ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲကနယ်ကျေးရွာကုန်သွယ်ရေးဇုန် အနောက်ဘက်ရှိ ရွှေမြစန္ဒီအိမ်ရာ စီမံကိန်းကို ၂၀၁၆ခု၊ နှစ်ဆန်းပိုင်းမှစ၍ DKBA အဖွဲ့မှ ဗိုလ်ညီညီ ဆိုသူက မြေအကွက်ချကာ ရောင်းချခဲ့သည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်မှုကို တရားဝင် ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်နယ်အစိုးရဘက်က ပြောဆိုထားပြီး အိမ်ရာအတွင်း
ဆောက်လုပ်ထားသော အဆောက်အဦးများကို ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။ ယင်းသို့ ဖယ်ရှားရှင်းလင်းမှုနှင့်ပတ်သက်၍
ကျေနပ်မှုမရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ (၂၂)ရက် နံနက်ပိုင်းတွင် ၎င်းအိမ်ရာအတွင်းနေထိုင်ကြသည့် ထောင်နှင့်ချီသော ပြည်သူများက မြဝတီမြို့တွင် ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ထိုဆန္ဒပြပွဲကို လာရောက်ဝန်းရံပေးခဲ့သည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ဦးဆောင်သူ ၄ဦးမှာ တရားစွဲ
ဆိုခြင်း ခံခဲ့ရသည်။
ရွှေမြစန္ဒီအိမ်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ နေထိုင်သူများဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် လက်ရှိ တရားစွဲဆိုခံနေ ရသူ
နော်အုန်းလှအား ကေအိုင်စီ – ကရင်သတင်းဌာနက မေလ ၁၇ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်။
ကေအိုင်စီ။ ။ရွှေမြစနီ္ဒအိမ်ရာကိစ္စနဲ ့ပတ်သက်ပြီး အန်တီနော်အုန်းလှ အနေနဲ ့ ဘယ်လိုစတင် ပါဝင်ဖြစ်သလဲ။
အန်တီ ရွှေမြစနီ္ဒအိမ်ရာနဲ ့ပတ်သတ်လို ့ပေါ့နော်။ အမှတ်(၂)တံတား အိမ်ဖျက်တာကို လာရင်းနဲ့မှ သိလာခဲ့တာပေါ့ နော်။ အဲဒါသူတို့က သူတို့ဆီကို လာလည်ဖို့ခေါ်တာ။ သူတို့ဆီမှာဖြစ်နေတဲ့ အနေအထားတွေကို ကြည့်ရှုပေးဖို့ ပြောတဲ့အခါမှာ အန်တီသွားခဲ့တယ်။ ဒါပေမဲ့ အဲဒါကတော့ အန်တီ ခဏသွားတာပေါ့နော်။ သွားပြီးတော့မှ အန်တီက သွားတဲ့အချိန်မှာ တွေ့ရ တာက DKBA က တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ခဲ့တယ်။ ဝင်းမြင့်ဦးလို ့ခေါ်တယ်ပေါ့နော်။ သူကနေမှ သူ့လုပ်ငန်းတွေအကြောင်း သူပြောပြတယ်။ နောက်ပြီးတော့ သူတို့လုပ်တဲ့
လုပ်ငန်းစဉ်တွေက မှားတယ်လို့ သူပြောတယ်။ အန်တီကပြောတယ် ဒီရွှေမြစနီ္ဒ အိမ်ရာကို အန်တီသိသလောက်က ရောင်းခဲ့တာ DKBA ရောင်းခဲ့တာပဲ သိတယ်။ အခုမှားတယ်ဆိုတာ ဘာကိုမှားတာလဲလို့ မေးတဲ့အခါကျတော့ အစိုးရက လက်မခံလို့ဆိုတာပဲ သူပြောတယ်။
သူတို့လုပ်ခဲ့တဲ့အချိန်ကဟာတွေ သူမပြောဘူး အန်တီ့ကို။
ဒါပေမယ့် အန်တီကလည်း လူထုနဲ့တွေ့တဲ့အခါကျတော့ သူတို့နဲ့ သိပ်မပြောဖြစ်ဘူး။ ပထမအကြိမ် အန်တီလာတာက (၂)ရက်နေ ့(၁၂)လပိုင်းလောက် မြဝတီ ချစ်ကြည်ရေးတံတားဖြတ်တဲ့အချိန်မှာ စလာပြီး ကြုံရင်းနဲ့အန်တီသွားဖြစ်ခဲ့တာပေါ့နော်။ သူတို့နဲ့ အန်တီပြောခဲ့တယ်၊ ဆွေးနွေးခဲ့တာပေါ့။ ဒါဟာမဖြစ်သင့်ဘူး ဆိုတာကို အဲ့ဒါအိမ်တချို့ ဖျက်ထားပြီ။ အဲ့ဒီတုန်းက လူမနေတဲ့အိမ် ဖျက်တာဆိုပီးသူတို့ပြောတာ။ လူမနေတဲ့အိမ်ဆိုပေမဲ့ လူနေတဲ့အိမ် ပါတယ်ဆိုတာ အန်တီသိရတယ်။ အဲ့ဒီကနေ နောက် (၂၀၁၉)သကြင်္န်မတိုင်ခင်မှာ အဲ့ဒီမှာရှိတဲ့ ဒေါ်နန်းခင်သိန်းကနေမှခေါ်တာ။ သူတို့မှာ အိမ်ဖျက်ခံရမယ်။ အိမ်လာ တိုင်း တယ်ပေါ့နော်။ အိမ်ကို နှစ်ခြမ်း ခြမ်းမယ်။ ၂ဝ x ၆ဝ ယူရမယ်။ သူများကိုတစ်ခြမ်းပေးရမယ်ဆိုတော့ သူတို့မှာ အိမ်ဖျက်ရမယ် ဆိုတော့ခေါ်တာ အန်တီက သကြင်္န်ပြီးမှလာမယ်ဆိုပြီးတော့ သကြင်္န်ပြီးမှ အန်တီက လာခဲ့တာ။ အဲဒီကစပြီးတော့ သူတို့ဆီ လာခဲ့တဲ့အချိန်က ဒီကနေစခဲ့တာ။
