Home သတင်း KNU နှင့် ‌ဒေသခံလူထု စု‌ပေါင်း၍ သစ်ပင်( ၂,ဝဝဝ)‌ကျော် စု‌ပေါင်းစိုက်ပျိုး

KNU နှင့် ‌ဒေသခံလူထု စု‌ပေါင်း၍ သစ်ပင်( ၂,ဝဝဝ)‌ကျော် စု‌ပေါင်းစိုက်ပျိုး

3049

ဇူလိုင် ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ယ‌နေ့ (ဇူလိုင်လ ၁ ရက်)တွင် ကျ‌ရောက်သည့် ‌ကော်သူး‌လေ သစ်ပင်စိုက်‌နေ့အတွက် ကရင်အမျိုးသား အစည်းအရုံး-KNU ခရိုင် ၇ ခုနှင့် ‌ဒေသခံလူထုတို့ စု‌ပေါင်း၍ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပီးတခ ‌ကျေးရွာတွင် သစ်ပင်တစ်‌ထောင်‌ကျော်ကို ပထမဦးဆုံးအကြိမ် စု‌ပေါင်းစိုက်ပျိုးခဲ့ကြသည်။

‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ ဦး‌ဆောင်၍ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ မူတ‌ရော် (ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံ အစရှိသည့် ခရိုင် ၇ခုမှ ခရိုင်၊ မြို့နယ်အဆင့် သစ်‌တောဌာန အရာရှိများနှင့် ‌ဒေသခံတို့ စု‌ပေါင်း၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှူး ပဒိုမန်းဘထွန်းက “ အခုသစ်‌တော ပြုန်းတီးမှု‌တွေများလာ‌တော့ ‌နေရာတိုင်းလိုလိုမှာ ‌နေထိုင်လုပ်ကိုင်စား ‌သောက်ဖို့အတွက်၊ သဘာဝ‌ဘေးအန္တရာယ်ကျ‌ရောက်မှု‌တွေ ‌နွေဘက်က ‌ရေရှားပြီး မိုးတွင်းကျ ‌ရေကြီးတာ‌တွေ ‌နောက်ပြီး အကျိုးမပြုတဲ့ ပိုးမွှားတိရိစာ္ဆန်‌တွေ များလာ တာ နဲ့ သီးနှံဖြစ်ထွန်းမှု မရှိ‌တော့တာ‌တွေ‌ကြောင့် သစ်‌တောက အရမ်းအ‌ရေးကြီးတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်တွင် ‌ကေအဲန်ယူ ဗဟိုသစ်‌တော၊ ခရိုင်၊ မြို့နယ် အသီးသီး တာဝန်ရှိ သူများအပါအဝင် ‌ဒေသခံရွာသားများ၊ ‌ကျောင်းသူ၊ ‌ကျောင်းသားများစုစု‌ပေါင်း (၃၀၀)နီး ပါး ပါဝင်ပြီး ကျွန်းသစ်၊ ယူကလစ် ပင်များနှင့် အခြားသစ်မာပင်အချို့ အပါအဝင် စုစု‌ပေါင်း သစ်ပင် (၂,၀၀၀)ခန့်ကို စု‌ပေါင်းစိုက်ပျိုးခဲ့ ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်မှ ‌စောတာမူလါက “ဒီလိုသစ်ပင်စိုက်ပျိုးတာက ကျ‌နော်တို့ ‌မောပန်းလာရင် အနားယူဖို့ အရိပ်‌ပေးနိုင်တယ်။ ‌နောင်လာမဲ့ မျိုးဆက်သစ်‌တွေအ‌နေနဲ့ ကျ‌နော်တို့ကို အတုယူနိုင်မယ်။ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ ‌တောထဲသွားလာတဲ့အခါ အမှတ်အသားပြုသွားလာနိုင်တယ်။ ဒါ‌ကြောင့် ‌နောင် လာ ‌နောက်သား‌တွေအ‌နေနဲ့ ထွက်လာတဲ့ သစ်‌တွေကို မခုတ်‌တော့ပဲနဲ့ အရိပ်ရ‌အောင်သုံးမယ်။ ကိုယ်လိုအပ်တဲ့ အ‌ပေါ်မှာပဲ အသုံးပြုသွား‌စေချင်တယ်” ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ ‌ဒေသအများအပြား၌ တရားမဝင် သစ်ထုတ်လုပ်မှုများနှင့် တွင်းထွက်ပစ္စည်များ ထုတ်လုပ်မှုများပြားလာခြင်း‌ကြောင့် သစ်‌တောပြုန်းတီးမှုများမြှင့်တက်လာသည်။ ‌ရေထိန်းသိမ်းမည့် သစ်‌တောများ နည်းပါးလာခြင်း‌ကြောင့် ယခင်နှစ်များမှစ၍ နှစ်စဉ် ‌ရေကြီး‌ရေလျှံမှုများ ‌ဒေသအဝှမ်း ကြုံ‌တွေ့‌နေရပြီး ယခင်နှစ်ကလည်း ကရင်ပြည်နယ်အတွင်း၌ စံချိန်တင် မြစ်‌ရေကြီးမှု ဖြစ်‌ပေါ် ခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများနှင့်အတူ လိုက်ပါ ဖြစ်‌ပေါ်လာသည့် တရားမဝင် သစ်ထုတ် လုပ်မှုနှင့် ပြည်ပ‌ရောင်းဝယ်မှုများကို ဩဇာအာဏာအလွဲသုံးစားပြုသည့် ‌ဒေသအာဏာပိုင်များ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ၎င်းတို့နှင့် အကျိုးတူပူး‌ပေါင်းလုပ်‌ဆောင်သည့် စီးပွား‌ရေး လုပ်ငန်း ရှင်များမှ အဓိက ပါဝင်ပတ်သက်လုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး ၎င်းအ‌ပေါ် ထိ‌ရောက်သည့် အ‌ရေးယူ ‌ဆောင် ရွက်မှုများကို ယ‌နေ့အချိန် အထိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ခြင်းမရှိ‌သေး‌ကြောင်း သုံးသပ်‌ပြော ဆိုမှုများရှိသည်။

