နိုဝင်ဘာ ၂၅ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”နှင့်ပတ်သက်၍ အရပ်ဖက်နှင့် နိုင်ငံရေးပါတီများမှ ကရင်ခေါင်းဆောင်အချို့၏ ပြောစကားများကို ထပ္မံ စုစည်းဖော်ပြလိုက်ပါသည်။
စောအယ်ကော် (စည်းရုံးရေးနှင့်ပြန်ကြားရေးတာဝန်ခံ၊ KYO – ကရင်လူငယ်အစည်းအရုံး)
ကျနော်တို့ နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်တွေထဲမှာ အရင်ကတည်းကကော အခုကော အမျိုးသမီးအကြမ်း ဖက်ခံရမှုတွေ ရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာသော်လည်းကောင်း အိမ်တွင်းမကဘဲ လုပ်ငန်းခွင်မှာသော်လည်းကောင်း ခွဲခြားဆက်ဆံခံနေရတဲ့အပိုင်းတွေရှိနေတာပေါ့နော်။ အထူးသဖြင့် အိမ်တွင်းအ ကြမ်းဖက်မှုမှာတော့ တော်တော်များများ အမျိုးသမီးတွေခံနေရတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဒေသ အသီးသီးမှာ သူ့ရိုးရာဓလေ့ ယုံကြည်ကိုးကွယ်မှုတွေရှိတယ်။ အဲဒါတွေကြောင့် ဥပဒေအရ တရားဝင် ပြဌာန်းတာ မဟုတ်သော်လည်း ပုံမှန်လိုမျိုး အမျိုးသမီးတွေကို ဖိနှိပ်ထားတွေရှိတယ်။
အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအများအားဖြင့်တော့ တိုင်ကြားတာတွေမရှိဘူးလို့ စစ်တမ်းအရ ပညာရှင် တွေက ပြောဆိုကြတာပေါ့နော်။ အဓိကတော့ ရိုးရာယဉ်ကျေးမှု ဘာသာဓလေ့အရ တိုင်တာမရှိဘူး။ ပြီးတော့ ဥပဒေ ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ ဒီနှစ်ခုက မြန်မာပြည်မှာ တော်တော်အားနည်းတယ်။ အမျိုးသမီးတွေမှာ သူတို့ ဖိနှိပ်ခံရတာတွေပြောဖို့ သူတို့မှာ အခွင့်အရေးမရှိဘူး။ ဥပဒေပိုင်းဆိုင်ရာမှာ သေသေချာချာပြဌာန်းထားတာတွေ မရှိ ဘူး။ သီးခြားရပ်တည်ပေးတဲ့ အာမခံချက်တွေ အကာကွယ်ပေးမှုတွေ အရေးယူမှုတွေ မြန်မာပြည်မှာ အားနည်းချက်ရှိ တယ်။
နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုအများကြီးရှိတယ်။ လက်ရှိ ရခိုင်ဒေ သမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခံရတဲ့ကိစ္စတွေ ဒါက အစိုးရတပ်မတော်ဘက်က ကျူးလွန်တဲ့အပိုင်းတွေ။ သို့သော် သူတို့ဘက် ပြန်လည်အရေးယူတဲ့အခါမှာ ဘယ်လိုပုံစံပြစ်ဒဏ်စီရင်လဲ၊ တရားမျှတမှုရှိရဲ့လား ဘာမှ သိသာမြင် သာမှု မရှိဘူး။ ဒီနစ်နာမှု သူတို့တိုင်ကြားတဲ့အပိုင်းက နည်းတယ်လို့ ကျနော်တို့မြင်တယ်။ အထူးသဖြင့် လိဒ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေက သူတို့ဖွင့်ပြောရဲဖို့အတွက် ဓလေ့ထုံးတမ်းအရ လူမှုပတ်ဝန်းကျင်အရ ကဲ့ရဲ့ခံရမှာ စိုးရိမ်နေတာတွေရှိတာကြောင့် ဖွင့်မပြောရဲတဲ့အပိုင်းတွေရှိတယ်။
