Home သတင်း နယ်ပယ်စုံလူငယ်နှင့်‌ကျောင်းသားများ လွှတ်‌တော်အခင်းအကျင်းသို့ သွား‌ရောက်‌လေ့လာ

နယ်ပယ်စုံလူငယ်နှင့်‌ကျောင်းသားများ လွှတ်‌တော်အခင်းအကျင်းသို့ သွား‌ရောက်‌လေ့လာ

1987

မတ်လ ၁၁ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်အတွင်း နယ်ပယ်စုံရှိ လူငယ်များနှင့်‌ကျောင်းသားများစု‌ပေါင်း၍ ပြည်နယ်လွှတ်‌တော်၏ အခင်း အကျင်းအ‌ခြေအ‌နေကို ယမန်‌နေ့ (မတ်လ ၁ဝ ရက်)တွင် သွား‌ရောက်‌လေ့လာမှု တစ်ခုပြုလုပ်ခဲ့ကြ‌ကြောင်း လူမှု‌ရေးရာသု‌တေသနအဖွဲ့ (RISE)မှ တာဝန်ရှိသူများထံမှ သိရသည်။

အ‌ပြောင်းအလဲ အ‌ရွေ့တစ်ခုကို အတူတကွ သွားနိုင်ရန် ရည်ရွယ်ပြီး RISEအဖွဲ့မှ ဦး‌ဆောင်၍ ပြည်နယ် အ‌ခြေ စိုက် နိုင်ငံ‌ရေးပါတီ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ အရပ်ဖက်၊ စာ‌ပေယဉ်‌ကျေးမှု ‌ကျောင်းသား အစရှိ သည့် နယ်ပယ်စုံ လူငယ်များစု‌ပေါင်း၍ သွား‌ရောက်‌လေ့လာခဲ့ခြင်းဖြစ်သည်ဟု အစီအစဉ် ညှိနှိုင်း‌ရေးမှူး နန့်ရှု ယဉ်‌ဌေးက ‌ပြောသည်။

၎င်းက“လွှတ်‌တော်မှာ ဘယ်လို အခင်းအကျင်းနဲ့ လုပ်ထားတယ်ဆိုတာကို သိ‌စေချင်တယ်။ လူငယ်‌တွေကြ ‌တော့ အဲ့လို အခင်းအကျင်းထဲကို မ‌ရောက်ဖူးနိုင်ဘူး။ လွှတ်‌တော်ရဲ့လုပ်‌ဆောင်ချက်ကိုလည်းမြင်‌စေချင်တယ်။ လွှတ်‌တော်ရဲ့ လှည်ပတ်‌နေတဲ့ ယန္တရားကိုလည်း သူတို့ကို သိ‌စေချင်တယ်။ အဲ့လိုသိမှ ပြုပြင်‌ပြောင်းလဲမှု တစ်ခုကို သွားနိုင်မယ်လို့ မြင်တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ လွှတ်‌တော်အခင်းအကျင်း‌လေ့လာမှုအစီအစဉ်တွင် ပြည်နယ်လွှတ်‌တော်တာဝန်ရှိသူများမှ လွှတ်‌တော် အ‌ဆောက်အဦးအတွင်း လုပ်ငန်းစဉ်လှည်ပတ်သည့် ‌နေရာများကို လိုက်လံပြသ‌ပေးပြီး ပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌဦး‌စောချစ်ခင် အပါအဝင် လွှတ်‌တော်ရုံးညွန်ကြား‌ရေးမှူး ‌ဒေါက်တာ သက်‌ဇော်ဦး ၊ လွှတ်‌တော် ကိုယ် စားလှယ် ဦးသန့်ဇင်‌အောင် နှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုး‌ရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်တို့မှ လက်ခံ‌တွေ့ဆုံ၍ လွှတ်‌တော်၏ လှည်ပတ်မှု ယန္တရား အ‌ခြေအ‌နေများကို ရှင်းလင်း‌ပြောပြ‌ပေးခဲ့သည်။

