Home သတင်း စပါး‌ဈေးကျဆင်း‌နေသည့် အတွက် ပန်းတ‌နော်မြို့နယ်ရှိ ‌နွေစပါးစိုက်‌တောင်သူများ အရှုံး‌ပေါ်‌နေ

စပါး‌ဈေးကျဆင်း‌နေသည့် အတွက် ပန်းတ‌နော်မြို့နယ်ရှိ ‌နွေစပါးစိုက်‌တောင်သူများ အရှုံး‌ပေါ်‌နေ

3212

‌မေလ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ယခုလက်ရှိ ‌နွေစပါး ရိတ်သိမ်းချိန်တွင် စပါး‌ဈေးကျဆင်း‌နေသည့်အတွက် ‌ကျေးရွာတွင်းသို့ လာ‌ရောက် ဝယ်ယူ သည့် ကုန်သည်များ နည်းပါးပြီး ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌နွေစပါးစိုက်‌တောင်သူများ အရှုံး‌ပေါ်ကာ အခက်အ ခဲများကြုံ‌တွေ့‌နေကြ‌ကြောင်း စပါးစိုက်‌တောင်သူများက ‌ပြောသည်။

ပန်းတ‌နော်မြို့နယ် ဘုရားနှစ်ဆူ ‌ကျေးရွာရှိ ‌နွေစပါးစိုက်‌တောင်သူ တစ်ဦးဖြစ်သည့် ဂါ့နန်းရှင်က “ အခု ဆင်းသု ခ‌တောင် ၅၇ဝ,ဝဝဝ (ငါးသိန်းခုနှစ်‌သောင်း)ပဲရှိတယ်။ မိုးစပါးတုန်းက‌တော့ ၆၅ဝ,ဝဝဝ(‌ခြောက်သိန်းငါး ‌သောင်း)ထိ ရှိတယ်။ ဆီ‌ဈေးကလည်း တက်တယ်။ ‌မြေဩဇာ‌ဈေးကလည်း တက်တယ်။ အထွက်နှုန်းကလည်း မကိုက်ဘူးဆို‌တော့ စပါးစိုက်တဲ့ တို့‌တောင်သူ‌တွေ အရှုံး‌ပေါ်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နွေစပါးစိုက်ပျိုးရာတွင် ပျှမ်းမျှအားဖြင့် တစ်ဧကလျှင် စပါးတင်း ၇ဝ ဝန်းကျင်သာ ထွက်ရှိပြီး စိုက်ပျိုးမှု ကုန်ကျ စရိတ်စုစု‌ပေါင်းမှာ တစ်ဧကလျှင် ပျှမ်းမ မျိုးစပါး ၂ တင်း၊ ဓာတ်‌မြေဩဇာ ၂ အိတ်၊ ‌ရေနံဆီဂါလံ ၂၀၊ ထွန်ယက်ခ ၅ဝ,ဝဝဝ(ငါး‌သောင်း)၊ ပျိုးနှုတ်ခ/စိုက်ခ ၅ဝ,ဝဝဝ(ငါး)‌သောင်း၊ ‌ရေတင်ခ ၅ဝ,ဝဝဝ(ငါး‌သောင်း)၊ ရိတ်‌ချွေခမှာ ၃ဝ,ဝဝဝ(သုံး‌သောင်း)နှင့် ၅ဝ,ဝဝဝ အထက်ရှိ‌ကြောင်း ‌တောင်သူများထံမှသိရသည်။