ကေအိုင်စီ။ ။ ရွှေမြစန္ဒီအိမ်ရာစီမံကိန်း အငြင်းပွားမှုကိစ္စကို ဘယ်လိုကဏ္ဍမျိုးမှာ ပါဝင်ကူညီပေးခဲ့ရပါသလဲ။
အန်တီကလည်း လာတဲ့နေ့မှာ နှစ်ဆန်း(၁)ရက်နေ့ ညဆိုတော့ နှစ်ဆန်း (၂)ရက်နေ့ ရောက်တာပေါ့နော်။ ရောက်တဲ့ အချိန်မှာ သူက
ဒီအိမ်ရာနဲ ့ပတ်သက်လို့ သူတို့တွေကို အိမ်ဖျက်ခိုင်းတာကို သူတို ့လက်မခံကြဘူး။ နောက်ပြီး အဲဒီမှာရှိတဲ့အခွင့် အရေးတွေ ဆုံးရှုံးတဲ့အ
တွက် သူတို့ ဆန္ဒဖော်ထုတ်ချင်တဲ့အတွက် DKBA ရုံးမှာပဲ အန်တီတို့ အစည်းအဝေးလုပ်ပြီးတော့ သူတို့ ဒါကို ဆန္ဒဖော်ထုတ်ဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။
အန်တီကတော့ ကူညီတာ နိုင်ငံသားအခွင့်အရေးရယ်၊ ပြီးတော့ ပုဒ်မ(၃၅၄)အရ နိုင်ငံသားအဖြစ် နေခွင့်ရှိတာကို ပြော ပြတယ်လေ။ အဲဒီဥပဒေအတိုင်းပဲ အန်တီပြောပြတယ်။ နောက်ဆုံး သူတို့ဆန္ဒပြမယ့်နေ့မှာ (၂၂)ရက်နေ့ ဆန္ဒပြမဲ့အတွက် (၁၉) ရက်နေ့မှာ အကြောင်းကြားစာပို့ခဲ့တယ်။ မပို့ခင်မှာ ညနေက (၁၈)ရက်နေ့၊ နေ့ခင်း ဆုံးဖြတ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်မယ့်ကိစ္စကို (၁၉)ရက်နေ့မနက် သူတို့ရဲ့ ရွာထိပ်က ဘုရားမှာ အားလုံးပြန်စုပြီးတော့မှ ဆန္ဒပြဖို့အတွက် ကြွေးကြော်သံတွေ၊ ကိုင်ဆောင်မယ့် ဆိုင်းဘုတ်တွေကို အားလုံးသဘောတူပြီးမှ ဆုံးဖြတ်ချက်ချခဲ့တယ်။ ချပြီးတော့မှ အကုန်လုံး ဖြည့်ပြီးတော့မှ ရွှေမြစန္ဒီအိမ်ရာ တည်တံ့ခိုင်မြဲရေးကော်မတီကိုလည်း သူတို့ဖွဲ့ခဲ့တယ်။ အဲဒီကနေပြီးတော့မှ ဒီရောက်အောင် မနက်ပိုင်းပေါ့။ ဖြည့်ပြီးတော့မှ ထွေအုပ်ရုံးကို သွားခဲ့ကြတယ်။ ထွေအုပ်ရုံးကို အန်တီတို့ ငြိမ်းစုစီဖောင်အကုန်လုံးကိုပေးခဲ့တယ်။
ဦးဆောင်တဲ့သူရယ်၊ လျှောက်ထားသူရယ်၊ ဟောပြောမဲ့သူတွေပေါ့နော်။ (၄)ယောက်။ အန်တီကတော့ ကူညီတာ ဖြစ်တဲ့အတွက်
ဟိုကတော့ သူတို့က ဘာပြောလဲအခါကျတော့ ဒေသန္တရအမိန့်ကို ဖတ်ပြတယ်။ ဒေသန္တရအမိန့်ဆိုတာ ကျမကတော့ လက်မခံဘူးလို့ အန်တီကပြောပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူထုကို နှိပ်ကွပ်တဲ့ ဥပဒေဖြစ်လို့ လက်မခံဘူး ဆိုတာကို အန်တီပြောခဲ့တယ်။ ဒါနဲ ့
သူတို့က အစအဆုံး ဖတ်ပြတယ်။ ဒါနဲ့ပတ်သက်လို့ သူတို့တားနိုင်တယ်ဆိုတာ သူတို့ပြောချင်တဲ့သဘောရှိတယ်။ ဆိုတဲ့အခါကျတော့
တားလို့လည်းရတယ်။ ဒါပေမဲ့ ဘယ်သူမှ မလာဘူးလေ။
အဓိက က သမ္မတလမ်းကြောင်းရှိမယ်၊ နိုင်ငံခြားသံတမန်လာမယ်ဆိုရင် ဒါတွေကမလုပ်ဘူးဆိုတာပါပြီးသား။ ဒါပေမယ့် ကျန်တာတွေက နေ့ထူးနေ့မြတ်ဆိုတာ မရှိဘူး။ ကျောင်းစာမေးပွဲလည်း မရှိဘူးဆိုတော့ လွှတ်တဲ့အတွက် သူတို့က ဒါကို ယူထားလိုက်တယ်ပေါ့နော်။ နောက်ဆုံး (၂၁)ရက်နေ့ကျတော့မှ ဒီကိစ္စကို ဦးဆောင်တဲ့သူ ဦးငယ်ကို ခေါ်ပြီးတော့မှ ဒီက မြို့ နယ်မှူးကခေါ်တယ်။ သွားတဲ့အခါကျတော့
ဒီဟာနဲ့ပတ်သက်ပြီးတော့ လူကြီးလမ်းကြောင်းရှိတယ်။ သုံးရက်ဆုတ်ပေးလို့ပြောတော့ သူက မဆုတ်နိုင်ဘူးပေါ့နော်။ ပြင်ထားပြီးလို့ ဆုတ်လို့မရဘူး ဆိုပြီးတော့မှ ဒါကို သူက ကျနော်တို့မှားရင် ကျနော်တို့ကို တခါထဲပစ်သတ်၊ ကျနော်တို့ မှားစရာအကြောင်းလည်း မရှိဘူးပေါ့။ နဂိုထဲက လက်ခံပြီးသားဖြစ်တဲ့အတွက် မှားစရာမရှိတဲ့အတွက် ကျနော်တို့ မဆုတ်နိုင်ဘူးပေါ့။
