Home သတင်း တိုင်းရင်းစာသင်ဆရာများအား ခွဲခြားဆက်ဆံခြင်းမပြုရန် ပြည်နယ်၊ ကရင်စာ/ယဉ်အသင်း ‌တောင်းဆို

တိုင်းရင်းစာသင်ဆရာများအား ခွဲခြားဆက်ဆံခြင်းမပြုရန် ပြည်နယ်၊ ကရင်စာ/ယဉ်အသင်း ‌တောင်းဆို

3338

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

တိုင်းရင်းသား ဘာသာစာ‌ပေသင်ကြား‌ပေး‌နေ‌သော ဆရာ၊ ဆရာမများအား ခွဲခြားဆက်ဆံမှုများ မဖြစ်‌ပေါ်‌စေရန်အတွက် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှ ပြည်နယ်ပညာ‌ရေးမှူးထံသို့ ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်‌နေ့စွဲဖြင့် စာ‌ပေးပို့ တင်ပြ‌တောင်းဆိုထား‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ခန့်အပ်ထားသည့် တိုင်းရင်းစာ‌ပေသင်ဆရာများမှာ ၎င်းတို့တာဝန် ကျသည့် ‌ကျောင်းအချို့တွင် ခွဲခြားဆက်ဆံခံရခြင်း‌ကြောင့် အလုပ်မှ နုတ်ထွက်‌နေမှုများရှိ‌နေခြင်းအ‌ပေါ် ယခုလို တင်ပြ‌တောင်းဆိုရခြင်းဖြစ်‌ကြောင်း ပြည်နယ် ကရင်စာ/ယဉ် ဥက္ကဋ္ဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုင်းရင်းဆရာ၊ ဆရာမ‌တွေက သူတို့ရဲ့ ကိုယ်‌ရေးကိုယ်တာကိစ္စ‌ကြောင့် နုတ်ထွက်တာရှိသလို ‌ကျောင်းအုပ် ‌တွေရဲ့ မတူမတန်သလို ခွဲခြား ဆက်ဆံမှု‌တွေ‌ကြောင့် နုတ်ထွက်သွားတာလည်း ရှိ‌နေတုန်းပါပဲ။ ဒီလိုနုတ်ထွက်တာ ပိုများလာရင် တိုင်းရင်းသားစာ‌ပေ‌တွေ တိုးတက်လာရမယ့်အစား ဆုတ်ယုတ်မှုကို ပိုဖြစ်လာ‌စေတယ်။” ဟု ‌စော‌အေးမြက ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၁၄ ရက်) တွင် ‌ပြောသည်။

ထို့အပြင် ပညာ‌ရေးဌာန တာဝန်ရှိသူများအ‌နေဖြင့် သက်ဆိုင်ရာ‌နေရာ၊ ‌ဒေသနှင့်လိုက်‌လျောညီ‌ထွေမှုဖြစ်‌စေသည့် ပညာ‌ရေးဝန်ထမ်းများထားရှိ‌ပေးခြင်းအပြင် အ‌ခြေခံပညာ‌ရေးအမျိုးသားမူဝါဒ၊ အမျိုးသားပညာ‌ရေး ဥပ‌ဒေနှင့် တိုင်းရင်း သားအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေများအား ရှင်းလင်းချပြပြီးတိကျ ပြည့်စုံ‌သော ညွှန်ကြားချက်များ ထုတ်ပြန်‌ပေးခြင်းအားဖြင့်လည်း ခွဲခြားဆက်ဆံမှု ‌လျော့နည်းလာမည်ဖြစ်‌ကြောင်း ‌စော‌အေးမြက ဆိုသည်။

၂၀၁၉-၂၀၂ဝ ပညာသင်နှစ် တစ်နှစ်အတွင်း ကရင်ပြည်နယ်ရှိ တိုင်းရင်းသားဘာသာစာ‌ပေသင် Teaching Assistant (TA)‌နေ့စား လ‌ပေးနှင့် Language Teacher(LT) ဆရာ၊ ဆရာမ စုစု‌ပေါင်း ၃၅ ဦးမှာ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် နုတ် ထွက်သွား‌ကြောင်း တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှုဦးစီးဌာန(ကရင်ပြည်နယ်)၏ စာရင်းအရ သိရသည်။

ကရင်စာ‌ပေ (TA ‌နေ့စားလ‌ပေး)ကို ၂၀၁၈ ခုနှစ်တွင် စတင်သင်ကြားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် နုတ်ထွက်စာ တင်ခဲ့သည့် လှိုင်းဘွဲ မြို့နယ်၊ အထက်‌ရေပူရွာမှ လက်ရှိ အ‌ဝေးသင်တက္ကသိုလ်တက်‌နေသူ ‌နော်နီနီထွန်းက နုတ်ထွက်ရ ခြင်းနှင့်ပတ်သက်၍ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “‌ကျောင်းအုပ်က ခွဲခြားဆက်ဆံတယ်လို့ ခံစားရပါတယ်။ ပါးစပ်နဲ့‌တော့ မ‌ပြောဘူး‌ပေါ့‌နော်။ အလုပ်လုပ်ရင်းနဲ့ ခံစားရလို့။ ညီမနဲ့‌တွေ့ရင် အမြဲမျက်နှာမာတယ်။ ကိုယ့်အလုပ်မဟုတ်တဲ့ စာရင်းဇယား‌တွေလည်း လုပ်ခိုင်းတယ်။ မမှန် ‌တော့လည်း ဆူတယ်။ ကြာ‌တော့ ညီမ စာမသင်ချင်‌တော့ဘူး။ ဘွဲ့ရပြီးမှ ဆရာမပြန်လုပ်ဖို့ စိတ်ကူးထားတယ်။” ဟု ‌ပြောသည်။

ကရင်ပြည်နယ်ရှိ အစိုးရစာသင်‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေများ ထည့်သွင်းသင်ကြားခွင့်ရသည့် ၂၀၁၄ ခုနှစ်မှစ၍ ကရင်စာ‌ပေ တိုးတက်လာသည့်အပိုင်းများရှိ‌သော်လည်း ကရင်မိဘပြည်သူနှင့် ‌ကျောင်းအုပ်၊ ဆရာ၊ ဆရာမအချို့က စာ ‌ပေသင်ကြားရာတွင် အား‌ပေးအား‌မြှောက်ခြင်း နည်းပါး‌နေ‌သေးသည်က စာ‌ပေတိုးတက်‌ရေးတွင် အဟန့်အတားများဖြစ်‌နေ ‌သေး‌ကြောင်း ပြည်နယ် စာ/ယဉ်ဥက္ကဋ္ဌ ‌စော‌အေးမြက သုံးသပ်‌ပြောဆိုသည်။

မြို့နယ်(၇)ခုဖြင့် ဖွဲ့စည်းထားသည့် ကရင်ပြည်နယ်ရှိ အ‌ခြေခံပညာ‌ရေး‌ကျောင်းများတွင် ၂၀၁၄ ခုနှစ်မှစ၍ တိုင်းရင်းသား စာ‌ပေများအဖြစ် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်းအပြင် ကယန်း၊ က‌ယော စသည့် တိုင်းရင်းသားစာ‌ပေများလည်း သင်ကြားလျက် ရှိ‌ကြောင်း သိရသည်။