ထို့အပြင် တက်‌ရောက်‌လေ့လာကြသည့် ‌ကျောင်းသားလူငယ်အသီးသီးမှ လွှတ်‌တော်အတွင်း လုပ်‌ဆောင်ထား ခဲ့မှုအ‌ခြေအ‌နေ၊ မလုပ်‌ဆောင်နိုင်‌သေးသည့် အ‌ခြေအ‌နေ၊ လွှတ်‌တော်၏ လုပ်‌ဆောင်နိုင်မှု အတိုင်းအတာ၊ အခန်းကဏ္ဍ နှင့် အတည်ပြုပြဌာန်းခဲ့သည့် အ‌ခြေအ‌နေများကို ‌မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ‌ဖြေကြားမှုများပြုလုပ်ခဲ့သည်။

တက်‌ရောက်‌လေ့လာသူများတွင် ကရင်နိုင်ငံ‌ရေးပါတီမှလူငယ်များ၊ တက္ကသိုလ်‌ကျောင်းသူ ‌ကျောင်းသားများ၊ ကရင်/ပအိုဝ်း စာ‌ပေယဉ်‌ကျေးမှုမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းမှ လူငယ်များ၊ ကရင်လက် နက်ကိုင်အဖွဲ့မှလူငယ်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ‌ကျောင်းမှ ‌ကျောင်းသား‌ကျောင်းသူများအပြင် Trinity International Collegeမှ မဟာတန်း‌ကျောင်းသား‌ကျောင်းသူများ စုစု‌ပေါင်း ၃၀‌ကျော်ပါဝင်တက် ‌ရောက်‌လေ့လာခဲ့ကြသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးမှ လူငယ်ကိုယ်စားလှယ် ‌စောဂျက်ပစီက “ကျ‌နော်အ‌နေနဲ့ လွှတ်‌တော်ရဲ့ ယန္တရားကြီးကို အားရ‌ကျေနပ်မှုမရှိဘူး။ လူဦး‌ရေ တစ်ရာ‌ကျော်‌လောက် ရှိ‌နေရမဲ့ ယန္တရားတစ်ခု‌ပေါ့။ အခုက ၅ဝ ‌ကျော်ပဲသုံးထားတယ်ဆိုကတည်းကလုပ်ပုံမဟုတ်တာ‌ပေါ့။ ‌ပြောချင်တာက ယန္တရားကို ‌မောင်းနှင်တဲ့ လူက တစ်ဝက်ပဲရှိတဲ့အခါကျ‌တော့ တခြမ်းပဲ ‌မောင်းနိုင်တဲ့ ပုံစံမျိုး‌ပေါ့။ အဲ့လိုမျိုး‌လေ့လာမိတယ်” ဟု ‌ကေအိုင်စီ သို့‌ပြော သည်။

လက်ရှိ ကရင်ပြည်နယ်လွှတ်‌တော်၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ်လွှတ်‌တော်အပြီး ဥပ‌ဒေ ၂၃ခု အတည်ပြု ပြဌာန်းထားခဲ့ပြီး ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်တွင် စီမံကိန်း ၅ ခုကိုလည်း အတည်ပြု ပြဌာန်းထား ‌ကြောင်း ပြည်နယ်လွှတ်‌တော်က ဆိုသည်။

အဆိုပါ စီမံကိန်းတွင်လည်း ဘားကပ်‌ကျေးရွာ သံလွင်မြစ်ကမ်းရှိ တန် ၄၀၀ဝ ခံနိုင်ဝန် ဆိပ်ကမ်းတည် ‌ဆောက် ‌ရေးစီမံကိန်း၊ ဖားအံမြို့နယ် ‌တောင်က‌လေး‌ကျေးရွာ တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်းများအပြင် ဖားအံမြို့ နှင့် မြဝတီမြို့အတွင်း ‌ဖော်‌ဆောင်တည်‌ဆောက်မည့် အခြား စီမံကိန်း (၃)ခုလည်းပါဝင်‌ကြောင်း သိရသည်။

အလားတူ RISE အဖွဲ့မှ ဦး‌ဆောင်စီစဉ်မှုဖြင့် လွှတ်‌တော်အတွင်း နယ်ပယ်စုံ ‌ကျောင်းသားလူငယ်များ ‌လေ့လာ မှုကို ပြီးခဲ့သည့် နှစ်များတွင်နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ယခုအကြိမ်တွင် တတိယအကြိမ်‌မြောက် ‌လေ့လာမှု ပြုခြင်းဖြစ်သည်။