ပြောင်းလို့မရဘူး ဆိုပြီးတော့ သူက ဆက်လုပ်မယ်ဆိုပြီးတော့မှ (၂၂)ရက်နေ့ မနက်ကျတော့ အန်တီတို့စုမယ့် ဘုရား ပေါ့နော်။ ဓိဋ္ဌာန်အောင်ဘုရားမှာ ပိတ်ထားတယ်။ ဖြစ်စဉ်လေးအန်တီပြောပြတာပါ။ ဓိဋ္ဌာန်အောင်ဘုရားမှာ ပိတ်တဲ့အခါကျ တော့ အပြင်မှာပဲ စုရတာပေါ့နော်။ စုပီးတော့မှ အန်တီတို့ ဒီအတိုင်း ဆန္ဒဖော်ထုတ်တာ တစ်လျှောက်လုံး။ တစ်လမ်းလုံး ဘာမှ ပြဿနာလည်း မရှိဘူး။ လာလည်းတားတာလည်း မရှိဘူး။ ဒါပေမဲ့လို့ အေးအေးချမ်းချမ်းနဲ့ ပြီးသွားတယ်။ ဆန္ဒဖော်ထုတ်တာ ကြွေးကြော်သံအတိုင်းပဲ။ အစီအစဉ်အတိုင်း ဆောင်ရွက်တယ်ပေါ့နော်။ ဘာမှလည်း ပြဿနာမရှိခဲ့ဘူး။ လုံခြုံရေး သူတို့ စောင့်ပေးတာရှိတယ်။ နောက်ဆုံး ညနေကျတော့ အန်တီက ပြီးပြီဆိုပြီး အေးဆေးနဲ့ပြန်မှ အန်တီ့ကို အသည်းအသန်ဖမ်းတယ်။
ကေအိုင်စီ။ ။ အခု တရားစွဲဆိုခံရမှုရဲ့ နောက်ဆုံးအခြေအနေကို သိပါရစေ။
နောက်တစ်ပတ်ဆိုရင်တော့ သက်သေ စစစ်ပြီးပေါ့။ သက်သေစစ်မယ် သို့မဟုတ် တရားလိုစစ်မယ်ပေါ့နော်။ အတိအ ကျတော့ သူတို့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြားထဲမှာ နှစ်ပတ်ခွာထားတဲ့အတွက် မစစ်လို့တော့ မရဘူး။ အန်တီ ပြောခဲ့တယ်။ ကျမ အချိန်ကုန်
တယ်။ လာရတာလည်း အဝေးကလာရတာဖြစ်တဲ့အတွက် (၂)ပတ် ခွာချိန်းပေးပါ၊ အန်တီ့ကို ဒီဟာနဲ့ပတ်သတ်လို့ သူတို့က ဘယ်လိုဖြစ်စေချင်သလဲပေါ့နော်။ နှစ်ပတ်ခွာချိန်းပေးပါလို့ ပြောထားတယ်။ ပြီးတော့ကျရင် ဒီနေ့ (မေ ၁၇ရက်)ဆိုရင် အန်တီ့ကိုလာပြီး အမှုဖြစ်စဉ်ရှင်းပြတာ အန်တီတော်တော်လေး ကသိကအောင့် ဖြစ်သွားတယ်။ ရန်ကုန်မှာ အန်တီတို့ကို တရားသူကြီးက အမှုတင်မယ်ဆို ခေါ်တဲ့အခါကျရင် တရားသူကြီးကပဲ ရှင်းပြတယ်။
ဒီအမှုကို တင်လိုက်ပီ ဆိုပီးပြောပီးတော့မှ ဒါက လာရှင်းပြတာက စာရေးမက လာရှင်းပြတာ တော်တော်လေးတော့ ကသိကအောင့်ဖြစ်ခဲ့ရတယ်။ စာရေးမက အန်တီ့ကို လာရှင်းပြစရာအကြောင်းမရှိဘူး။ တရားသူကြီးရှင်းပြရမဲ့ကိစ္စဖြစ်တယ် ဒီကိစ္စက။ အန်တီကပြောလိုက်တယ်။ ကျမတို့ရန်ကုန်မှာ ဒီလိုမျိုးရှင်းပြတာ တခါမှ မကြားဖူးဘူးလို့ ပြောလိုက်တယ်။ နောက် တခါ အန်တီတို့ အတည်ပြုတဲ့နေရာမှာ လာပြီးတော့ တကယ်တမ်းကျရင် ရဲဆိုရင် ယူနီဖောင်းနဲ့ လာရမယ်။ သူ့ရဲ့ ဝတ်စုံအ ပြည့်အစုံနဲ့ လာဖို့လိုတယ်ပေါ့နော်။ အဲ့ဒီတော့မှ တရားသူကြီးက ပြန်ပြီးတော့မှ လဲခိုင်းတယ်။
ဒါကတော့ အန်တီတို့ ဒီနေ့တွေ့ကြုံရတဲ့ အဖြစ်အပျက်ပေါ့နော်။ ဒီနေ့ကနေ ပြန်ချိန်းတဲ့အခါ (၃၀)ရက်နေ့ကို ပြန်ချိန်း လိုက်တယ်။ နှစ်ပတ်ခွာချိန်းလိုက်တယ် (၅)လပိုင်း။ ရှိတာကတော့ (၄)ဦးပေါ့။ အန်တီရယ်၊ မစန္ဒာရယ်၊ ကိုမောင်မောင်ဦးရယ်၊ ဦးငယ်ရယ်။
ကေအိုင်စီ။ ။ အန်တီနော်အုန်းလှအနေနဲ့ ဘာကြောင့် တရားစွဲဆိုခံရလဲလို့ ယူဆသလဲ။
ငြိမ်းစုစီနဲ ့ပတ်သက်လို့ပေါ့နော်။ ဒါက (၁၉ ၊၂၀)ဆိုတာက အမှန်က ကျမ ပါစရာအကြောင်းမရှိဘူး။ ကျမက လာပြီး တော့ ကူညီတာပဲရှိတာ။ သူတို့က ကျမကိုဘာကြောင့် စွဲလဲဆိုတာ ကျမလည်း မသိဘူး။ ဒါပေမဲ့ ဦးဆောင်သူ၊ လျှောက်ထား သူ၊ ဟောပြောသူထဲမှာ ကျမ ဘာတခုမှမပါဘူး။ ဒါပေမဲ့ သူတို့က ကျမကို အမြင်ကပ်ပုဒ်မပဲ ပြောရမှာပေါ့နော်။ ကျမတို ့ပြောနေကျစကား အမြင်ကပ်ပုဒ်မပေါ့။ ဒါပဲရှိ
တယ်။ ကျမတို့ ဘာတခုမှ မကျူးလွန်တဲ့အတွက် ကျမတို့ စိတ်အေးအေး နဲ့ပဲ ရှင်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက အန်တီက လာကူညီတာ။ နစ်နာတဲ့ ပြည်သူတွေကို အန်တီတို့က လာကူညီတာ ဖြစ်တဲ့အတွက် အန်တီလည်း ရှင်းဖို့ဆန္ဒ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက မရှင်းရင်လည်း အန်တီတို့ မဟုတ်တာလုပ် တာ ဖြစ်မှာစိုးလို့လေ။