အကြမ်းဖက်မှုပပျောက်ဖို့အတွက်က အပိုင်း ၂ပိုင်းခွဲပြီးပြောရမှာပေါ့။ တစ်ပိုင်းက အမျိုးသားအပါအဝင် အားလုံးပါဝင်သင့်တဲ့ အပိုင်းတစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ အစိုးရဘက်က အကြမ်းဖက်မှုပပျောက်ဖို့အတွက် အာမခံချက်ရှိပြီး ထိရောက်တဲ့ အကာအကွယ်ပေးတဲ့ဥပဒေတွေ ရှိဖို့လိုတယ်။ အဲဒီဘက်အပိုင်းမှာ တာဝန်ရှိတဲ့လူတွေ က တာဝန်ယူပြီးတော့ အောက်ခြေအထိ အကောင်ထည်ဖော်နိုင်အောင် ကြိုးစားရတဲ့အပိုင်းဖြစ်တယ်။ အမျိုးသားထု ကြီးတွေ အားလုံးပါဝင်သင့်တဲ့အပိုင်းကလည်း ဒီဟာကို သိရှိနားလည်ဖို့လိုတယ်။ ပညာပေးမှုအဆင့်တွေက ပြန်လည် မြှင့်တင်ဖို့လိုတယ်။ အသိပညာပေးမှုရရှိရင် ပူးပေါင်းပါဝင်မှုလည်း အားကောင်းလာမယ်လို့ ကျနော်ယုံကြည်တာပေါ့ နော်။
အမျိုးသမီးလို့ ကျနော်တို့ပြောလိုက်လို့ရှိရင် နိုင်ငံတစ်နိုင်ငံအရပ်သော်၎င်း ကျနော်တို့နေတဲ့ လူမှုဝန်းကျင်အရ သော်၎င်း လူ့အရင်းအမြစ်မှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တယ်။ အမျိုးသမီးကို ကျနော်တို့ ဥပေက္ခာပြု ခြင်း၊ ဖယ်ထုတ်ခြင်း၊ ဖိနှိပ်ခြင်းအားဖြင့် အကြမ်းဖက်ပြုခြင်းအားဖြင့် လူ့အရင်းအမြစ်တစ်ခုကို ဖျက်ဆီးခြင်းဖြစ်တယ် ပေါ့နော်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုတွေမှာ အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍက အရေးပါတယ်။ ဒါကြောင့် အမျိုးသမီးအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေကို ကျနော်တို့အားလုံးပူးပေါင်းပါဝင်ပြီး မှားနေတဲ့ အတွေးအခေါ်ဟောင်းတွေကို ပြန်လည်တိုက်ထုတ်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။
နော်ယုဇနဝါ (ဒုဥက္ကဌ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ)
ကျမတို့လူမှုပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေက များလာတယ်လို့တွေ့ရတယ်။ ရွှေ့ပြောင်းတွေများလာတဲ့ အခါမှာ စီးပွားရေးအဆင်မပြေမှု ပြဿနာကနေစပြီး အကြမ်းဖက်မှုတွေ အများကြီးတွေ့လာရတယ်။ ကရင်ကွန်မြူန တီမှာတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ မိသားစုတွေကျတော့ တော်တော်များများရှိမယ်ထင်တယ်။ အခုနောက်ပိုင်းမှာ လူတွေက စီးပွားရေးကြပ်တည်းလာတဲ့အချိန်မှာ အကြမ်းဖက်မှုတွေက ပိုပြီးဖြစ်လာတာကိုတွေ့ရတယ်။ ပြီးတော့ အမျိုးသမီးတွေကို ကာကွယ်နေတဲ့ဥပဒေတွေကလည်း အမျိုးသမီးတွေကို သိပ်မကာကွယ်နိုင်ဘူးလို့ ကျမထင်တယ်။ ဘာဖြစ်လဲဆိုတော့ တချို့တွေက ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူလို့မရတဲ့ဟာတွေရှိတယ်။ သူတို့ကိုယ်တိုင်က မတိုင် ရင် ပတ်ဝန်းကျင်က အရေးယူလို့မရဘူးလေ။ ကာယကံရှင်ကိုယ်တိုင်က အမှုဖွင့်မှ လုပ်လို့ရတဲ့ဟာတွေရှိတယ်။
