Home သတင်း အမျိုးသားစာ‌ပေဆုရ စာ‌ရေးဆရာ ‌မောင်စင်ကြယ် ကွယ်လွန်ခြင်း ‌အောက်‌မေ့ဖွယ်ကျင်းပ

အမျိုးသားစာ‌ပေဆုရ စာ‌ရေးဆရာ ‌မောင်စင်ကြယ် ကွယ်လွန်ခြင်း ‌အောက်‌မေ့ဖွယ်ကျင်းပ

1843

ဩဂုတ် ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

အမျိုးသားစာ‌ပေဆုနှင့် စာ‌ပေလွတ်လပ်ခွင့်ဆုရ ထင်ရှားသည့် ကရင်စာ‌ရေးဆရာတစ်ဦးဖြစ် သည့် မန်းညွန့်‌မောင် (‌မောင်စင်ကြယ်) ကွယ်လွန်ခြင်း‌အောက်‌မေ့ဖွယ် အခမ်းအနားတစ်ခုကို ယ‌နေ့ ရန်ကုန်တွင် ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို သူ့အား‌လေးစားချစ်ခင်ကြသည့်ရန်ကုန်ရှိ မိတ်‌ဆွေများ၊ စာ‌ပေဝါ သနာရှင်များမှ ကမကထပြုလုပ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ကျင်းပရာတွင် စာ‌ရေးဆရာ ‌မောင်စင်ကြယ်‌ရေးသားသည့် စာ‌ပေများအ‌ကြောင်း၊ စာ‌ပေ လူပ်ရှားမှုများအ‌ကြောင်း၊ ဖြတ်သန်းမူအမှတ်တရများအ‌ကြောင်း စသည်တို့ကို သူ့အား‌လေး စားချစ်ခင်ကြသည့် စာ‌ပေပညာရှင်များ၊ မိတ်‌ဆွေများမှ ပြန်လည်‌ပြောဆို‌ဆွေး‌နွေးခဲ့ကြသည်။

Covid-19 ကာလအ‌ခြေအ‌နေများအရ ယ‌နေ့ကျင်းပသည့် ‌အောက်‌မေ့ဖွယ်အခမ်းအနားကို ကျန်းမား‌ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ အကျဉ်းချုံးကျင်းပခဲ့ကြခြင်းလည်း ဖြစ် သည်။

ဩဂုတ်လ ၂၃ ရက်‌နေ့က ဩစ‌တြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကွယ်လွန်သွားသည့် အသက် ၈၆ နှစ်ရှိ မန်းညွန့်‌မောင်(‌မောင်စင်ကြယ်)မှာ မြန်မာစာ‌ပေ‌လောကတွင် ထင်ရှားသည့် ကရင် လူမျိုးစာ‌ရေးဆရာတစ်ဦးဖြစ်ပြီး ဝတ္ထု၊ ကဗျာ၊ အထုပ္ပတ္တိ၊ ကရင်ရိုးရာယဉ်‌ကျေးမူ၊ ဓ‌လေ့၊ ရသ၊ သုတစသည့်စာ‌ပေများကို ‌ရေးသားခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။