ယ‌နေ့ပြုလုပ်‌သော စု‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်သည် ‌ကေအဲန်ယူ သစ်‌တောဌာန၏ ပထမဦးဆုံး အကြိမ် နှစ်ကုန်အစည်းအ‌ဝေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအ‌နေဖြင့် ပါဝင်ခြင်းဖြစ်ပြီး ဘုံသစ်‌တောဆိုင်ရာ
‌ဆွေး‌နွေးပွဲ (Community Forest Forum) ကိုလည်း ယ‌နေ့ (ဇူလိုင်လ ၁ရက်)မှ ၃ ရက်‌နေ့ အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ဇူလိုင်လ ၁ ရက်‌နေ့ကို ‌ကော်သူး‌လေ သစ်ပင်စိုက်‌နေ့ဟု ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သည့် ‌ကေ အဲန်ယူ၏ ၁၅ ကြိမ်‌မြောက်ကွန်ဂရက်၌ အဆိုပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သစ်‌တောကိုပြန်လည် ပြုပြင် ထိန်း ထိမ်းရန်၊ သစ်‌တောထိန်းသိမ်းမှုတွင် ‌ဒေသခံများပူး‌ပေါင်းပါဝင်မှုရှိ‌စေရန်၊ ချမှတ်ထားသည့် သစ်‌တော ဥပ ‌ဒေနှင့် ရည်ရွက်ချက်များကို အများတကာသိ‌စေရန်အပြင် ကရင်အမျိုးသားအများအ‌နေဖြင့် သစ်‌တော အ‌ပေါ် မြတ်နိုးတန်ဖိုးထား‌ကြောင်းကို ကမ္ဘာတစ်ဝှမ်းသိ‌စေရန် ရည်ရွယ်ချက်ဖြင့် သစ်ပင်စိုက်ပျိုး‌နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ‌ကော်သူး‌လေသစ်ပင်စိုက်‌နေ့ကို ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) အ‌ခြေစိုက်ရာ မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်‌ဒေသတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ‌ဒေသခံများ စု‌ပေါင်း၍ အလားတူ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ် တစ်ရပ်ပြုလုုပ်ခဲ့သည်။