အဲဒါကြောင့်မို့ ဥပဒေအရ အားနည်းတယ်ပေါ့နော်။ ဆိုလိုချင်တာက မိဘက ကလေးတစ်ယောက်ကိုရိုက်တာ .ကို တားမြစ်ချင်တာတောင်မှ ဥပဒေအရ လုပ်လို့မရဘူးပေါ့။ အကြမ်းဖက်ခံရတဲ့အမှုတွေက တချို့ ကျေးရွာအုပ်ချုပ် ရေးမှူးတွေဆီမှာ တိုင်ကြားတာ တက်လာတယ်လို့ပြောတာပဲ။ ဒါပေမယ့် (၁၀) မှုမှာဆိုရင် (၁) မှုပဲ ရောက်တယ်ပေါ့နော်။ ပြစ်မှုကြီးမှပဲ တိုင်ကြားတာရောက်တယ်လို့ တွေ့ရတယ်။ အသိပညာပေးမှုအပိုင်းတွေက အမျိုးသမီးအရေး လုပ်ဆောင် နေတဲ့ အမျိုးသမီးအဖွဲ့တွေက ရပ်ရွာတွေမှာ အသိပညာပေးနေတာ တွေ့ရတယ်။ အခုနောက်ပိုင်းတော့ အရှိန်နည်း နည်း လျော့လာတာလည်း တွေ့ရတယ်။
အကြမ်းဖက်မှုပပျောက်ဖို့က အားလုံးပါဝင်ဖို့လိုတယ်။ ဒီဥပဒေက လွှတ်တော်မှာလည်း ပြဌာန်းပေးဖို့လိုတယ်။ အုပ်ချုပ်ရေးမှူး ပြည်ထဲရေး၊ ရပ်မိရပ်ဖတွေ အားလုံးပါဝင်ဖို့လိုတယ်။ အဲဒါမှပဲ ပပျောက်ဖို့ ကျော်လွှားနိုင်မယ်။ ရပ်ရွာ ဒေသတွေမှာ အမျိုးသားအုပ်ချုပ်ရေးမှူးထက် အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေကပဲ ဒီအကြမ်းဖက်မှုတွေဟာ ပိုပြီး ကိုင် တွယ်တာကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတွေက အမျိုးသမီးအပေါ် သိပ်ပြီးကိုယ်ချင်းစာမတတ်ဘူး။ သူတို့အမျိုးသားတွေဘက်ကပဲ ပိုပြီး ဖေးမကူညီမှု များတာကိုတွေ့ရတယ်။
အမျိုးသမီးအကြမ်းဖက်မှုဥပဒေကို ပြဌာန်းပေးဖို့ ၂၀၁ဝတုန်းက ကျမတို့စဉ်းစားခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကြံ့ခိုင်ရေးတွေက လွှတ်တော်အမတ် ပိုပြီးများတဲ့အခါကျတော့ မဖြစ်မြောက်ခဲ့ဘူး။ သူတို့က ကလေးသူငယ်များဆိုင်ရာ ဥပဒေရှိနေပြီးသား။ ဒါကို မလိုအပ်ဘူးဆိုပြီးတော့ပေါ့နော်။ တကယ်တမ်းကျတော့ နိုင်ငံတစ်နိုင်ငံမှာ စံချိန်စံညွန်းနဲ့ အညီ ဥပဒေနဲ့ပြဌာန်းမှပဲ ကိုင်တွယ်ရတာပိုပြီးတော့ အဆင်ပြေတယ်။ ဥပဒေရှိရင် အမျိုးသမီးထုတွေကော၊ ကလေး တွေကော အားနည်းတဲ့သူအားလုံးအတွက် ပိုပြီး အားတစ်ခုဖြစ်သွားစေတာပေါ့။ အကြမ်းဖက်မှုကာကွယ်တဲ့ ဥပဒေရှိ ရင် အနီးအနား၊ ပြင်ပမှာရှိတဲ့လူကလဲ တိုင်ကြားပြီး အရေးယူခိုင်းလို့ရတာပေါ့။ ကျမတို့က အဲဒီအထိ လိုချင်တာ။ ဘာ ဖြစ်လို့လဲဆိုတော့ အကြမ်းဖက်မှုဖြစ်ရင် သူတို့မိသားစုအချင်းချင်းက မတိုင်ကြဘူးလေ။ အပြင်ကနေ ကြည့်တဲ့လူတစ် ယောက်က မသက်မသာဖြစ်တယ်လေး။ အဲဒါကြောင့်မို့ အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တဲ့ဥပဒေဟာ လိုကို လိုအပ် တယ်လို့ ပြောချင်ပါတယ်။
နော်ဆဲဆဲ (အထွေထွေအတွင်းရေးမှူး၊ WLB-Women League of Burma)
