Home သတင်း မြဝတီမြို့ တိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မှုအတွက် ‌နေအိမ်ဖျက်ခံရသူများ နစ်နာမှုမရှိ‌စေရန် ‌ဆောင်ရွက်‌ပေးမည်ဟု ကရင့်လက်နက်ကိုင်အဖွဲ့‌ပြော

မြဝတီမြို့ တိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မှုအတွက် ‌နေအိမ်ဖျက်ခံရသူများ နစ်နာမှုမရှိ‌စေရန် ‌ဆောင်ရွက်‌ပေးမည်ဟု ကရင့်လက်နက်ကိုင်အဖွဲ့‌ပြော

2912

ဇူလိုင် ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီမြို့ တုိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မှုအတွက် ‌နေအိမ်ဖြိုဖျက်ခံရသူများ နစ်နာမှုမရှိ‌အောင် ‌ဖြေရှင်း‌ဆောင် ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း ယမန်‌နေ့ (ဇူလိုင် ၂ ရက်) နံနက်က မြဝတီမြို့ ကရင့်အမျိုးသားနှစ်သစ်ကူး ကွင်း၌ ပြုလုပ်သည့် ကရင့်လက်နက်ကိုင် ၄ ဖွဲ့နှင့် တိုးချဲ့ရပ်ကွက် ‌ဖော်‌ဆောင်မည့် ‌နေရာတွင်းရှိ ပြည်သူများနှင့် ‌တွေ့ဆုံပွဲတွင် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများက ‌ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇွန်​လ ၂၉ ရက်​ နှင်​့ ၃ဝ ရက်​​‌နေ့များတွင် ကရင်​ပြည်​နယ်​အစိုးရအဖွဲ့၏ လမ်​းညွှန်​မှုဖြင်​့​ အစိုးရ တာ ဝန်​ရှိသူများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှတာဝန်ရှိသူတိုပါဝင်သည့် စုစု‌ပေါင်း လူအင်အား ၂၅ဝခန့်က ‌မြေတူးစက်၊ ‌မြေထိုးစက်ယန္တရားများ၊ လူအင်အားများဖြင့် မြဝတီတိုးချဲ့ရပ်ကွက် ၆ နှင့် ၇ အတွင်းရှိ ‌နေအိမ်များကို ဖယ်ရှားရှင်းလင်းမှုများ လုပ်‌ဆောင်ခဲ့ကြသည်။

၎င်းလုပ်‌ဆောင်မှုနှင့်ပတ်သက်၍ ယမန်‌နေ့က ကရင်​အမျိုးသားအစည်​းအရုံး- KNU တပ်​မဟာ ၇ မှ ဗိုလ်​မှူး ကြီး​‌စော​‌ဖောဒို၊ ကရင်​ပြည်​နယ်​ နယ်​ခြား​‌စောင်​့တပ်​များ (B.G.F) အ​‌ထွေ​‌ထွေအတွင်​း​‌ရေးမှူး ဗိုလ်​မှူးကြီး ​‌စော ချစ်​သူ၊ KNU/KNLA-PC- ငြိမ်​းချမ်​း​‌ရေး​‌ကောင်​စီမှ ဗိုလ်​မှူးကြီး ​‌စော​‌ရွှေ​‌ကျော်​နှင့် ဒီမိုက​‌ရေစီအကျိုးပြု ကရင်​့ တပ်​မ​‌တော်​-DKBAမှ ဒုဗိုလ်​မှူးကြီး ​‌စော​‌ဝေ့ထူးတို့ပါဝင်​​‌သော ကရင်​့လက်​နက်​ကိုင်​ ၄ ဖွဲ့မှ ​‌ခေါင်​း​‌ဆောင်​များနှင်​့ တိုးချဲ့ရပ်ကွက်တွင်းရှိ ပြည်သူ ၂ဝဝ ‌ကျော်တို့‌တွေ့ဆုံစဉ် လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