နောက်ဆုံးကျရင် အန်တီတို့ ဥပဒေအတိုင်း ပြန်သွားမှာပါ။ သူတို့ ဘာကြောင့် ဖမ်းလဲဆိုတဲ့အခါကျတော့ ဖမ်းတဲ့အ ကြောင်းက ပုဒ်မ(၁၉၊ ၂၀)နဲ့ဆို ဒါဟာ အကြောင်းကြားစာ ပို့မယ်။ အန်တီတို့ လာရှင်းရမယ်။ ဒါပေမဲ့ ကားပေါ်မှာ အသည်းအသန် ဖမ်းတဲ့ဟာ ဒါက သဘာဝမကျဘူး။ တကယ်တမ်းကျရင် ဒါကြီးက လူဆိုးသူခိုးဖမ်းသလိုပေါ့နော်။ အတင်း ကားပေါ်က ဆွဲတဲ့ဟာကျတော့ ဒါ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ အန်တီ အမှုတော်တော်များများ ဆုံဖူးတယ်။ ချက်ချင်းလည်း အန်တီတို့ကို မလွှတ်ဘူး။ ရုံး၊ စခန်း ရောက်ပြီးချင်းမှာပဲ ဒီ ဖမ်းတဲ့ ရဲမှူးပေါ့နော် နာမည်တော့မသိဘူး။
သူက ဘာပြောလဲအခါကျတော့ ခင်ဗျားက တရားခံတဲ့။ ဆိုတော့ အန်တီက တရားခံ မဟုတ်ဘူး ကျမက။ ရှင် ဥပဒေ နားမလည်ဘူးလားလို့။ ကျမက တရားခံဆိုတာ တရားရုံးက အမိန့်ချမှတ်ပြီးပြီလားလို့ ကျမမေးတယ်။ ကျမကို မတရား ရှင်တို့ ဖမ်းတယ်။ ကျမမှာ ဘာမှလည်း အပြစ်မရှိဘူး။ အဲတော့ သူတို့က ဘာမှမပြောတော့ဘူး။ အဲ့ဒီညမှာပဲ အာမခံယူပါလို့ စခန်းမှူး က ပြောတယ်။ အာမခံလည်း မယူဘူးလို့ ပြောလိုက်တယ်။ မယူရင် အန်တီက နောက်တနေ့ကျရင်တော့ ရမန် ယူရမယ်ပေါ့ နော်။ နောက်ဆုံး ကျန်တဲ့သူတွေရှိတာ အန်တီခေါ်လိုက်တယ်။ သူတို့ လာရှင်းကြတယ်။ အားလုံးရှင်းရင်းနဲ့ အာမခံ သူတို့ ယူ လိုက်တယ်။ အန်တီကတော့ ခံဝန်နဲ့ အဲဒီနေ့ကပဲ ပြန်လာတာပေါ့နော်။ (၂၃)ရက်နေ့ ညနေမှာ အန်တီ ပြန်လာခဲ့တယ်။
ကေအိုင်စီ။ ။ရွှေမြစနီ္ဒအိမ်ရာ အငြင်းပွားမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ။
ဒီမနက်တောင်မှ အန်တီ့ကို ဒါ လှမ်းပြောတယ်။ ဒီမနက် အစောကြီးတော့ ခဏဝင်ခဲ့သေးတယ်။ ဝင်ခဲ့ပီးတော့ ဒီလက် ရှိ ဖျက်ထားပီးသားနေရာတွေမှာ သစ်တော ကြိုးဝိုင်းကာကွယ်တော ဆိုပီးတော့မှ ဆိုင်းဘုတ်တင်ထားတာရှိတယ်။ ဧက (၂၀၀၀)ကျော်ပေါ့နော်။ ပြီးတော့ကျရင် တစ်နေရာမှာ လယ်သမားတွေရဲ့ ပုံစံခွန် လာပီးတော့ ဆိုင်းဘုတ်ထောင်ထားတာ ရှိ တယ်။ ဒီဥစ္စာက ဖျက်ဆီးပီးတော့မှ လုပ်တဲ့အခါကျတော့ တော်တော် သဘာဝလည်း မကျဘူး။ လူ့ဂုဏ်သိက္ခာ ထိခိုက်ပီးတော့မှ လုပ်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် တော်တော်သဘာဝမကျတဲ့ ကိစ္စဖြစ်တယ်။ လူတွေနေပြီးတော့မှ ဖျက်။ ဖျက်ပီးတော့မှ ပြန်လုပ်တယ်ဆိုတာ တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။
နောက်ပြီး ဒီဟာတွေက လမ်းလုပ်မဲ့ကိစ္စ သိရတယ်။ အဲဒီတော့ ဒီအပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ပေါ့။ ဒါက ဦးဆောင်တာ ဒါဟာ အစိုးရ လုပ်တယ်လို ့သူတို ့ပြောပီးပီး။ DKBA က အစိုးရကို လွှဲလိုက်ပီလို့ ပြောတယ်။ KNU ကလည်း အစိုးရလွဲတယ် ပြောတယ်။ ဘာကြောင့် အန်တီ ပြောနိုင်လဲ။ အန်တီ တပ်မဟာ (၆)က အဖူးတယောက်နဲ့ တွေ့ခဲ့တယ်။ တွေ့တဲ့အခါမှာ သူတို့ က လုပ်ပေးတာက ရွာသားမြေပါ လုပ်ပေးတာလို့ ပြောတယ်။ ဒါပေမဲ့အခု အစိုးရကို လွဲပေးလိုက်ပြီလို့ သူပြောတယ်။ အဲဒီအချိန် မှာ DKBA က လူတွေကလည်း ပြောတယ်။ သူတို့လုပ်တယ်။ အစိုးရကိုလွဲပြီးပြီ သူတို့ပြောတယ်။ အစိုးရကိုလွှဲရင် အစိုးရက ဥပဒေအတိုင်း လုပ်ရမှာ တကယ်တမ်းကျရင်။ လက်ရှိ အခြေအနေ ဥပဒေကြောင်းအရ လုပ်တဲ့ဟာတွေက လွဲမှားနေတယ်လို့ အန်တီ မြင်တယ်။