မြန်မာနိုင်ငံမှာ အမျိုးသမီးအကြမ်းဖက်မှုဖြစ်လာရင် သူတို့အမြဲတမ်းသုံးနေတဲ့ ရာဇသတ်ကြီးဥပဒေပေါ့။ ရာဇ သတ်ကြီးအောက်ကနေသွားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်တဲ့အခါမှာ ကျမတို့ကြည့်လိုက်တော့ ရာဇသတ်ကြီးမှာ လည်း သေသေချာချာ၊ ကောင်းကောင်းမွန်မွန် ပြထားတာမရှိဘူး။ ပြီးလို့ရှိရင် အမျိုးသမီး သီးသန့်ပြဌာန်းထားတဲ့ ဥပဒေ မရှိဘူး။ အမျိုးသမီးအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်တဲ့ ဥပဒေမူကြမ်းတော့ ထွက်ရှိတာ နှစ်ပေါင်း ၇နှစ် ကြာပြီးပေါ့နော်။
ဒါပေမယ့် အဲဒီဥပဒေမူကြမ်းကလည်း ကျမတို့ အမျိုးသမီးအားလုံးကို လွှမ်းခြုံတဲ့ ဥပဒေမူကြမ်း မဟုတ်ဘူးဆိုတာ ကျမတို့ အကြိမ်ကြိမ်အခါခါ ထောက်ပြတာလည်း ရှိတာပေါ့နော်။ အထူးသဖြင့် ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးအခြေအနေတွေကို လုံးဝကို မစဉ်းစားတာ။ ဥပဒေတစ်ခုထဲ မဟုတ်ဘူး။ အစိုးရဘက်မှာ အစီအစဉ်ဆွဲသမျှ ဥပမာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စကိုဆွဲရင်၊ စီမံကိန်းတွေ စီမံချက်တွေကိုဆွဲရင်လည်း မစဉ်းစားရဲကြဘူး။ နောက်တ ခုက ၂၀၁၃ကနေ ၂၀၂၂နှစ်အထိ အမျိုးသမီးမဟာဗျူဟာစီမံကိန်းတစ်ခုကိုလည်း (၁၀)နှစ်တာ စီမံကိန်းချခဲ့တယ်။ ဒါပေမယ့် စစ်ပဋိပက္ခမှာရှိနေတဲ့ စစ်ပြေးရှောင်၊ ဒုက္ခသည်အမျိုးသမီးတွေကို လုံးဝ ထည့်သွင်းမစဉ်းစားထားဘူးဆို တော့ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်တဲ့ကိစ္စတွေမှာ ဘယ်နေရာမှ မထည့်ထားဘူးပေါ့နော်။ အဲဒါကြောင့်မို့ ဒီနေ့ ဒီအချိန်ထိ ကျမတို့ ရင်ဆိုင်နေရတဲ့ ပြဿနာအကြီးကြီးတစ်ခုပေါ့။
ကျမတို့လိုက်ရတဲ့ အမှုတွေဟာဆိုရင် အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ကလေးသက်ငယ်မုဒိန်းမှုဆိုရင် လည်း များတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေမှာလည်း အများကြီးရှိတယ်။ အဲဒီအပြင် ဒီထက် မက အကြမ်းဖက်မှုအောက်မှာ ဓလေ့ထုံးထမ်းအရ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ ဒီနေ့ ဒီအချိန်အထိ ရှိတယ်။ တချို့ဆို ဓလေ့ထုံးထမ်းအရ စီမံဆုံးဖြတ်တာတွေရှိတာပေါ့နော်။ အဲဒါတွေဟာ အမျိုးသမီးတွေကို ပိုပြီး နစ်နာစရာတွေ ရှိသလို ဂုဏ်သိက္ခာအရ ပိုပြီး ထိခိုက်တာတွေရှိတာပေါ့နော်။ ကျမတို့ WLB က လိုက်ပါဆောင်ရွက်နေတဲ့ အမှုတော် တော်များများဆိုရင် တရားတော့ စီရင်လိုက်တယ်။ ဒါပေမယ့် တရားမျှတမှုတော့ မရဘူး။ ဥပမာ စစ်တပ်က ကျူးလွန် တဲ့အမှုတွေဆိုရင် အရေးကိုယူတာ မလုပ်ဘူး။ တော်တော်များများက ဒီလိုပြဿနာကို ငွေရေးကြေးရေးနဲ့ ဖြေရှင်းလိုက် တော့ တရားမျှတတာ၊ မမျှတာ မစဉ်းစားဘဲ ပြီးပြီဆိုပြီး အဲလိုအခြေအနေတွေ အများကြီးကြုံတွေ့ရတာပေါ့။
