Home သတင်း သျှမ်းဒုက္ခသည်များ လုံခြုံ‌ရေး ခြိမ်း‌ခြောက်ခံရမှုများရှိ‌နေဟု သျှမ်းလူ့အခွင့်အ‌ရေးအဖွဲ့ဆို

သျှမ်းဒုက္ခသည်များ လုံခြုံ‌ရေး ခြိမ်း‌ခြောက်ခံရမှုများရှိ‌နေဟု သျှမ်းလူ့အခွင့်အ‌ရေးအဖွဲ့ဆို

2767

‌မေလ ၂၄ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

သျှမ်း(ရှမ်း)-ထိုင်းနယ်စပ်တစ်‌လျှောက်ရှိ တစ်နှစ်‌ကျော်ကြာ စားနပ်ရိက္ခာအကူအညီဖြတ်‌တောက်ခံခဲ့ရ‌သော သျှမ်းဒုက္ခသည် (၆,၀၀၀)
‌ကျော်ခန့်သည် လက်ရှိ အစိုးရစစ်တပ်နှင့် ‘ဝ’ ပြည်‌သွေးစည်းညီညွတ် ‌ရေးတပ်မ ‌တော်(UWSA)တို့၏ နယ်‌မြေချဲ့ထွင် အင်အားဖြည့်တင်းလာမှုများ‌ကြောင့် လုံခြုံ‌ရေး ခြိမ်း‌ခြောက်ခံရမှုများရှိ‌နေသည်ဟု သျှမ်းလူ့အခွင့်းအ‌ရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ (TB)တို့က ‌မေလ ၂၃ရက် (ယမန်‌နေ့)တွင် ‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

အစိုးရစစ်တပ်မှ သျှမ်းဒုက္ခသည်များခိုခုံရာ စခန်း(၅)ခု တဝိုက်တွင် အင်အားဖြည့်တင်းခြင်း၊ လမ်းသစ်‌ဖောက် ခြင်း၊ ဒရုန်းလွှတ်တင်ခြင်းအပြင် ယခုနှစ်‌ဖေ‌ဖော်ဝါရီလက ဒုက္ခသည်စခန်း (၂)ခုတည်‌နေရာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး UWSA တပ်များအ‌နေဖြင့်လည်း သျှမ်းပြည်‌တောင်ပိုင်း စစ်‌ရှောင်စခန်းအနီးတ ဝိုက်တွင် နယ်‌မြေတိုးချဲ့မှုများပြုလုပ်‌နေသည်ဟု ၎င်းထုတ်ပြန်ချက်၌ ဆိုထားသည်။

ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ စိုင်းရွက်လွင်က “ အခု‌လော‌လောဆယ်က စားနပ်ရိက္ခာက အ‌ရေးတကြီးဖြစ်‌နေတာ။ အဲ့အတွက် ပြန်လည်
‌ထောက်ပံ့‌ပေးဖို့ ‌တောင်းဆိုချင်တယ်။ ‌နောက်တစ်ခုက မြန်မာအစိုးရဘက်‌ပေါ့၊ ငြိမ်းချမ်း‌ရေးရမှ မြန်မာဒုက္ခသည်‌တွေအတွက် ‌နေရပ်ကိုပြန်
နိုင်မှာ‌လေ။ အ‌ရေးကြီးတာက အစိုးရဘက်က ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတိုင်း ‌ဆွေး‌နွေးညှိနှိုင်းဖို့ လိုအပ်တာ‌ပေါ့ အမြန်ဆုံး‌လေ” ဟု
‌ကေအိုင်စီသို့ ‌ပြောသည်။