နယ်​ခြား​‌စောင့်တပ်​များ အ​‌ထွေ​‌ထွေအတွင်​း​‌ရေးမှူး ဗိုလ်​မှူးကြီး ​‌စောချစ်​သူက“တိုးချဲ့ရပ်​ကွက်​ ၆၊ ၇ ​‌ဖော်​​‌ဆောင်​ရန်​အတွက်​ ကရင်​ပြည်​နယ်​အစိုးရအဖွဲ့​နဲ့ ကရင်​့လက်​နက်​ကိုင်​ ၄ ဖွဲ့တို့ သုံးကြိမ်​မက ​‌ဆွေး​‌နွေးခဲ့​တယ်။ အဲဒါကို ‌ဖော်​​‌ဆောင်​ရာမှာ ကရင်​့လက်​နက်​ကိုင်​များနဲ့ ပတ်​သက်​မှုရှိပါက တာဝန်​ယူမည်​ဟု ‌ပြော ထားခဲ့ပါတယ်​။ အဲ့ဒါ​‌ကြောင်​့ ​‌ဒေသတာဝန်​ရှိသူများ ​‌ကောက်​ထား​‌သောစာရင်​းအရ အိမ်​​‌ခြေ ၄၃ဝ ထဲမှာ ပါဝင်​​‌သော ပြီးခဲ့တဲ့ ၂၉ ရက်​နဲ့ ၃ဝ ရက်​​‌နေ့က ဖျက်​ခဲ့တဲ့ အိမ်​ရာပိုင်​ရှင်​များရဲ့ နစ်​နာမှုကို ၁၀ဝ ရာခိုင်​နှုန်​း အပြည်​့အဝမဟုတ်​​‌ပေမယ်​့ ၇ဝ ရာခိုင်​နှုန်​းအထိ ပြန်​လည်​ရရှိ‌အောင်​ အ​‌ကောင်​းဆုံး​‌ဆောင်​ရွက်​​‌ပေးပါမယ်​။ ”ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားသည်။

ထို့အပြင် ကျန်​ရှိ‌နေ‌သေးသည့် ​‌နေအိမ်​များကိုလည်း ထပ်​မံမဖျက်​​‌အောင်​ တာဝန်​ယူ​‌ကြောင်​း၊ သို့​‌သော်​ ရပ်​ကွက်​​‌ဖော်​​‌ဆောင်​သည်​့​‌နေရာတွင်​ လမ်​းနှင်​့မလွတ်​​‌သော အိမ်​အချို့သာဖယ်​ရှားပြီး နီးစပ်​ရာတွင်​ ပြန်​လည်​​‌နေရာချထား​‌ပေးမည်​ဖြစ်​​‌ကြောင်​း၊ ​‌နေအိမ်​မ​‌ဆောက်​ထား​‌သော်​လည်​း ၎င်းတို့လက်​နက်​ကိုင်​အဖွဲ့များထံမှ ဝယ်​ယူထား​‌သော စာချုပ်​စာတမ်​းတင်​ပြနိုင်​သူများကိုလည်း နစ်​နာမှုမရှိ​‌အောင်​ ​‌ဆောင်​ရွက်​​‌ပေးမည်​ဖြစ်​​‌ကြောင်​း ဗိုလ်မှူးကြီး ‌စောချစ်သူက ဆက်‌ပြောသည်။

ကရင်​အမျိုးသားအစည်​းအရုံးမှ ဗိုလ်​မှူးကြီး​‌စော​‌ဖောဒိုကလည်း “ငြိမ်​းချမ်​း​‌ရေးနဲ့ ​‌မြေယာပြဿနာမှာ ငြိမ်​းချမ်​း​‌ရေးက အ​‌ရေးကြီး​ပါတယ်။ ရပ်​ကွက်​ ၆၊ ၇ ​‌မြေယာပြဿနာမှာ ကျ‌နော်တို့အ‌နေနဲ့ အ​‌ကောင်​းဆုံး​‌ဖြေရှင်​း​‌ပေးမည်​ဖြစ်​​ပါတယ်။ တရားမဝင်​​‌မြေများကို တရားဝင်​​‌မြေဖြစ်​​‌အောင်​ ​‌ဆောင်​ရွက်​​‌ပေးမယ်လို့ အစိုးရနဲ့ သ​‌ဘောတူညီမှုရရှိထားပြီး ဒီက‌နေ့ ​‌ဆွေး​‌နွေးပွဲသို့ ​‌ရောက်​ရှိလာ​‌သောပြည်​သူများအ​‌နေနဲ့ ‌သောကမထားပါနဲ့ ၊ ကျ‌နော်တို့ အတတ်​နိုင်​ဆုံး ညှိနှိုင်​း​‌ပေးပါမယ်”ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်​။