အကြမ်းဖက်မှုပပျောက်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်။ အစိုးရစနစ်ကောင်းဖို့လည်း အရမ်းအရေးကြီးတယ်။ အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာကလည်း အကြမ်းဖက်မှုပပျောက်ဖို့ တိတိကျကျ အကာအကွယ်ပေးပြီး သေချာထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့လည်း အရမ်းကိုအရေးကြီးတယ်ပေါ့နော်။ တစ်ဖက်မှာ လူမှုပတ်ဝန်းကျင်မှာလည်း ဒါတွေဟာ အကြမ်းဖက်မှုတွေပါဆိုပြီး အသိပညာရှိဖို့လိုသလို အကြမ်းဖက်မှုတွေက လူတွေကိုပိုပြီးတော့ ပဋိပက္ခ ဖြစ်စေတယ်ဆို တဲ့ အသိပညာကိုလည်း ဝေမျှဖို့နားလည်ဖို့လိုပါတယ်။
အကြမ်းဖက်မှုတွေရှိနေသ၍ ကမာ္ဘပေါ်မှာ ဘယ်လိုပဲ တည်ဆောက်တည်ဆောက် ငြိမ်းချမ်းရေးရမှာ မဟုတ် ဘူး။ အဲဒါကြောင့်မို့ ဒီလိုမျိုး ၁၆ရက်တာ လှုပ်ရှားမှုတွေ လုပ်ရတာက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ပပျောက်ဖို့ တရား မျှတမှု လူမှုအသိုင်းအဝိုင်းမှာ ရရှိဖို့အတွက်ကို ကျမတို့လုပ်ဆောင်ရတာဖြစ်တယ်။ အကြမ်းဖက်မှုတွေက ရှိနေသေးလို့၊ အကြမ်းဖက်မှုမပပျောက်သ၍ ၁၆ရက်တာလှုပ်ရှားမှုကို ဆက်လုပ်ရတာလည်းဖြစ်ပါတယ်။
နော်သဇင်တုပ် (တွဲဘက်အတွင်းရေးမှူး၊ KNDP- ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ)
အကြမ်းဖက်မှုပြောရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကိုပဲ အဓိက ပြောရမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာမှာဆိုရင် လူတွေအများစုကတော့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကတော့ သိသာထင်ရှားတာပေါ့။ ဒါပေမယ့် ကျမတို့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့စာရင် တစ်ခါတစ်လေစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ဘဝတစ်ခုလုံး လုံးဝ နင်းခြေပစ်တာမျိုးပေါ့။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာက ပိုပြီးတော့မှ တစ်ဖက်သားကို အတော်ကြီးကို ထိခိုက်စေ တယ်လို့ မြင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ပြောရင် ကျမတို့ရဲ့ စကားလုံးတွေကလည်း တဖက်သားရဲ့စိတ် ကို ရိုက်ချိုးပစ်တာမျိုး၊ လူကြားမတိုးရဲအောင် ဖြစ်စေတာမျိုး၊ ကြမ်းတမ်းတဲ့၊ နှိမ့္ချတဲ့ စကားလုံးတွေကို သုံးတာတွေ ကို ပိုပြီး ပြောချင်ပါတယ်။ အကြမ်းဖက်ခံရတာတွေက နေ့စဉ်နဲ့အမျှ ကြိမ်ဖန်ပေါင်းများ စွာ ဖြစ်လာရင် မကောင်းဘူး။ အပြင်လောကမှာဖြစ်ဖြစ် ကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမြှောက်နေပါလား ဆိုတာမျိုး က ကိုယ့်ကိုယ်ကို သတိထားဖို့လိုလာပြီ။
အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်တဲ့ဥပဒေတွေက ကျမ မြင်တာကတော့ လူတစ်ယောက်ကို ရုပ်ခန္ဓာအား ဖြင့် ပျက်စီးသွားတယ်ဆိုရင်တောင်မှ တကယ့် တကယ် ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါမှာ တရား ဥပဒေက အမျိုးသမီးဘက်မှာ မရှိတာများပါတယ်။ ဥပဒေက ဘယ်လိုပဲ သက်သေတွေ၊ သာဓကတွေနဲ့ ချပြနေပါစေ။ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ အရေးယူတာတွေ မရှိဘူး။ တချို့ဆိုရင် အက်ဆစ်နဲ့ အပက်ခံရတာတွေ၊ ရုပ်ပျက် ဆင်းပျက် အနိုင်ကျင့်၊ နှိပ်စက်ခံရတာတွေ ရှိတယ်။ ဒါကို ဥပဒေလမ်းကြောင်းအရ ကျမတို့ကို ကာကွယ်ထားတာ အရမ်း နည်းတယ်။ ကျမတို့နိုင်ငံရေးဥပဒေကြီးက လေးစားလိုက်နာမှု မရှိတာများတယ်။ ရှိပြီးသား ဥပဒေကလည်း မထိရောက်ဘူး။
ဒီ ထိခိုက်နစ်နာမှုကို ကျမတို့တိုင်ကြားတဲ့နေရာမှာ အထမြောက်ရုံမက ကျမတို့ ဘယ်လိုပြန်ပြီးတော့ ဒီဟာကို ပြန်ပေးဆပ်မှာလဲ ဆိုတဲ့အပိုင်းတောင် မပါလာပါဘူး။ ဒီနစ်နာမှုအတွက် ဘယ်လိုပြန်ပေးဆပ်မလဲဆိုတဲ့ ဥပဒေလမ်း ကြောင်းအရ ပြဌာန်းထားတာမရှိတဲ့အပြင် ထိခိုက်နစ်နာမှုအတွက်တော့ တရားခံတစ်ယောက်အနေနဲ့တောင်မှ သူတို့ မှာ ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်က မရှိနေပါဘူး။ ဒါက အတော်ကိုဆိုးရွားတဲ့ အချက်ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ တောင် ဒီလောက် ထင်သာမြင်သာ ဖြစ်နေတယ်ဆိုရင် စိတ်ဒဏ်ရာကို ကျမတို့ ဘယ်လို အရေးယူပေးမှာလဲ၊ ဘယ်လို ကုစားပေးမှာလဲ။ ဒီဟာတွေက ပိုပြီးတော့တောင် လေးနက်ပါတယ်။ ရုပ်ကြီးပဲ ထိခိုက်တာထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာကလည်း လူ့ဘဝတစ်ခုလုံး ရိုက်ချိုးပစ်တာနဲ့ အတူတူပါပဲ။
ကလေးသူငယ်တွေ သက်ငယ်မုဒိန်းဖြစ်တာတောင်မှ ကျမတို့တိုင်ကြားတဲ့အခါမှာ စွမ်းဆောင်ရည် အားနည်း ကြတယ်။ ကိုယ့်ရဲ့အနီးပတ်ဝန်းကျင် ဆွေမျိုးသားခ်င်းကိုယ်တိုင်တောင်မှ စွမ်းဆောင်မှု အားနည်းတယ်ဆိုရင် တရား ဥပဒေခုံရုံးတို့မှာ ကျမတို့ ရင်ဆိုင်ရတဲ့အခါ ပိုပြီးတော့ အားနည်းမှာပါပဲ။ ကိုယ့် အနီးအနားကလူတွေ သက်သေတွေက တောင်မှ ပူးပေါင်းမှု အားနည်းတာကို ကျမတို့ မြင်ရပါတယ်။ ဒီဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချ တဲ့ ရှေ့နေဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ် ရေးဆွဲထားတဲ့ လက်ရှိ ပြည့်စုံတဲ့တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မဏ္ဍိုင်ကြီးတစ်ခုလုံးကို ကျမတို့ အများကြီး ပြန်သုံးသပ်ဖို့ လိုပါမယ်။
