Home သတင်း ရွာသား ၅ဦး တစ်ရက်တည်း ‌ခွေးကိုက်ခံရမှုဖြစ်စဉ်အ‌ပေါ် ‌ဒေသခံများ စိုးရိမ်မှုဖြစ်‌နေ

ရွာသား ၅ဦး တစ်ရက်တည်း ‌ခွေးကိုက်ခံရမှုဖြစ်စဉ်အ‌ပေါ် ‌ဒေသခံများ စိုးရိမ်မှုဖြစ်‌နေ

4577

ဇူလိုင်လ ၃၁ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေဖြစ်သည့် မူ‌တြော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်တွင် ဇူလိုင်လ ၂ဝရက်‌နေ့က ဖြစ်ပွားခဲ့‌သော ‌ဒေသခံ ၅ဦးအား တစ်ရက်တည်းတွင် သာမန်မဟုတ်သည့် ‌ခွေးကိုက်ခံရမှုဖြစ်စဉ်‌ကြောင့် ယခုအချိန်တွင် ‌ဒေသခံ ရွာသူရွာသားများအကြား စိုးရိမ်မှုဖြစ်‌ပေါ်လျက်ရှိ‌ကြောင်း သိရသည်။

လူ‌သောမြို့နယ်အတွင်းရှိ ‌သေးသူခီးရွာသား (၃)ဦးနှင့် တယူခီးရွာသား (၂)ဦးတို့ကို သက်ဆိုင်ရာ ‌ကျေးရွာ များက ‌မွေးမြူထားသည့်‌ခွေးများ မဟုတ်ဘဲ ‌ဒေသခံများ ‌ခွေးရူးဟု ယူဆ‌နေကြသည့် ‌ခွေးနှစ်‌ကောင်၏ အကိုက်ခံရမှုဖြစ်စဉ်မှာ တစ်ရက်အတွင်း ဖြစ်ပွားခဲ့ပြီး သာမန်‌ခွေးများကဲ့သို့ မဟုတ်ခြင်း‌ကြောင့် ‌ဒေသခံများက စိုးရိမ်မှုများရှိ‌နေ‌ကြောင်း ပြည်တွင်းဌာနမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ (Committee for Internally Displaced Karen People – CIDKP)၏ မူ‌တြော်ခရိုင် တာဝန်ခံ ‌နော်ချယ်ရီက ‌ပြောသည်။

သူမက“‌ဒေသခံ‌တွေက အခု ‌ခွေးက နှစ်‌ကောင်ပဲ ‌တွေ့‌သေးတာ။ သူတို့ ယူဆတာက ဒါက စစ်တပ်စခန်း ‌တွေက‌နေ တမင်လွှတ်တာမျိုးဖြစ်‌နေရင် တခြားအ‌ကောင်‌တွေ ရှိ‌နေအုံးမလားဆိုတာရယ်၊ ဒီ‌ခွေး‌တွေက တကယ့် ‌ခွေးရူးအစစ်‌တွေဖြစ်ပြီး ‌ဒေသခံ‌ခွေး‌တွေကို ကိုက်မိလို့ ပိုးကူးပြီး ပိုများလာမှာကို စိုးရိမ်ကြတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဖြစ်ရပ်အ‌ပေါ် ‌ကေအဲန်ယူ၊ လူ‌သောမြို့နယ်က မူတ‌ရော်(ဖာပွန်)ခရိုင်သို့ တင်ပြထားမှု‌ကြောင့် လိုအပ် သည့် ကြိုတင် ကာကွယ်မှုများပြုလုပ်ရန် ခရိုင်မှ ပြန်လည်ညွှန်ကြားထားပြီး ၎င်း‌ဒေသခံများကို ကိုက်သွားသည့် ‌ခွေးများ၏ အရင်းအမြစ်များကိုလည်း တာဝန်ရှိသူများမှ စုံစမ်းစစ်‌ဆေးလျှက်ရှိ‌ကြောင်းလည်း ‌နော်ချယ်ရီက ဆက်‌ပြောသည်။