ထို့အပြင် အစိုးရ စိုက်ပျိုး‌ရေးဘဏ်မှ ထုတ်‌ပေးထားသည့် စိုက်ပျိုး‌ချေး‌ငွေများကို ပြန်လည်‌ပေးဆပ်ရန်အတွက် ‌နွေစပါးကို အဓိကအားထား စိုက်ပျိုးရသူများဖြစ်သည့် ‌တောင်သူလယ်သမားများအတွက် ယခုကဲ့သို့ စပါး‌ဈေး ကျဆင်း‌နေမှုများ‌ကြောင့် စိုက်ပျိုး‌ရေးဘဏ်‌ချေး‌ငွေ ပြန်လည်‌ပေးဆပ်ရန်ပင် အခက်အခဲများ ဖြစ်‌နေ‌ကြောင်း ‌တောင်သူများက ‌ပြောသည်။

စပါးစိုက်‌တောင်သူများအ‌နေဖြင့် အစိုးရ စိုက်ပျိုး‌ရေး ဘဏ်မှ ထုတ်ယူထားသည့် စိုက်ပျိုးစရိတ်‌ချေး‌ငွေကို ပြန် မဆပ်နိုင်ပါက ‌နောက်ထပ်‌ချေး‌ငွေများ မရရှိ‌တော့သဖြင့် စပါး ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စိုက်ပျိုး စရိတ် အတွက် အတိုးနှုန်းကြီးမြင့်သည့် ‌ပေါင်နှံ၊ ‌ချေးယူမှုများပြုလုပ်ရာမှ အ‌ကြွေးမဆပ်နိုင်‌တော့ဘဲ အချို့မှာ လယ်ပိုင် ယာပိုင်ဘဝကို စွန့်လွှတ်လိုက်ရသူများရှိ‌နေ‌ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ ‌ဒေါက်တာစိုးထွန်းက “အခုက ‌နွေစပါး ‌ပေါ်ချိန်လည်း ဖြစ်တယ်။ ပြင်ပဆန်တင်ပို့ဖို့ကလည်း အဆင်မ‌ပြေ‌သေးဘူး ။ တစ်ဖက်မှာလည်း အာဖရိက ‌ဈေးကွက်မှာလည်း မြန်မာဆန်နဲ့ပတ်သက်တဲ့ ပြဿနာဖြစ်ထားတဲ့အတွက် ပြင်ပ‌ရောင်းအား ကျသွားတယ်။ အဲ့ဒါ‌ကြောင့် စပါး‌ဈေး‌တွေ ကျတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ်တွင် မြန်မာနိုင်ငံမှ ပြင်ပသို့ စပါးတန်ချိန် ၃ သန်းခွဲ‌ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ၂ သန်း‌ကျော်သာ တင်ပို့နိုင်သည့်အတွက် တင်ပို့မှုကျဆင်းခဲ့‌သော‌ကြောင့် လက်ရှိတွင် တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းနိုင် ‌စေ ရန် ‌ဆွေး‌နွေး‌နေ‌ကြောင်းနှင့် ‌ဈေးကွက် ပိုမိုကျယ်ပြန့်လာ‌စေရန် ရှာ‌ဖွေ‌နေခြင်းများအပြင် အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူး‌ပေါင်းပြီး ဆန်စပါး ‌ရေရှည် ဖွံ့ဖြိုး‌စေရန် ‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ‌ဒေါက်တာ စိုးထွန်းက ဆက်‌ပြောသည်။

ပန်းတ‌နော်မြို့နယ်ရှိ ‌တောင်သူလယ်သမားများသည် ‌ရှေးယခင်နှစ်များတွင် ‌နွေရာသီတွင် မတ်ပဲကို အဓိက စိုက် ပျိုးကြပြီး မတ်ပဲ‌ဈေး ကျဆင်း‌သော‌ကြောင့် ‌နွေစပါးစိုက်ပျိုးမှုဘက်ကိုသာ အားထားစိုက်ပျိုးလာကြပြီး ‌နွေစပါး အပြင် မိ‌ကျောင်းအန်ဖတ်၊ ‌ပြောင်း၊ ချဉ်‌ပေါင်၊ ငရုပ် စသည်တို့ကို အစားထိုး စိုက်ပျိုးလာကြခြင်းလည်း ဖြစ်သည်။