Home သတင်း မဲ‌ပေးခွင့်ရှိသူများ မဲ‌ပေးနိုင်‌ရေး ကရင်အရပ်ဘက်အဖွဲ့မှ မဲအသိပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်မည်

မဲ‌ပေးခွင့်ရှိသူများ မဲ‌ပေးနိုင်‌ရေး ကရင်အရပ်ဘက်အဖွဲ့မှ မဲအသိပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်မည်

3219

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

လာမည့် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ပြုလုပ်မည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်တွင်းရှိ မဲ‌ပေးပိုင်ခွင့်ရှိသူများအားလုံး မဲ‌ပေးနိုင်‌ရေးအတွက် ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်း များကွန်ယက်(Karen State Civil Society Network – KSCN)မှ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ ‌ပေးလုပ်ငန်းများ စတင်လုပ်‌ဆောင်သွားမည်ဟု သိရသည်။

အဆိုပါ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းကို စက်တင်ဘာလ ၁ ရက်မှ ‌အောက်တိုဘာ လကုန်အထိ ၂ လတာ ပြုလုပ်သွားမည်ဟု KSCN ၏ ဦး‌ဆောင်‌ကော်မတီဝင် ‌စော‌ကျော်စွာက ယ‌နေ့ (ဩဂုတ် ၂၄)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “၂၀၂ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲမှာ မဲ‌ပေးပိုင်ခွင့် ရှိသူအားလုံး မဲ‌ပေးနိုင်ဖို့အတွက် ‌ဆော် ဩတဲ့ ရည်ရွယ်ချက်ပါပဲ။ မဲ‌ပေးတိုင်း ခိုင်လုံမဲဖြစ်ဖို့ အ‌ရေးကြီးတဲ့အတွက် ခိုင်လုံမဲဖြစ်‌အောင် လိုက် ပြီး‌တော့ ပညာ‌ပေးဖို့ဖြစ်တယ်။” ဟု ‌ပြောသည်။

International Foundation for Electoral Systems-IFES က ‌ငွေ‌ကြေး‌ထောက်ပံ့မှုဖြင့် KSCN မှ ဦးစီးလုပ်‌ဆောင်သွားမည့် ယခုအစီအစဉ်တွင် ပြည်နယ်တွင်းရှိ မြို့နယ် ၇ မြို့နယ်လုံးတွင်သာမက ရှမ်းပြည်နယ်၊ ပင်‌လောင်း မြို့နယ်ပါ ပါဝင်ပြီး စုစု‌ပေါင်း ၈ မြို့နယ်၌ စနစ်တကျ ဖြန့်ကျက်အသိပညာ ‌ပေးသွားမည်ဟု ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

ထို့သို အသိပညာ‌ပေးရာတွင် မဲရုံပုံစံများပြုလုပ်ကာ ပယ်မဲမဖြစ်‌စေဘဲ ခိုင်လုံမဲဖြစ်လာရန် မဲ‌ပေးပုံ‌ပေး နည်းများ၊ သရုပ်ပြပုံစံများ၊ ဇာတ်လမ်းတိုရိုက်ကူးပြီး ပြသခြင်းများ၊ ကားဖြင့်လှည့်လည်‌ဆော်ဩခြင်း များကို ပြုလုပ်သွားမည့်အပြင် လူမှုကွန်ယက်(online) မှတဆင့်လည်း ပညာ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအတွက် ‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများ(Voters Education) လုပ်‌ဆောင်ရာတွင် အချိန်နည်းခြင်း၊ COVID ကာလဖြစ်‌သော‌ကြောင့် လူဦး‌ရေ ကန့်သတ်‌ဆောင်ရွက် ရခြင်းစသည့် စိန်‌ခေါ်မှုများရှိ‌နေ‌ကြောင်းလည်း KSCNက ‌ပြောသည်။

Karen State Civil Society Network -KSCN အဖွဲ့ကို ကရင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ ၇ဝ ဖြင့် ၂၀၁၃ ခုနှစ်က ကွန်ယက် စတင်ချိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့‌ပေါင်း ၁၀ဝ ဝန်းကျင် အထိ စုဖွဲ့ချိတ်ဆက်ထားနိုင်ပြီဖြစ်‌ကြောင်း သိရသည်။