‌ခွေးအကိုက်ခံထားရသည့် ‌ဒေသခံရွာသားများကို လိုအပ်သည့် ကာကွယ်‌ဆေးထိုး‌ပေးရန် ခရိုင်ရုံးသို့ ‌ပေးပို့ထား ‌သော်လည်း ၎င်းနယ်‌မြေ၌ ‌ခွေးရူးကာကွယ်‌ဆေးမှာ လုံ‌လောက်မှုမရှိဘဲဖြစ်‌နေသည်ဟု ‌ဒေသအတွင်းရှိ ကျန်းမာ‌ရေး ဝန်ထမ်းများက ‌ပြောသည်။

ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW တာဝန်ခံ ပဒို‌စောဒိုင်းမွန်ခင်က “ဒီကိုက်သွားတဲ့ ‌ခွေး‌တွေက ‌ခွေးရူး ဟုတ်မဟုတ်ဆိုတာက အတည်ပြုနိုင်ဖို့ လူနာ‌တွေရဲ့ အ‌ခြေအ‌နေ ခရိုင်ကိုလှမ်း‌မေးထားတယ်။ ဒါ‌ပေမဲ့ အ‌ကြောင်းမပြန်လာ‌သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်အတွက် ကျ‌နော်တို့ ခရိုင် (၇)ခုမှာ ‌ခွေးရူး ကာကွယ်‌ဆေး ထားဖို့ လိုလာပြီး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့က ‌ခွေးကိုက်ခံရသည့် ‌သေးသူခီး‌ဒေသခံဖြစ်ကြသူ အသက်(၄၅)နှစ်အရွယ် ‌စော‌ကော်‌ရေထူးမှာ ‌ခြေသ လုံး၌ လည်း‌ကောင်း၊ အသက်(၄၂)နှစ်အရွယ် ‌နော်ဘူးကြာမှာ ‌ပေါင်‌နေရာ၌ အကိုက်ခံခဲ့ရသလို အသက် (၅၀)နှစ်အရွယ် ‌စော‌ကော်ဝါးထူးမှာလည်း လုံချည်အဆွဲခံခဲ့ရသည်။ ၎င်းအပြင် အခြား‌ခွေးတစ်‌ကောင်က တယူခီးရွာသား အသက် (၆၀)နှစ်အရွယ် ‌စောအဲစယ်အား လက်၊ ‌ပေါင်၊ ‌ခြေ‌ထောက်၊ ခါးနှင့် လည်ပင်း တို့၌လည်း‌ကောင်း အသက် (၁၆)နှစ်အရွယ် ‌စော‌ကော်သူးမှာ လက်နှင့် ‌ခြေ‌ထောက်တို့၌လည်း‌ကောင်း အကိုက်ခံခဲ့ရသည်။

ကိုက်သွားသည့် ‌ခွေးနှစ်‌ကောင်အနက် တစ်‌ကောင်ကို ပစ်သတ်နိုင်ခဲ့‌သော်လည်း ကျန်တစ်‌ကောင်မှာ လွတ်‌မြောက်‌နေဆဲဖြစ်သည်ဟု ‌ကေအဲန်ယူ ‌ဒေသတွင်း တာဝန်ရှိသူများက ‌ပြောသည်။

ယင်းသို့ ပစ်သတ်ဖမ်းဆီးမိ‌သော ‌ခွေးမှာ ရပ်ရွာတွင်းမှ ‌ခွေးများမဟုတ်ဘဲ အခြား‌ဒေသမှ ယူ‌ဆောင်လာ ‌သော‌ခွေးဖြစ် ‌ကြောင်း ‌ဒေသခံများက အတည်ပြုထားကြသည်။ ထို့အပြင် အခင်းဖြစ်ပွားသည့် ရွာနှစ်ရွာ အနီးတွင် မြန်မာစစ်တပ်၏ ‌ခေးပူတပ်စခန်း တည်ရှိ‌နေသလို ယခင်ကလည်း မြန်မာစစ်တပ်သည် ‌ရှေ့တန်း တပ်စခန်းများသို့ ‌ခွေးရူးများကို သယ်‌ဆောင်လာကာ ပဋိပက္ခဖြစ်ပွားသည့်‌ဒေသများတွင် လာ‌ရောက်လွှတ် ထားခြင်းများရှိခဲ့ဖူး‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဌာနချုပ်၏ လူမှုကွန် ယက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။