ဘာကြောင့်အခါကျတော့ ဒီ အိမ်ရာတွေ စတည်တဲ့အချိန်ကစ နည်းနည်းပြောရမှာထင်တယ်။ ဒီ ကိုညီညီလုပ်ခဲ့တဲ့ဟာ တွေပေါ့နော်။ လုပ်တဲ့ဟာတွေက သူက အကျိုးတူဆိုပီးတော့မှ တောင်သူ (၃၈)ဦးလို့ထင်တယ်။ အချို့တော့မမှတ်မိဘူး။ အဲဒီ မှာ အားလုံး ဧကအများကြီးကို စုပီးတော့မှ သူက အကျိုးတူ လုပ်လိုက်တယ်။ စာချုပ်တွေလည်း အကုန်လုံး ပေးထားတာရှိတယ်။ ပြီးတော့ကျရင် စာချုပ်မှာ သူက ခံဝန်ဆိုတာ ရှိသေးတယ်။ ခံဝန်က သူတို့ ရွာသားတွေကိုလည်း မပေးဘူး။ DKBA က သိမ်းထားတာ။ ဒီဥစ္စာ ဘယ်ခုနှစ်မှာ ဘယ်လောက်ဝယ်ထားတယ်၊ ဘယ်လောက်အပြီး၊ ၂၀၀၈မှာ အပြီးဆောက်မယ်ပေါ့နော်။ အဲ့လို မပြီးရင် ပြန်သိမ်းမယ်ဆိုတာလည်း ပါတယ်။ လူမနေရင်လည်း ပြန်သိမ်းမယ်ဆိုတာ ပါတယ်။ လူမနေတဲ့အိမ်တွေ ဖျက် တယ်ဆိုတာ အစတုန်းက လုပ်ခဲ့တာ။
ဒါပေမဲ့ တကယ့်တကယ် လူနေအိမ်ပါ ဖျက်တဲ့ဟာက တော်တော်လေးကို ရုပ်ဆိုးတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ အန်တီမြင်တယ်။ နောက်ဆုံး DKBA က စလုပ်ခဲ့တာကို KNU က ဘယ်လိုပါလာလဲ အန်တီလည်း မသိဘူး။ သိလိုက်တဲ့ အချိန်က ဖျက်ဆီးပြီးမှ ဗိုလ်ရန်နိုင်ဆိုတာ KNU က ဆိုတာ အန်တီသိရတယ်။ အဲ့ဒီတော့ အန်တီက ဗိုလ်ရန်နိုင် ဘယ်တပ်ကလဲဆိုတာ အန်တီမသိဘူး။ နောက်ဆုံးတော့ အန်တီ စုံစမ်းတော့ ဗိုလ်ရန်နိုင်ဆိုတာ တပ်မဟာ(၆)က။
ကေအိုင်စီ။ ။နေအိမ် ရှင်းလင်းမှုဖြစ်စဉ်လေး အနည်းငယ်ပြောပြပေးပါလား။
လက်ရှိ အန်တီလာတဲ့ အခုနောက်ပိုင်းပေါ့နော်။ အိမ်(၄၀၀)ကျော် ဖျက်ထားပြီးပြီ။ (၄၀၀)ကျော်တော့ သူတို့ပြော တယ်။ ဒါပေမဲ့ နောက်ဆုံး အိမ်ခွဲတဲ့ ပြဿနာ ခုနောက်ဆုံးထိ။ ဒီမတိုင်ခင်လည်း အန်တီပြောတယ်လေ စက်မှုဇုန်နေရာ၊ ပြီးတော့ Asia World နေရာတွေက အဲဒါဖျက်ပြီးမှ ဒီဘက်ရွှေ့လာတာ။ အခုတစ်ခါ ထပ်ရွှေ့တာ နှစ်ကြိမ် သုံးကြိမ် ရွှေ့ခံရတာ ရှိတယ်။
ဖျက်လိုက်ပြီးဆိုတော့ ခုက လူတွေက ဆောက်စရာ မရှိတော့ဘူး။ အခုဆိုရင် မိုးရွာထဲမှာလည်း တချို ့ဆိုရင် အမိုလေးတောင် မရှိနိုင်ဘူး။ လူမနေတာ ဖျက်တာပါ။ လူနေတဲ့အိမ် မဖျက်ဘူး သူတို့ ပြောတယ်။ ဒါပေမဲ့လို ့လူနေတဲ့အိမ်ပါ ဖျက် သွားတာလည်းရှိတာ သိတယ်။ အန်တီ ပထမအကြိမ်လာတာ သိတယ်။ အခုတကြိမ်ကျတော့ အန်တီ့ကိုခေါ်တဲ့ တကြိမ်ကျ တော့ လူနေအိမ်တွေပါ သူတို့ Notice စာ လာကပ်တယ်။ ဘာပဲပြောပြော ကြောက်ကြတာပေါ့နော်။ ဒါက တချို့ဆို နှစ်ကြိမ် သုံး ကြိမ် ရွှေ့ခဲ့ရပြီးပြီ။ Asia World ယူတဲ့နေရာမှာ ရွှေ့ရတာရှိသလို ဒီဘက်က ဇုန်ဆိုပြီး မလွှတ်လို့ ဖျက်ရတာရှိတယ်။ အဲဒီနေရာ တွေကနေ တောက်လျှောက်ဖျက်လာခဲ့တာ။ တချို့ဆို ဒါပါဆို သုံးကြိမ်မြောက် ဖျက်ရတာရှိတယ်။
အဲဒီတော့ အန်တီက ဒီဟာနဲ့ပတ်သက်သလို့ လူ့အခွင့်အရေး ထိခိုက်နစ်နာတယ်ပေါ့နော်။ ပိုဆိုးတာက ဆန္ဒဖော်ထုတ် ပြီး နောက်တနေ့ကျတော့ သူတို့က ပိုပြီးတော့ အတင့်ရဲလာတယ်။ ကိုယ့်အခွင့်အရေးရှိရဲ့သားနဲ့ မပြောနိုင်တာ သူတို့မသိဘူး။ အဓိက က သူတို့ ကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညဘက်ကျရင်ခေါ်သွားပီး နှိပ်စက်ကြမှာကို သူတို့ အရမ်းကြောက် ကြတယ်။ နေ့ခင်းတောင် ခေါ်ပြီးနှိပ်စက်တယ်။ အဲဒီ အိမ်ဖျက်တဲ့နေ့မှာတောင် ခေါ်ပြီးတော့ နှိပ်စက်တာ ကြားတဲ့သူ၊ သိတဲ့သူ၊ facebook ပေါ် တင်တာရှိတဲ့အခါကျတော့ အားလုံးလည်း တချို့လည်း သိပြီးသားပါ။
ဦးငယ်ဆိုရင် နေ့ခင်းလာဖမ်းသွားတာ။ ဖမ်းသွားပီးမှ သူတို့က ဘာလုပ်လဲအခါကျတော့ ခေါင်းဆောင်ဖမ်းသွားပြီးရင် ဘာမှလုပ်လို့မရဘူးဆိုပြီး အတင်းဖျက်တာ နောက်ကနေပဲ။ ပြီးတော့ အဲဒီညဆိုရင် အသည်းအသန် သူတို့ ဖျက်တယ်။ အဲဒီ ခင်စိုးနွယ် ဆိုတဲ့ ကောင်မလေးရဲ့အိမ်ကို အတင်းဖျက် မပြီးနိုင်ဘူး။ နာရီပိုင်း ဖျက်ပြီး မနိုင်ဘူး တိုက်အိမ်တွေဖြစ်တယ်။ တချို့ အိမ်သေးသေးတောင်မှ လူတွေက ကိုယ်အိမ်ကိုယ်ဖျက်တဲ့အခါကျတော့ ချက်ချင်းမပြီးဘူး။ အဲဒီအိမ်ဆိုရင် ညဘက်ကြီးကို သူတို့က အိမ်မီးဖိုချောင်ဖျက်ထားတယ်။ မနက်ကျ လူလည်းခေါ်ထားတယ် ဖျက်မယ်ဆိုပီးတော့မှ တိုက်အိမ်။ အဲဒီတိုက်အိမ်ဆို ရင် ညဘက်ကြီး သူတို့က ဘူဒိုဇာကားနဲ့ လာဖျက်တာ အိမ်တိုင်းအများကြီးပေါ့နော်။ အဲဒီအိမ်ကတော့ ဒါ မှတ်မှတ်ရရအိမ်မို့လို့။
