂရက်‌ကျေးရွာတွင် စိုက်ထူ ထားသည့် ‌စောဘဦးကြီး အထိမ်းအမှတ်‌ကြေးရုပ်ထုကို ‌ဒေသအာဏာပိုင်များ၏ ဖိအား‌ပေးမှုများ‌ကြောင့် ဇန်နဝါရီလ ၃ရက်‌နေ့ ည‌နေခန့်က ဖြုတ်ချလိုက်ရခြင်းဖြစ်‌ကြောင်း သတင်းများထွက်‌ပေါ်လာပြီး‌နောက် KHRG မှ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

KHRG ဒါရိုက်တာ ‌နော်ထူးထူးက “ဒီလုပ်ရပ်‌တွေအ‌ပေါ်မှာ ကျမတို့ ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့က မတရား သဖြင့်ခံရတာမျိုး တန်းတူညီတူ မရှိဘူးလို့ ခံစားရတာမျိုးဖြစ်‌စေလာတာ‌ပေါ့။ ‌နောက်ပြီး ငြိမ်းချမ်း‌ရေး လုပ်ငန်း စဉ် ဆက်သွားဖို့အတွက်လည်း ယုံကြည်မှုကို ထိခိုက်‌စေတာ‌ပေါ့။ တစ်ဖက်မှာက ဗိုလ်ချုပ်‌အောင်ဆန်းရုပ်ထု စိုက်ထူတာကို ဆန့်ကျင်တဲ့ တိုင်းရင်းသား‌တွေကျ‌တော့ ဖမ်းဆီး‌ထောင်ချတာမျိုးလုပ်တယ်။ ဒီအ‌ပေါ်မှာ ကျမတို့မြင်တာက တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေး‌တွေက ဘာမှမရှိသလိုဖြစ်‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရ အ‌နေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးများ ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ ပြဌာန်း သတ်မှတ်ထားချက်များနှင့်အညီ တိုင်းရင်းသား လူမျိုးစုများ၏ သမိုင်းအ‌မွေအနှစ် ထိန်းသိမ်း‌စောင့်‌ရှောက်ခွင့်ကို ‌ပေးသင့်‌ကြောင်းလည်း ‌နော်ထူးထူးကဆိုသည်။

‌စောဘဦးကြီး၏ ကိုယ်တစ်ပိုင်ပုံတူ ‌ကြေးရုပ်ထုကို KNU-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း၏ စီစဉ်မှုဖြင့် ပြီးခဲ့သည့်ဩဂုတ်လက စိုက်ထူးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင်‌ဖေ‌ဖော်ဝါရီလတွင်လည်း KNU မှ ‌စောဘဦးကြီးရုပ်ထုအား ၎င်းတို့ ထိန်း ချုပ်နယ်‌မြေအတွင်း စိုက်ထူရန် စီစဉ်မှုကို တပ်မ‌တော်မှ လာ‌ရောက်တားမြစ်ခဲ့မှုဖြစ်ပွားခဲ့ပြီး စိုက်ထူခွင့်မရခဲ့ ‌သောဖြစ်စဉ်လည်း ဖြစ်‌ပေါ်ခဲ့ဖူးသည်။

အစိုးရ နှင့် တပ်မ‌တော် အ‌နေဖြင့် တိုင်းရင်းသားများသမိုင်းဝင် ပုဂ္ဂိုလ်မျာ ဂုဏ်ပြုခွင့်ကို ဆက်တိုက် တားမြစ် လာခဲ့ပြီး ဗမာလူမျိုးများနှင့် ဆက်စပ်‌သော အမှတ်အသားများကိုမူ တိုင်းရင်းသား‌ဒေသများတွင် အတင်းအဓမ္မ ချမှတ်ပြဌာန်းထားမှုများကို ဆက်တိုက်ပြုလုပ်ခဲ့‌ကြောင်းလည်း KHRG၏ ထုတ်ပြန်ချက်၌ ဆိုသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့်ဖြစ်ရပ်များအ‌နေဖြင့် ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်ရှိ ယခင် သံလွင်တံတား( ‌ချောင်းဆုံ)ကို ‌ဒေသခံ မွန်တိုင်းရင်းသားများ၏ ကန့်ကွက်မှု ပြုလုပ်သည့်ကြားမှ ဗိုလ်ချုပ်‌အောင်ဆန်း တံတား ဟု အမည်‌ပြောင်းလဲသတ်မှတ်ခဲ့သည့်ဖြစ်ရပ်နှင့် ၂၀၁၉ ခုနှစ်တွင် ကရင်နီ(ကယား) ပြည်နယ် လွိုင်‌ကော်မြို့ ပန်းခြံ၌ ဗိုလ်ချုပ်ရုပ်ထု ထားရှိမည့်ကိစ္စနှင့်ပတ်သက်၍‌ဒေသခံ ကရင်နီတိုင်းရင်းသားများ၏ ကန့်ကွက် ဆန္ဒပြမှုအ‌ပေါ် အကြမ်းဖက်ဖြိုခွဲခဲ့သည့် ဖြစ်ရပ်များလည်းရှိခဲ့ဖူးသည်။

လတ်တ‌လောဖြစ်ပွားခဲ့သည့် ‌စောဘဦးကြီးရုပ်ထု ကိစ္စရပ်ကို ဧရာဝတီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူအ‌နေဖြင့် ၎င်းကိစ္စရပ်အ‌ပေါ်သိရှိခဲ့ခြင်းမရှိ‌ကြောင်းနှင့် ရုပ်ထု တပ်ခြင်း ထားခြင်း နှင့်ပတ် က်၍လည်း ဥပ‌ဒေနည်းလမ်းအတိုင်းသွားရန်လိုအပ်‌ကြောင်း ယမန်‌နေ့က RFA သတင်းဌာန သို့ ‌ပြောဆိုထားသည်။

မြန်မာအစိုးရ အ‌နေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပါ အ ချက်များကို မြှင့်တင်ကာကွယ်‌လေးစားရမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ သမိုင်းဝင်ပုဂ္ဂိုလ်များအား ဂုဏ်ပြု ခြင်းများကို ‌နှောင့်ယှက်ဖျက်ဆီး ဟန့်တားမှုများကိုရပ်တန့်ရန် KHRG က ၎င်း၏ ထုတ်ပြန်ချက်၌ တိုက်တွန်း ထားသည်။