အသိပညာပေးမွုတြေ မြို့ပေါ်တွေမှာပဲ ကျမတို့ အနည်းငယ် ပေးနိုင်ပါတယ်။ တကယ်မှာတော့ ထိရောက်မှု အတိုင်းအတာ အများကြီးလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ တချို့ကိစ္စတွေမှာ ကျမတို့ အသိပညာပေး လုပ်ပေ မယ့် တကယ်တမ်း ကျမတို့ လုပ်ဖို့အတွက်တောင်မှ ခွင့်ပြုချက်တွေ ပူးပေါင်းဆောင်ရွက်မှုတွေပါမှ ညွိနှိုင်းဆောင်ရွက် မှု တွေ အများကြီး ရှိပါတယ်။ ကျမတို့ တွင်တွင်ကျယ်ကျယ်လုပ်ဖို့ လိုလာပါပြီ။ အကြမ်းဖက်မှုက အမျိုးသားတွေက အမျိုးသ မီးတွေအပေါ်မှာ မကဘူး။ အမျိုးသားအချင်းချင်းတွေမှာလည်း ရှိလာပါတယ်။ ဒီအတွက်ကြောင့် ကျမတို့ အများကြီးကို ပြန်လည်သုံးသပ်သင့်တယ်။ မဏ္ဍိုင်တိုင်ကြီးတစ်ခုလုံးကို အသေအချာ ပြန်လည်ပြင်ဆင်ဖို့အတွက် တိုင်ပင်ဆွေးနွေးသင့်ပြီလို့ ကျမ ပြောချင်ပါတယ်။
ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေးကော်မတီ က အမျိုးသားလွှတ်တော်မှာလည်းရှိတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရှိပါတယ်။ ကျမတို့ တော်တော်များများကိုလည်း တွေ့ဆုံသွားပါပြီး ဒီကော်မတီမှာ တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျမတို့ တင်ပြပါတယ်။ တင်ပြတဲ့အခါမှာ ရှိပြီးသားဥပဒေတွေက ဆုံးဖြတ်ချက်ချတဲ့ တရားသူကြီးတွေရဲ့ ကဏ္ဍကလည်း တော်တော် အရေးပါတဲ့ကဏ္ဍ ဖြစ်လာပါတယ်။ အမျိုးသမီး ကော်မတီအဖွဲ့ကို ကျမတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့လည်း အချက် တော်တော်များများ တင်ပြပါတယ်လို့ ပြောပါ တယ်။ သဘောတူညီချက်တွေကိုတော့ မရရှိခဲ့ပါဘူး။ ဒီဥပဒေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေက မလိုအပ်ပါဘူး။
တိုင်ကြားရေးအဆင့်တွေက တခါတခါကြရင် ဆက်ပြီးတော့သွားလို့ မရတော့ဘူး။ ကျမတို့ ကရင်ပြည်နယ်မှာ လည်း သေသေချာချာ လုပ်ဖို့ လိုတယ်။ ဒီဟာတွေကို ကူညီဖို့လုပ်ဆောင်နေတဲ့ယန္တရားတွေ အကုန်လုံးကလည်း အဆင်သင့် ဖြည့်ပေးဖို့ လိုပါတယ်။ တစ်နေရာမှာတော့ အားကောင်းပြီး တစ်နေရာမှာတော့ ပြတ်သွားတာမျိုးဆိုရင် လုပ်ရကိုင်ရတဲ့အခါ အခက်အခဲ ဖြစ်တယ်။ ခုံရုံးပေါ်ရောက်လာရင်လည်း စိန်ခေါ်မှု အများကြီးရှိပါတယ်။
အကြမ်းဖက်မှုပေပ်ာက်ရေးအတွက် အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်းဌာနကတော့ အရမ်းအ ရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်သလို၊ တရားရေးမဏ္ဍိုင်၊ လုံခြုံရေးနဲ့ပတ်သက်ပြီး ရဲတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ် ပါတယ်။ ဓလေ့ထုံးတမ်းအရ အကြမ်းဖက်ခံရတဲ့ကိစ္စမှန်သမျှက ထုတ်မပြောပြကြဘဲ ကြိတ်ပြီးဖြေရှင်းကြတဲ့အခါကြ တော့ ရဲစခန်းကို လာတိုင်တဲ့အခါမှာ ရဲတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ နွေးနွေးထွေးထွေး ကြိုဆိုပေးဖို့လိုပါ တယ်။ လာတဲ့လူတစ်ယောက်ကို ရင်ဝကို ဆောင့်စေမယ့်စကားလုံးမျိုးနဲ့ မေးတာမျိုးထက် အားလုံး ဖေးမကူညီပြီး ပူးပေါင်းပါဝင်မှ ရမွာျဖစ္ပါတယ်။