‌မြေဧရိယာ ၅၄ဝ ဒသမ ၇၁ ဧကရှိ ၎င်းတိုးချဲ့ရပ်ကွက် ၆၊ ၇ ‌ဖော်‌ဆောင်မည့် ‌မြေ‌နေရာသည် တပ်​စွန်​့လွှတ်​​‌မြေဖြစ်​ပြီး လူ‌နေထိုင်ခြင်းမရှိဘဲ ‌ဆောက်လုပ်ထားသည့်‌နေအိမ် ၂၇၅ လုံးကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ ‌နေအိမ်ဖယ်ရှားခံရသူများအ‌နေဖြင့် အစားထိုး‌နေရာများ ပြန်​လည်​ရရှိရန်​ သက်ဆိုင်ရာသို့ ‌နေထိုင်ခွင့်‌လျှောက် ထားပါက မဲကနယ် မြို့ သစ်အိမ်ရာစီမံကိန်းတွင် ‌ပေ(၂ဝ x ၆ဝ) ‌မြေ‌နေရာများဖြင့် အစားထိုး ပြန်လည်‌ပေးအပ် သွားမည်ဖြစ်‌ကြောင်း မြို့နယ်တာဝန်ရှိသူများက ‌ပြောဆိုထားသည်။

‌ဆွေး​‌နွေးပွဲသို့ တက်​​‌ရောက်​လာ​‌သော တိုးချဲ့ရပ်​ကွက်​ ၆ တွင် ‌နေထိုင်သူ နန်​းမူခွယ်​က “သူတို့က​‌တော့ ဖြစ်​ဖျက်​ပြီးတဲ့ ကိစ္စရပ်​များအ​‌ပေါ် အ​‌ကောင်​းဆုံးဖြစ်​​‌အောင်​ ​‌ဖြေရှင်​း​‌ပေးမယ်​လို့ပဲ ​‌ပြောပါတယ်​။ ဘယ်​အချိန်​ ဘယ်​ကာလမှာ နစ်​နာမှုအတွက်​ ဘယ်​လိုပြန်​ကူညီမလဲဆိုတာကို အတိအကျ ကတိကဝတ်​​‌တော့ မ​‌ပေး သွားပါဘူး။ လက်​ကျန်​အိမ်​​‌တွေကို​‌တော့ မဖျက်​ဘူးဆို​‌ပေမယ်​့ အစိုးရစီမံခန်​့ခွဲခွင်​့အခွန်​အဖြစ်​ ​‌ငွေသွင်​းရမယ်​လို့ ဆိုပါတယ်​။ သွင်​းရမယ်​့​‌ငွေက သင်​့တင်​့မျှတမှုမရှိဘဲ အဆမတန်​များ​‌နေမယ်​ဆိုရင်​ ကျမတို့အ​‌နေနဲ့ မ သွင်​းနိုင်​မှာကို စိုးရိမ်​​တယ်”ဟု ‌ပြောသည်။

အငြင်းပွားမှုဖြစ်‌ပေါ်‌နေသည့် မြဝတီမြို့ ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့် ‌မြေ‌နေရာကို ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်မထိုးခင် ၂ဝ၁၂ ခုုနှစ်ကတည်းက ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်သ‌ဘော တူညီချက်အရ ‌မြေ ၁၁၇ ဧက ခန့်ကို ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒနှင့်အညီ လက်မှတ်ထိုးပြီး ပိုင်ဆိုင်ခွင့် ထုတ်‌ပေးထားခြင်းဖြစ်သည် ဟု လယ်​ယာနှင်​့ စိုက်​ပျိုး​‌ရေးဌာနမှူး ဖားအံခရိုင်​ အမြဲတမ်​း​‌ကော်​မတီဝင်​ ပဒို‌စောပီတာသိန်​းဒိုက ဇွန်လ ၁၂ ရက်‌နေ့က ပြုလုပ် သည့် ရပ်ကွက်သစ်‌ဖော်‌ဆောင်မည့်ကိစ္စ ‌နေအိမ်ဖယ်ရှားခံရမည့်သူများ ရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