အိမ်က အဖိုးကြီးက မဖျက်ပါနဲ့ကွာ။ ခြေသလုံးဖက်တောင်းပန်တာ။ အဖိုးကြီးက အသက် (၇၂)နှစ်ရှိပြီ။ အဲဒီအခါကျ တော့ အဖိုးကြီးက တောင်းပန်တာတောင်မှ မရဘူးပေါ့နော်။ နောက်ဆုံးအဖိုးကြီးကို အဲဒီ ဒေါက်တာ..မြင့်..ဆိုလား နာမည်မေ့နေတယ်…။ သူက လက်နဲ့ခါတဲ့အခါမှာ အဖိုးကြီးက သတိလစ်ပြီးလဲ၊ ပြီးတဲ့အခါမှာ နောက်ဆုံး ဆေးရုံရောက်သွားတယ်ပေါ့ နော်။ အဖိုးကြီးဆို အိမ်က ဘာမှပြန်မရဘူး။ ညဘက်ကြီးလည်း ဖျက်၊ ဘူဒိုဇာကားနဲ့ ဖျက်တဲ့အခါကျတော့ ဘာမှပြန်မရဘူး ပေါ့နော်။ သူတို့ တော်တော်လေးကို ပျက်စီး ဆုံးရှုံးတယ်။
အလားတူ အိမ်အမျိုးမျိုး ဒီညဘက်ကြီးကို ဖျက်တာ တော်တော်ဆိုးတဲ့ကိစ္စ။ ဖျက်ပါ့မယ်လို့ သူတို့ကိုပြောပြီးသား ကိစ္စကို ပိုပြီးတော့ နစ်နာအောင် လုပ်တယ်ပေါ့။ ဒီကိစ္စတော်တော်လေးကို နစ်နာတဲ့ကိစ္စလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီကနေ စပြီးတော့မှ လက်ရှိအခြေအနေအရ သူတို့ကလည်း နစ်နာတဲ့အပေါ်မှာမှ အကြောက်တရား ဖုံးလွှမ်းတဲ့အခါကျတော့ သူတို့ မပြောရဲကြဘူး။
ကေအိုင်စီ။ ။နေအိမ်ရှင်းလင်းခံရသူတွေအတွက် ဘယ်လိုထောက်ပံ့ကူညီပေးမှုမျိုးတွေ တွေ့ရသလဲ။
ဖျက်ဖျက်ပြီး နှစ်ရက်လောက်အကြာမှာ အန်တီဘာတွေ့လဲအခါကျတော့ နန်းခင်ထွေးမြင့်(ဝန်ကြီးချုပ်)နဲ့ တခြားလူ ကြီးတွေ ပါတာပေါ့နော်။ သူတို့က ဆိုလာမီးအိမ်တစ်လုံး၊ ရေပုံးက အကုန်လုံး မစေ့ဘူးပေါ့နော်။ အဲဒီက မီးအိမ် (၃၀၀)လို့တော့ ပြောတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ပြီးတော့ကျရင် ဆိုလာမီးအိမ်လေးတွေနဲ ့ရေပုံး(ကော်ပုံး) အမည်းလေးတွေပေါ့နော်။ အဲဒါလာပေးတယ်။ ဘယ်လောက်လဲတော့ မသိဘူး။ ညဘက်ကြီးမှ လာပေးတာဆိုတော့ အလုံးရေနဲ့ လူတော့ မစေ့ဘူး သေချာ တယ်။ အဲဒီက ရွှေမြစန္ဒီမှာရှိတဲ့လူတွေတော့ မစေ့ဘူးသေချာတယ်။ အိမ်ဖျက်ခံရတဲ့လူတော့ မစေ့ဘူး အန်တီသိသလောက်က လေ။ အဲလိုမျိုးပဲ ရှိတယ်။ ကျန်တာတွေ အခုဆိုလို့ရှိရင် သူတို့ကိုပြောတုန်းကတော့ ကူညီပေးမယ်ပြောတယ်။ ဒါပေမဲ့ သူတို့ဖာ သာ သူတို့ လုပ်ရတဲ့အခြေအနေရှိတယ်။
နောက်ဆုံး အခု မြေမရတဲ့သူရှိသေးတယ်။ တချို့ဆို မြေမရသေးဘူး။ အခုထိ မြေရဖို့ စောင့်နေတဲ့သူ ရှိသေးတယ်။ အဲ့ဒီတော့ အိမ်ဆောက်နိုင်မှာမဟုတ်သေးဘူး ခု လောလောဆယ်တော့လေ။ ခုအချိန်ထိ အိမ်ဖျက်တုန်းပဲ။ အခုချိန်ထိ အိမ် ဖျက်နေသေးတယ်။ အိမ်ဖျက်တာက အဖွဲ့အစည်းအစုံနဲ့ လာဖျက်တယ်လို့ သူတို့ ပြောတယ်။ အိမ်တွေကိုလည်း အခု နံပါတ်လာ တပ်တယ်။ အခုနောက်ဆုံး အန်တီ တွေ့လာခဲ့တယ်။ နံပါတ် လာတပ်တယ်။ နာမည်တွေ တပ်သွားတယ်။ ပိုင်ဆိုင်မှုပေးမယ်တော့ ပြောတယ်။ ဟုတ်မဟုတ်တော့ မသိသေးဘူးပေါ့နော်။ အဲဒါတော့ အန်တီတွေ့ရတယ်။ ဒါက အခုလက်ရှိအနေအထားလေးပေါ့။
ကေအိုင်စီ။ ။အစိုးရဘက်က ပြောတာက နေအိမ်ရှင်းလင်းခံရသူတွေအတွက် အစားထိုးမြေကွက် စီစဉ်ပေးမှုတွေ ရှိတယ် ဆိုတဲ့အပေါ်မှာ ဘယ်လိုထင်မြင်ပါသလဲ။
အန်တီသိတာက ဝယ်တုန်းက ၄ဝ x ၆၀(ပေ)၊ အစားထိုးပေးတယ်ဆိုတာက ၂ဝ x ၆၀(ပေ)လို့ပြောတယ်။ ဒါပေမဲ့ အခု အချိန်ထိ မြေစောင့်နေတဲ့ရှိနေတုန်း။ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ လူနေတဲ့၊ တကယ့်တကယ်လည်းနေတယ် မရသေး ဘူး။ ဘာလို့လဲဆိုတော့ မြေစောင့်နေရလို့၊ ခွဲဝေစိတ်ခြမ်းပြီးတော့ သူများအိမ်တွေဆိုတော့ ချက်ချင်းလည်း မပြီးနိုင်ဘူးလေ။
