Home သတင်း ‌ရေမည်းပြဿနာ အ‌ဖြေမှန်ရရှိ‌ရေး အစိုးရနှင့် ပူး‌ပေါင်းစစ်‌ဆေးရန် လိုအပ် ‌ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အရပ်ဖက်အဖွဲ့ ‌ပြောဆို

‌ရေမည်းပြဿနာ အ‌ဖြေမှန်ရရှိ‌ရေး အစိုးရနှင့် ပူး‌ပေါင်းစစ်‌ဆေးရန် လိုအပ် ‌ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အရပ်ဖက်အဖွဲ့ ‌ပြောဆို

2436

‌အောက်တိုဘာ ၂၃ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ဖားအံမြို့နယ်အတွင်းရှိ အချို့‌ကျေးရွာများတွင် ‌ရေမည်းလာသည့် အ‌ကြောင်းရင်း အ‌ဖြေမှန်သိရှိနိုင်‌ရေးအတွက် အစိုးရ နှင့်အတူ ပူး‌ပေါင်းစစ်‌ဆေးရန်လိုအပ်သည်ဟု ‌အောက်တိုဘာလ ၂ဝရက်‌နေ့က “ကရင်ပြည်နယ်မှ ‌ရေမည်းများ၊ အဆိပ် သင့်ဝန်းကျင်မှ ပြည်သူများဘဝ” အစီရင်ခံစာမိတ်ဆက်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ‌ရေမည်းကိစ္စကို သု‌တေသန ပြုလုပ်ထားသည့် အရပ်ဖက်အဖွဲ့များက ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ရေမည်း‌နေခြင်းနှင့်ပတ်သက်၍ တိကျသည့် အ‌ဖြေမှန်ထွက်ရှိရန် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း စစ်‌ဆေးထားခြင်းရှိသလို အရပ်ဖက်အဖွဲ့အစည်းဘက်တွင် စစ်‌ဆေးထားချက်များ ရှိပြီး ‌သော်လည်း စစ်‌ဆေးရာတွင် အချိန်အခါနှင့် ‌နေရာ ကွဲပြားသဖြင့် တူညီသည့်အ‌ဖြေမထွက်ရှိ‌သော‌ကြောင့် တိကျမှန် ကန်သည့် အ‌ဖြေရရှိရန် အချိန်ယူ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့လိုအပ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် သဘာဝပတ်ဝန်း ကျင်အ‌ရေး ‌ဆောင်ရွက်‌နေသည့် အရပ်ဖက်အဖွဲ့များက ‌ပြောသည်။

‌ရေမည်းစမ်းသပ်မှု ပြုလုပ်ထားသည့် စိမ်းလန်းအမိ‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေးအသင်း တည်‌ထောင်သူ ဒါရိုက်တာ ဦးမျိုး ဝင်းသူက “‌ရေညစ်ညမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့စည်းသီးသီးက‌နေပြီး‌တော့ ဓာတ်ခွဲစမ်းသပ် ရလဒ် ‌တွေ ထုတ်တယ်။ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ ဆို‌တော့ ငါ့ဘက်မှန်းတာချည်းပဲ ဆိုပြီး အဲလိုဖြစ်မှာစိုးရိမ်တယ်။ ကိုရတဲ့အချက်အလက်‌တွေကိုလိုရာစွဲပြီး သုံးတာ အင်မတန်အန္တရာယ်များတယ်။ ကျ‌နော်‌ပြောချင်တာက လိုရာမဆွဲပါ နဲ့။ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့လိုတယ်။”ဟု အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

သံလွင်မြစ်အ‌နောက်ဖက်ကမ်း မြိုင်က‌လေး‌ဒေသရှိ ‌ကျေးရွာအချို့တွင် ၂၀၁၉ခုနှစ် ‌အောက်တိုဘာလတွင် ‌ရေအ‌ရောင် စတင်‌ပြောင်းလဲလာကာ ‌ကျေးရွာ ၂၇ရွာရှိ ‌ရေတွင်း ၉၃၃တွင်းကို စစ်တမ်း‌ကောက်ယူထားပြီး ၅၁၇တွင်းမှာ ‌ရေအ‌ရောင် ‌ပြောင်းလဲလာ‌သော‌ကြောင့် အဆိုပါ ‌ရေအ‌ရောင်‌ပြောင်းလဲသည့် ‌ရေတွင်း ၅ဝရာခိုင်နှုန်း‌ကျော်ခန့်ကို ဆက်လက် အသုံး မပြု‌တော့သလို အချို့‌ဒေသခံများသည် ‌ရွေးချယ်စရာမရှိသည့်အတွက် ၂၅၂တွင်းကို ဆက်လက် အသုံးပြု‌နေရသည်ဟု အရပ်ဖက်အဖွဲ့၏ ‌လေ့လာဆန်းစစ်ချက် အစီရင်ခံစာတွင်လည်း ‌ဖော်ပြထားသည်။