မြဝတီမြို့ တိုးချဲ့ ရပ်​ကွက်​ ၆၊ ၇ ​‌ဖော်​​‌ဆောင်​ရန်​အတွက်​ ​‌ဒေသအာဏာပိုင်​များက ယခုနှစ် ​‌မေလ ၃၁ရက်​​‌နေ့က အဆိုပါ​‌နေရာတွင်​ ​‌နေထိုင်​သည်​့ ပြည်​သူများအား ၁၄ ရက်အတွင်း ဖယ်ရှား‌ပေးရန်နှင့် မဖယ်ရှားပါက ဥပ‌ဒေအရ အ‌ရေးယူမည်ဟူ‌သော နို့တစ်(အသိ‌ပေးစာ) ဗီနိုင်းစိုက်ထူထားမှုကို ယင်း‌နေရာတွင် ‌နေထိုင်ကြ‌သော ပြည်သူများ ကို အထိတ်တလန့်ဖြစ်‌စေရန် ခြိမ်း‌ခြောက်စာသ‌ဘောဖြစ်၍ ‌ကျေနပ်မှုမရှိဟုဆိုကာ ဇွန်လ ၁၂ရက်‌နေ့တွင် ‌နေ အိမ်ဖယ်ရှားခံရမည့်သူများက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြသည်။ ထို‌နောက် ‌နေအိမ်ဖယ်ရှားခံမည့် ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၇ ရက်‌နေ့တွင် ဖားအံမြို့၌ သွား‌ရောက်ဆန္ဒထုတ် ‌ဖော်ကြမည့် ပြည်သူများ စီးနင်း လိုက်ပါလာသည့် ‌မော်‌တော်ယာဉ်အား ‌ကော့ကရိတ်​မြို့ ၊ လှိုင်​ဝဂိတ်​အ​‌ရောက်​တွင်​ တားမြစ်ခံခြင်းခဲ့ရ‌သေး သည်။

ပြီးခဲ့သည့် ၂၉ ရက်​​‌နေ့က ရပ်​ကွက်​ ၆၊ ၇ တွင်​ ​‌ဒေသတာဝန်​ရှိသူများမှ ​‌နေအိမ်​များကို ဖယ်​ရှားရှင်းလင်​း​‌ရေး​‌ဆောင်​ရွက်​စဉ်​ နန်​းမူခွယ်​၊ နန်​း​‌စေး​‌ဖော၊ ဦးမင်​း​‌ဆွေ၊ နန်​း​‌အေး​‌အေးကြိုင်​နှင့် ဦးလင်​းလင်​း​‌အောင်​တို့က တာဝန်​ရှိသူများအား ​‌ပြောဆို ပြုမူ​‌ဆောင်​ရွက်​မှုအ​‌ပေါ် ​​‌နေအိမ်​ဖယ်​ရှားရှင်​းလင်​း​‌ရေး (A)အဖွဲ့ မှ မြဝတီခရိုင်​အား ကစား နှင်​့ကာယပညာဦးစီးဌာန လက်​​‌ထောက်​ညွှန်​ကြား​‌ရေးမှူး ဦးသိုင်​းထွန်​း​‌ဇော်​က တရားလိုပြုလုပ်​၍ မြဝတီမြို့ မရဲစခန်​းတွင်​ (ပ)၈၃၀/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ ၂၉၄၊ ၃၅၃၊ ၁၄၇၊ ၅၀ဝ တို့ဖြင်​့ အမှုဖွင်​့ထား​‌ကြောင်​း သိရ သည်​။