သျှမ်းဒုက္ခသည်များအတွက် ယခင်က UN နှင့် နိုင်ငံတကာ အလှူရှင်များ၊ INGOများမှ အဓိက ‌ထောက်ပံ့ ကူညီ‌ပေးခဲ့‌သော်လည်း ပြီးခဲ့
သည့် ၂၀၁၇ ခုနှစ်ကစ၍ ကူညီ‌ထောက်ပံ့မှုများကို ဖြတ်‌တောက်လိုက်ပြီး လက်ရှိ သျှမ်းဒုက္ခသည်များအ‌နေဖြင့် ပြည်တွင်း၊ ပြည်ပ‌စေတနာရှင်များ၏ ယာယီကူညီ‌ထောက်ပံ့မှုများဖြင့်သာ ရပ်တည်‌နေကြရသည်ဟု စိုင်းရွက်လွင်က ဆက်‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလအတွင်းက ‘ဝ’ တပ်မ‌တော် UWSA သည် သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ/သျှမ်းပြည်တပ်မ‌တော် (RCSS/SSA)နှင့် နယ်နိမိတ် သ‌ဘောတူညီချက်ကို ချိုးဖျက်ပြီး လွိုင်‌ကော်ဝမ်း စစ်‌ပြေး‌ရှောင်စခန်းအနီးရှိ ‌တောင်ယာစိုက်ခင်းများကို သိမ်းယူခဲ့ကာ စစ်‌ပြေး‌ရှောင်များ စိုက်ပျိုး‌မြေ များရှားပါးလာ၍ ဝမ်းစာရှာရခက်ခဲလာပြီး ပိတ်ပင်တားဆီးမှုများ ခံ‌နေရ‌ကြောင်းလည်း
ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

အလားတူ ‌ကျေးလက်‌ဒေသရှိ ‌ဒေသခံများ၏ စိုက်ပျိုး‌မြေများကို သိမ်းယူ၍ အစိုးရစစ်တပ်မှ ကြီးကြပ်ကာ ‌ရော်ဘာစိုက်ခင်းသို့ အစားထိုးစိုက်ပျိုးပြီး တရုတ်ပြည်ကို အဓိကတင်ပို့မှုများလည်းပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၎င်းအပြင် ပြီးခဲ့သည့် UWSA၏ နှစ် (၃၀)ပြည့် အပစ်အခတ်ရပ်စဲ‌ရေး အခမ်းအနားကို ထိုင်းနယ်စပ်နဲ့ ၁ဝ ကီလိုမီတာ ကွာ‌ဝေး‌သော မိုင်းတုံမြို့နယ်၊ ‌ဟွေ‌အောရှိ ‘ဝ’ ‌တောင်ပိုင်းစစ်ဌာနချုပ်တွင် ‌ထောင်နှင့်ချီသည့် စစ်အင်အားပြသမှုများ ပြုလုပ်ခဲ့ခြင်းသည် ဒုက္ခသည်များ ‌နေရပ်မပြန်နိုင်ခင် နယ်‌မြေပြဿနာ ‌ဖြေရှင်းရန် လိုအပ်သည့် သတိ‌ပေးချက်တစ်ခုဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ‌ထောက်ပြထားသည်။

“အိုးမဲ့အိမ်မဲ့ သျှမ်းဒုက္ခသည်‌တွေကို မျက်ကွယ်ပြု‌နေတာဟာ ငြိမ်းချမ်းခြင်းကို သယ်‌ဆောင်လာနိုင်မှာ မဟုတ်ပါဘူး။ ကျ‌နော်တို့က ဒီစစ်ပွဲ‌တွေ ပြီးဆုံးဖို့ အပြည်ပြည်ဆိုင်ရာက‌နေ မြန်မာအစိုးရ စစ်တပ်ကို ဖိအား‌ပေးဖို့ တိုက် တွန်းချင်ပါတယ်”ဟု သျှမ်းပြည်ဒုက္ခသည်များဆိုင်ရာ
‌ကော်မတီအကြီးအကဲ စိုင်းလျန်းက ထုတ်ပြန်ချက်၌ ‌ပြော ဆိုထားသည်။

သျှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင်အဖွဲ့ကို ၁၉၉ဝခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သျှမ်းပြည်နယ်အတွင်း လူ့ အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ‌စောင့်ကြည့်‌လေ့လာကာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရသူများကို တရားမျှတ ခွင့်ပြန်လည်ရရှိ‌ရေးအပြင် ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး၊ သဟဇာတရှိ‌ရေး၊ တန်းတူညီမျှရှိ‌ရေးတို့အတွက် လှုပ်ရှား ‌ဆောင်ရွက်‌နေပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အ‌ခြေစိုက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။