Home သတင်း ရဲတပ်ဖွဲ့ဝင် အင်အားနည်းသည့်အတွက် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူများကို ဖမ်းဆီးရန် ခက်ခဲဟု KNU ‌ပြော

ရဲတပ်ဖွဲ့ဝင် အင်အားနည်းသည့်အတွက် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူများကို ဖမ်းဆီးရန် ခက်ခဲဟု KNU ‌ပြော

2810

စက်တင်ဘာလ ၂၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ရဲတပ်ဖွဲ့ဝင်အင်အား လုံ‌လောက်မှုမရှိသည့်အတွက် မူးယစ်‌ဆေးဝါး‌ရောင်းဝယ်‌ဖောက်ကားသူများကို ဖမ်းဆီးနိုင်ရန် ခက်ခဲ ‌ကြောင်း စက်တင်ဘာ ၂၂ ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာခန်းမ‌ဆောင်တွင် ပြုလုပ်ကျင်းပသည့် KNU-ကရင်အမျိုးသားအစည်းရုံး ဝင်း‌ရေးမြို့နယ် ဌာနဆိုင်ရာများနှင့် လူထု‌တွေ့ဆုံပွဲတွင် မြို့နယ်‌ကော်မတီဝင် ပဒိုမန်းရှထူး‌ဝေါ်က ‌ပြောသည်။
“ဘိန်းစာရွက်စိုက်မည့်အစား ဝင်‌ငွေရမယ့် ဟင်းသီးဟင်းရွက်‌တွေ စိုက်ပျိုးကြပါ။ ‌ဆေးစွဲပြီး ကြိုးဆွဲချ‌သေတာ မိသားစု‌တွေအ ‌ပေါ်မှာ ပြန်ပြီးဒုက္ခ‌ပေးတာရှိတယ်။ ‌နောင်မျိုးဆက်‌တွေပါ ထိခိုက်တယ်။ မြင်း‌ဆေး‌ရောင်းတာ‌တွေ အခြားဟာ‌တွေကအစ ကျ ‌နော်တို့မဖမ်းရဲဘူး။ ဝင်း‌ရေးမြို့နယ်မှာ ရဲ ၂၈ ‌ယောက်ပဲရှိတယ်။ ရဲအင်အား‌တွေ လာပို့‌ပေးရင် ကျ‌နော်တို့ ဖမ်းမယ်။” ဟု ပဒိုမန်း ရှထူး‌ဝေါ်က ‌ပြောသည်။

မိမိတို့‌ဒေသအတွင်း မူးယစ်‌ဆေးဝါးနှင့် ‌လောင်းကစားဝိုင်းများသည် မျိုးဆက်လူငယ်များ၏ အနာဂတ်ကို ထိခိုက်ပျက်စီးနိုင်‌စေ သည့်အတွက် ကြိုတင်ကာကွယ်သွားရမည်ဖြစ်ပြီး ဆက်လက်လုပ်‌ဆောင်မှုမပြုလုပ်ကြရန် ပဒိုမန်းရှထူး‌ဝေါ်က ‌တွေ့ဆုံပွဲတွင် တိုက်တွန်း‌ပြောဆိုသွားသည်။

ထို‌နေ့ ‌တွေ့ဆုံပွဲအခမ်းအနားတွင် KNU၏ တည်ဆဲဥပ‌ဒေများ တရာမမှု၊ ရာဇဝတ်မှု ဥပ‌ဒေဆိုင်ရာများကို ရှင်းလင်း‌ပြောကြားပြီး မြို့နယ်အတွင်း မူးယစ်‌ဆေးဝါးများ ‌ရောင်းဝယ်သုံးစွဲခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ‌လောင်းကစားနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ‌နေထိုင်မှုစည်းမျဉ်းစည်းကမ်းများကို KNU တာဝန်ရှိဘက်က ဖတ်ကြားသွားသည်။

မူးယစ်‌ဆေးစွဲသူများ ပြန်လည်ထူ‌ထောင်‌ရေးအသင်း၏ ကရင်ပြည်နယ် လူငယ်ဒုဥက္ကဌ ‌စောမြတ်သူက “ တားမြစ်တဲ့ ထုတ်ပြန် ‌ကြေညာချက်‌တွေ မကြာမကြာထုတ်ပြန်ပါတယ်။ တစ်ကယ့်‌မြေပြင်မှာ လုပ်‌နေတာရှိ‌သေးတယ်။ လူထုနဲ့ပူး‌ပေါင်းမှုအားနည်း တယ်။ ‌ရောင်းဝယ်သုံးစွဲသူ‌တွေကို ဖမ်းဆီးအ‌ရေးယူတာတစ်ခုနဲ့ မရဘူး။ ပညာ‌ပေးမှု‌တွေ ချပြ‌ပေးဖို့လိုတယ်။ ဖမ်းတယ်။ ပြန် လာတယ်။ ပြန်လုပ်တယ်။ ဒီလိုပဲ သံသရာလည်‌နေတယ်။ ချမှတ်ထားတဲ့ မူဝါဒ‌တွေ‌ကောင်း‌ပေမယ့် လိုက်နာမှု အားနည်း‌နေတာ မြင်ရတယ်။ ဒီအတွက် ပူး‌ပေါင်းလုပ်‌ဆောင်ဖို့‌နေရာမှာ စိန်‌ခေါ်မှုရှိ‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ KNU တာဝန်ရှိသူများနှင့် လူထု‌တွေဆုံပွဲ အခမ်းအနားသို့ ‌ဒေသခံ လူထု ၃ဝဝ‌ကျော် တက်‌ရောက်ခဲ့ကြပြီး တက်‌ရောက် လာသူများမှ လမ်း၊ ‌ရေတံခါး၊ ‌မွေးမြူ‌ရေး ကိစ္စရပ်များကို တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။ KNU ဝင်း‌ရေးမြို့နယ်အ‌နေဖြင့် မူးယစ်‌ဆေး ဝါး‌ရောင်းဝယ်သုံးစွဲသူများကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ အရှိန်မြှင့်ဖမ်းဆီးအ‌ရေးယူ‌ဆောင်ရွက်လာသည့်အတွက် မူးယစ်‌ဆေး‌ရောင်းဝယ်သုံးစွဲသူဦး‌ရေ ၃ဝဝ နီးပါးနှင့် ‌ဆေးပြားအလုံး‌ရေ တစ်သိန်း‌ကျော် ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့ပြီး အများပြည်သူ‌ရှေ့တွင် ၄ ကြိမ်တိုင် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု KNU တာဝန်ရှိသူများက ‌ပြောသည်။