အန်တီတို ့နားလည်သလောက်က တိရိစာ္ဆန်တောင်မှ သူတို့အသိုက်ကိုဖျက်ရင် ငရဲကြီးတယ်လို့ ပြောကြတယ်လေ။ ဒါက လူတွေဖြစ်တဲ့အတွက် ဒီလိုလုပ်ရပ်က တော်တော်လေးကို မသင့်တော်တဲ့ ကိစ္စပေါ့နော်။ ပိုင်ဆိုင်မှုလုပ်ပေးမယ်လို့ ပြောတယ်။ ယာယီလည်း ပြောတယ်။ စကားကတော့ အမျိုးမျိုးဖြစ်တယ်ပေါ့နော်။
ပိုင်ဆိုင်မှုလုပ်မယ်ဆိုရင် အရင် သန်းခေါင်စာရင်း လာကောက်ရမှာ။ ဒါပေမယ့် သူတို့က သန်းခေါင်စာရင်းမကောက်ခင် အိမ်နံပါတ် လာတပ်တယ်။ ဒီအိမ်မှာ ဘယ်သူတွေရှိလဲ။ သန်းခေါင်စာရင်း အရင်ကောက်ရမှာ။ သန်းခေါင်စာရင်းနဲ့မှ ပိုင်ဆိုင်မှု လုပ်လို့ရမှာလေ။ အဲဒီတော့ ဒါကတော့ နဲနဲလေးလွဲတယ်လို့ အန်တီမြင်တယ်။ အန်တီဘာလို့ပြောလဲအခါကျတော့ အန်တီတို့ စပြီးတော့ အသိပေးကြေငြာခြင်းမှာကတည်းက လူတွေက နားမလည်ကြတော့ သူတို့က ပိုင်ဆိုင်မှုလို့ ပြောလာကြတယ်။ ဒါကိုင် ထားပါ။ သူတို့လည်းပြောတယ် ဒီကိစ္စကြီးက။ အဲဒီမှာ လာပေးတဲ့လူတွေက ကိုင်ထားပါ ဒါ ပိုင်ဆိုင်မှုဆိုတော့ ကြည့်တဲ့အခါကျ တော့ ဒါက အသိပေးကြေငြာချက်၊ ဘယ်နှစ်ရက်အတွင်းဖယ်၊မဖယ်ရင် အရေးယူမယ်ဆိုတော့ ဒါက မဟုတ်ဘူးလေ။ လူတွေကို နားလှည့်ပါးရိုက်ပြီးတော့ မသိတဲ့သူတွေကို ညာချတဲ့ ပုံစံပေါ့ အန်တီမြင်တာ။
ကေအိုင်စီ။ ။ရွှေမြစနီ္ဒအိမ်ရာကိစ္စကို အစိုးရဘက်က ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းသင့်တယ်လို့ ထင်လဲ။
အမှန်တကယ်က အန်တီနားလည်သလောက်က ဒါ နိုင်ငံသားတွေဖြစ်တယ်။ ဘယ်နံပါတ်ပဲကိုင်ကိုင်ပေါ့နော်။ (၃/…)မှ မဟုတ်ဘူး။ ဘယ်နံပါတ်ပဲကိုင်ကိုင် ဒီနိုင်ငံသားဖြစ်တဲ့အတွက် ဒီနိုင်ငံမှာနေခွင့်လည်း ရှိပါတယ်။ တကယ်တမ်း ဒီမြေက အခုမှ သူတို့ မှားတယ် မှန်တယ် ပြောရအောင် သူတို့ အစတည်းက အတူတူလုပ်ခဲ့ကြတာတွေ ရှိတာပဲ။ သက်သေအထောက်အထားဓါတ်ပုံတွေအများကြီး ရှိတယ်။ပြီးတော့ကျရင် ဒီစာရွက်စာတမ်းတွေလည်း အများကြီးရှိပါလျက်နဲ့ မှားတယ်လို့ပြောရအောင် မှားရင်တည့်ပေးလို့ရတဲ့ ပြဿနာဖြစ်တယ်။
အစိုးရက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ဖြစ်တယ်ဆို ဘာကြောင့် ဒီ ၄ဝ x ၆ဝ ပြန်မပေးတာလဲ။ ဘာဖြစ်လို့ ဒီဟာတွေကျတော့ DKBA က ဦးဆောင်ပြီးတော့ ၂ဝ x ၆ဝ ပြန်ပေးတာလဲ။ လုပ်တဲ့ဟာကတော့ ပုံမကျဘူးပေါ့နော်။ ပြောချင် တာက အစိုးရကကိုင်တွယ်ရင် ဥပဒေအတိုင်းကိုင်တွယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လုပ်ရင် လုထုအကျိုးကို သေချာလုပ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ လူထုကို ပေါင်း နှိပ်စက်သလိုမျိုးဖြစ်နေတယ်။ အခုလက်ရှိအခြေအနေကတော့လေ။ လူထုတွေ အခု မိုးရွာတော့မယ် ဒုက္ခများတယ်။ တကယ်တမ်း ကံကောင်းတာက ရွှေမြစန္ဒီ အခု မိုးမရွာသေးလို့ ကံကောင်း သေးတာ။ မိုးတအားရွာရင် ပျက်စီးကုန်ပြီ။ ဒီနေ့ အန်တီရောက်တယ်။ လမ်းမကောင်းဘူး။ တစ်ပြိုက်ပဲ ရွာသေးတယ်။ လမ်း တော်တော်မကောင်းဘူး။ ဒါ တစ်ကိုယ်စွတ်သာသာပဲ ရွာတာ မိုးက၊ ရေတင်တာတောင် မဟုတ်သေးဘူးပေါ့နော်။
အဲဒီတော့ အစိုးရက ဒီလိုမျိုးမကိုင်တွယ်ဘဲနဲ့ ဒီဟာလေးကိုက လမ်းကြောင်းလွဲနေတာကို သူတည့်မတ်ပေးရမယ့် တာ ဝန်ရှိတယ်။ ကဲ ဖျက်ပါပြီ ဇုန်နေရာတွေ၊ Asia World နေရာတွေ။ ဘယ်တုန်းက သူတို့ပေးလိုက်တာလဲ။ လွန်ခဲ့တဲ့ ၃နှစ်က ဒါတွေ ဘာလို့မတားတာလဲ။ ပြောချင်တာက ၂၀၁၃ထဲက သူတို့လုပ်ခဲ့တာလေ။ ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တာကို ဒီအစိုးရ က မလုပ်ချင်တာလား။ ဦးသိန်းစိန်လက်ထက်ကလုပ်တာမို့ ဒါကို NLD အစိုးရက ဖျက်တာလားလို့ အန်တီတို့မြင်လာတယ်။
