Home သတင်း က‌လေးသူငယ် အခွင့်အ‌ရေးဆိုင်ရာဥပ‌ဒေ ကန့်ကွက်ရှုတ်ချပွဲ ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်း ပြုလုပ်

က‌လေးသူငယ် အခွင့်အ‌ရေးဆိုင်ရာဥပ‌ဒေ ကန့်ကွက်ရှုတ်ချပွဲ ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်း ပြုလုပ်

2379

ဇွန်လ ၃ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ပြည်‌ထောင်စုလွှတ်‌တော်တွင် ယခုလ ဇွန်လ ၇ရက်‌နေ့က အတည်ပြုခဲ့သည့် က‌လေးသူငယ်အခွင့်အ‌ရေး ဆိုင်ရာ ဥပ‌ဒေ ပြင်ဆင်ချက်နှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲကို ယမန်‌နေ့ (ဇွန် ၂၉ ရက်)က ကရင်ပြည်နယ် ဖားအံမြို့‌တော်နှင့် ‌ကော့ကရိတ်ခရိုင်တို့တွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ (USDP)မှ ဦး‌ဆောင်၍ ဆန္ဒထုတ်‌ဖော်ခဲ့‌ကြောင်း သိရသည်။

ယမန်‌နေ့ ‌နေ့လည် ၁၂ နာရီအချိန်ခန့်က ‌ကော့ကရိတ်ခရိုင်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပြုလုပ်‌သော ဆန္ဒ‌ဖော်ထုတ်ပွဲတွင် လူအင်အား ၃ဝဝ ခန့်ပါဝင်ပြီး ပြည်‌ထောင်စုလွှတ်‌တော်က အတည်ပြုလိုက်သည့် က ‌လေးသူငယ်ဆိုင်ရာ ဥပ‌ဒေပြင်ဆင်ချက်အား ကန့်ကွက်သည့်အ‌နေဖြင့် က‌လေး‌မွေးစားခွင့်အား ၁၉၈၂ နိုင်ငံ သားဥပ‌ဒေနှင့်အညီ ပြင်ဆင်ပြဌာန်းနိုင်‌ရေး၊ နိုင်ငံသားမဟုတ်သည့် က‌လေး‌မွေးစားခွင့် ဥပ‌ဒေအား ကန့် ကွက်သည်နှင့် ပြည်‌ထောင်စုလွှတ်‌တော်မှ အတည်ပြုထား‌သော က‌လေးသူငယ်အခွင့်အ‌ရေးဆိုင်ရာဥပ‌ဒေအား ပြန်လည်စိစစ်‌ရေးအစရှိသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်‌ဆောင်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

၎င်းအပြင် နိုင်ငံသားမဟုတ်သည့် က‌လေးသူငယ်‌မွေးစားခွင့်အား (ဒို့လက်မခံ)၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပ‌ဒေ ပုဒ်မ(၇၃)အား လွှမ်းမိုးရန်အကြံ (ဒို့လက်မခံ)၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပ‌ဒေ ထာဝရတည်တံ့အသက်ဝင်‌နေ‌ရေး (ဒို့အ‌ရေး)၊ နိုင်ငံ‌တော်နှင့်နိုင်ငံသားများအတွက် အကျိုးမရှိ‌သောဥပ‌ဒေတစ်ရပ်ပြဌာန်းခြင်းအား (လုံးဝ လက်မခံ)နှင့် အိမ်ရှင်ကို ဧည့်သည်ကန်ထုတ်မည့်အကြံ (လုံးဝလက်မခံ)၊ အစရှိသည့် ‌ကြွေး‌ကြော်သံ ၅ ရပ်အား ‌ကြွေး‌ကြော်၍ ငြိမ်းစုစီဥပ‌ဒေနှင့်အညီ ဆန္ဒထုတ်‌ဖော်ခဲ့ကြ‌ကြောင်း ဦး‌ဆောင်သူများက ‌ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်အလုပ်အမှု‌ဆောင် ‌ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦး‌အောင်မြင့်သိန်းက “၂၀၁၉ ဇွန် ၇ ရက်‌နေ့မှာ ပြည်‌ထောင်စုလွှတ်‌တော်က‌နေ အတည်ပြုလိုက်တဲ့ က‌လေးသူငယ်အခွင့်အ‌ရေး ဆိုင်ရာ ဥပ‌ဒေကို ပြည်ခိုင်ဖြိုးပါတီမှ ဦး‌ဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်ရှုတ်ချပွဲများ ပြု လုပ်‌နေပါတယ်။ အခု ဆန္ဒထုတ်‌ဖော်ရာမှာလည်း ဇွန်လ ၂၅ ရက်‌နေ့ကတည်းက ငြိမ်းစုစီဥပ‌ဒေနှင့်အညီ သက်ဆိုင်ရာသို့ အ‌ကြောင်းကြားစာတင်ပြီးမှ ‌ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်‌ဖော်ပွဲကို ‌ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ပန်းခြံလမ်းရှိ ပြည်ခိုင်ဖြိုး ပါတီရုံးတွင် စုရပ်ပြုလုပ်ကာ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။ ထိုဆန္ဒထုတ်‌ဖော်ပွဲ တွင် ‌ကောကရိတ်မြို့၊ ကြားအင်းဆိပ်ကြီးမြို့နှင့် မြဝတီမြို့တို့မှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသား‌ရေး တက်ကြွ လှုပ်ရှားသူများလည်း ပူး‌ပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

ထို့အတူ ယမန်‌နေ့ (ဇွန် ၂၉ရက်)နံနက် ၁ဝ နာရီခန့်က ပြုလုပ်‌သော ဖားအံမြို့က ဆန္ဒထုတ်‌ဖော်ပွဲတွင် ဖား အံမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံးတွင် စု‌ဝေး၍ မြို့တွင်းစီတန်းလှည့်လည်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး ဖားအံ၊ လှိုင်းဘွဲ၊ ဖာပွန်နှင့် သံ‌တောင် စသည့် မြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားအ‌ရေး တက်ကြွလှုပ်ရှားသူ အင်အား ၃ဝဝခန့် လာ‌ရောက်ပူး‌ပေါင်းပါဝင်ခဲ့ကြသည်ဟု ဦး‌ဆောင်သူများက ‌ပြောသည်။