ထို့အပြင် ‌ရေမည်းသည့်‌ဒေသရှိ တွင်း‌ရေများသည် ကမာ္ဘ့ကျန်းမာ‌ရေးအဖွဲ့-WHO ၏ သတ်မှတ်ထားသည့် စံနှုန်းအရ ‌သောက်သုံးရန် မသင့်သလို ‌ရေညစ်ညမ်းသည့်အ‌ကြောင်းရင်းသည် ‌ကျေးရွာအနီးရှိ ဘိလပ်‌မြေစက်ရုံ‌ကြောင့်ဟု ကနဦး သုံးသပ်ထားကြ‌သော်လည်း တိကျအ‌ဖြေမှန်ရရှိရန် အစိုးရ၊ နိုင်ငံတကာ ပညာရှင်များနှင့် ပူး‌ပေါင်းပြီး ထပ်မံစစ်‌ဆေးရန် လိုအပ်‌သေး‌ကြောင်း စိမ်းလန်းအမိ‌မြေအဖွဲ့ တာဝန်ရှိသူက ‌ပြောသည်။

‌ဒေသအတွင်း ‌ရေအ‌ရောင်‌ပြောင်းလဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့(MATA)နှင့် စိမ်းလန်းအမိ‌မြေဖွံ့ဖြိုးတိုးတက်‌ရေးအသင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ‌ဒေသခံများဦး‌ဆောင်ပြီး အားလုံးပူး‌ပေါင်းပါဝင်သည့် သု‌တေသနတစ်ခုပြုလုပ်ရန် ကရင်ပြည်နယ်အစိုးရထံ တင်ပြ ‌သော်လည်း ခွင့်ပြုချက်မ‌ပေးသလို လုပ်‌ဆောင်ပါက လုပ်ထုံးလုပ်နည်းအရ အ‌ရေးယူမည်ဖြစ်‌ကြောင်း ပြန်လည်ခြိမ်း ‌ခြောက်ခြင်းရှိသည်ဟု အရပ်ဖက်အဖွဲ့ဘက်က ‌ပြောဆိုသည်။

အလားတူ ‌ရေအ‌ရောင်‌ပြောင်းလဲခြင်းနှင့်ပတ်သက်၍ အ‌ဖြေမှန်ရရှိရန်အတွက် သဘာဝပတ်ဝန်းကျင်အ‌ရေး ‌ဆောင် ရွက်‌နေသူ ‌စောသာဘိုးကိုလည်း နိုင်ငံ‌တော်အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ကရင်ပြည်နယ်အစိုးရက ပြီးခဲ့ သည့် မတ်လတွင် တရားစွဲဆိုထားခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် MATA အဖွဲ့မှ မမိုးမိုးထွန်းက “လူထု‌တွေက ‌ရေမ‌သောက်ရလို့ ‌ပြော‌နေတာမဟုတ်ဘူး။ ‌ရေ‌ကြောင့် သူတို့ လူမှုစီးပွားပျက်စီးသွားမှာကို ကျမတို့‌ပြောတာ။ ‌ရေမ‌သောက်ရလို့ ‌ရေသွား‌သောက်ပြတာဟာ အ‌ဖြေ မဟုတ်ဘူး။ ကရင်ပြည်နယ်အစိုးရကို တိုက်တွန်းချင်တာက ‌ဒေသခံတိုင်းရင်းသားနဲ့အတူ ပူး‌ပေါင်းပါ။ ကာကွယ်‌ပေးပါ။ ငါတို့မှာ အာဏာရှိတယ်ဆိုပြီး ပြည်သူများကို ခြိမ်း‌ခြောက်ဟိန်း‌ဟောက်တာ‌တွေ မလုပ်ပါနဲ့။ လူထုနဲ့ အ‌ဖြေရှာဖို့ လုပ် ‌ပေးပါလို့ ကျမက ‌ပြောချင်တယ်။”ဟု ‌ပြောသည်။

EITI တွင် ပါဝင်သည့် ပြည်‌ထောင်စုအစိုးရ၏ ဂတိကဝတ်အရ သဘာဝပတ်ဝန်းကျင်နှင့်‌သော်၎င်း၊ သယံဇာတ စီမံအုပ် ချုပ်မှုနှင့် ပတ်သက်၍‌သော်လည်း‌ကောင်း၊ ပြည်သူလူထုကြားတွင် အရပ်ဖက်အဖွဲ့အစည်းမှ ကျယ်ကျယ်ပြန့်ပြန့် ‌ဆွေး‌နွေး‌ပြောဆိုနိုင်ခွင့်ရှိရမည်ဖြစ်သည်ဟု ပြည်‌ထောင်စုအစိုးရမှ ကတိကဝတ်‌ပေးပြီးဖြစ်‌သော်လည်း အဆိုပါ ကတိ ကဝတ်ကို ပြည်နယ်အစိုးရအ‌နေဖြင့် ချိုး‌ဖောက်‌နေသည်ကို ‌တွေ့ရှိရ‌ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုသွား သည်။

အမှတ်-၂ ဘိလပ်‌မြေစက်ရုံ (တန် ၄၀၀၀) အနီးတစ်ဝိုက်ရှိ ‌ကျေးရွာများတွင် ‌ရေအ‌ရောင်‌ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောသန်းထွဋ်က လွှတ်‌တော်၌ ‌မေးမြန်းထားခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်‌ရေးဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မိုးရာသီ မုတ်သုန်ဆုတ်ခွာမှု အချိန်‌စောသဖြင့် ‌ရေနည်းသွားပြီး အရွက် ဖတ်ပုပ်များနှင့် အနည်အမှုန်များ ပါဝင်‌နေမှု‌ကြောင့် သဘာဝဖြစ်စဉ်အတိုင်းသာ ဖြစ်နိုင်‌ကြောင်း ပြီးခဲ့သည့် မတ်လ ၆ရက်‌နေ့က ပြန်လည်‌ဖြေကြားခဲ့သည်။