ဒါက မဖြစ်သင့်တဲ့ကိစ္စပဲ။ စီမံကိန်းတစ်ခုလုပ်ပြီးဆိုရင် ပြည်သူတွေ နစ်နာမယ်၊ မနစ်နာဘူးဆိုတာကို အရင်ဆုံး စုံစမ်းဖို့လိုမယ်။
စီမံကိန်းတစ်ခုလုပ်တဲ့အခါကျရင် လူထုတွေက ဝယ်တယ်။ ရှိသမျှကျွန်ခံပြီး ရလာတဲ့ပိုက်ဆံနဲ့ ရတဲ့ဟာလေးတွေကို တည့်မတ်ပေးရမှာ အစိုးရတာဝန် ဖြစ်တယ်။ နစ်နာမှုမရှိရအောင်၊ လူတန်းစေ့နေနိုင်အောင်၊ လူဆိုတာ အိမ်နဲ့နေရမှာ။ သူတို့ကို အစိုးရက ဘူဒိုဇာနဲ့လာထိုးလို့ သူတို့မှာ အခု လမ်းဘေးမှာအိပ်ရတယ်ဆိုတော့။ ဒါကြီးက သဘာဝတော်တော်မကျတဲ့ ကိစ္စပေါ့ နော်။ အဲဒီတော့ အစိုးရက ဒီလိုမလုပ်ဘဲနဲ့ ၂ဝ x ၄၀ပေ နေရာချ။ ပြီးရင် ဒါကတော့ ဒီလိုရှိတယ်။ ပြန်ပြီးတော့ရွှေ့ရင် ကူညီပေး ရမယ့် တာဝန်ရှိတယ်။ အခု မကူညီပေးတဲ့အပြင်ကို အဓမ္မဖျက်တဲ့ကိစ္စကြီးက အင်မတန်ကို ရုပ်ဆိုးတဲ့ကိစ္စဖြစ်တယ်။
ခုနက အစိုးရက ဘယ်လိုလုပ်ပေးရမယ်ဆိုတာအစ အစိုးရက ဒါကို စေတနာနဲ့ မှန်မှန်ကန်ကန်လုပ်ပေးရင် ဖြစ်ပါ တယ်။ မဖြစ်စရာအကြောင်း မရှိပါဘူး။ မဖြစ်အောင်လုပ်ရင်လည်း မဖြစ်ဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ဒါ သူတို့လုပ်ငန်းစဉ်ဖြစ် တာလို့မြင်တယ်။ လုပ်ချင်ရင် ဖြစ်တယ်။ မလုပ်ချင်ရင် မလုပ်ဘူးဆိုတဲ့ ပေါ်လွင်နေတယ် အန်တီပြောချင်တာ။
ကေအိုင်စီ။ ။ ဒီကိစ္စအပေါ် ပါဝင်ပတ်သက်တဲ့သူ အားလုံးကို ဘာပြောချင်လဲ။
ဒီထဲမှာပေါ့နော်။ အန်တီနားလည်သလောက်က စလုပ်တုန်းက DKBA က စလုပ်ခဲ့တယ်။ သူလုပ်ခဲ့စဉ်က ဒီတိုင်း ရိုးရိုး လုပ်ခဲ့တာ မဟုတ်ဘူး။ ဌာနဆိုင်ရာတွေ အကုန်လုံး ပြောပြီးမှ သူလုပ်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံး အခုဘာပါလဲဆိုတဲ့အခါကျ တော့ ဒီ အိမ်ရာဖျက်တဲ့အချိန်မှာ အဲဒီနားမှာလည်း တပ်က KNU ရှိတယ်။ DKBA ရှိတယ်။ BGF ရှိတယ်။ သုံးခုစလုံးရှိတယ် ကရင်လက်နက်ကိုင်ပေါ့ ပြောရရင်။
ဒီဟာတွေကလည်း ခြိမ်းခြောက်မှုပေါ့။ သူတို့အတွက် လုံခြုံမှုမပေးနိုင်ဘဲနဲ့ လက်နက်ကိုင်တာ သူတို့ကို ခြိမ်းခြောက် တယ်လို့ သူတို့မြင်တယ်။ သူတို့အတွက် လုံခြုံမှု ဒီအပေါ်မှာလည်း လိုအပ်တယ်ပေါ့နော်။ အစိုးရက တာဝန်ယူပြီးဆိုရင် ဒါက တစ်ခုတည်းဖြစ်ဖို့ လိုတယ်။ BGF ဆို အန်တီတို့လာတယ် တနေ့။ သူတို့ မဝင်ရ ပိတ်တဲ့နေ့ပေါ့နော်။ အန်တီတို့ ညနေလာတယ်။ စစ်သားလေးတွေက ပေးမဝင်ဘူး။ ဘာဖြစ်လို ့ပေးမဝင်တာလဲ ဆိုတဲ့အခါကျတော့ ကားဝင်လို့ မရဘူးတဲ့။ အန်တီကပြန်မေးတဲ့ အခါကျတော့ လူဝင်လို့ရလားဆိုတော့ ရတယ်ဆိုတော့ အန်တီက လူဝင်လာခဲ့တယ်။ ကားကိုတော့ထားခဲ့ရတယ်ပေါ့နော်။ နောက်တစ်နေ့ကျတော့ အစောကြီးလာတော့ သူတို့က မရှိဘူး၊ အန်တီတို့ပြန်တဲ့အချိန်မှာ ထပ်တားတယ်။ ဒါလည်း မဟုတ်ဘူး ပေါ့နော်။ တကယ်က တားစရာမလိုဘူး။ သွားနေကျနေရာကြီးတခုကို တား၊ ပိတ်ဆို့တာမဟုတ်ဘူးပေါ့နော်၊ ဒီမှာလည်း တာဝန်ရှိတယ်ဆိုတဲ့အထဲမှာ အစိုးရတစ်ခုထဲ မဟုတ်ဘဲနဲ ့လက်နက်ကိုင်အားလုံးက ဒီလိုပြည်သူတွေကို ခြိမ်းခြောက်တာတွေ့ရတဲ့အခါ ကျတော့ အန်တီ စိတ်မကောင်းဘူး။
လက်နက်ကိုင်ဆိုတာ ကျမတို့ မတရားမှုတွေကို မကြိုက်လို့၊ တန်းတူညီမျှမှုမရှိလို့ ကျမတို့ လက်နက်ကိုင်ခဲ့ရတယ်။
တန်းတူညီမျှရှိအောင်ပေါ့နော်။ အခုကျတော့ ကျမတို့ လက်နက်ကိုင်တော်လှန်ရေးက၊ အဖွဲ့အစည်းတွေကမှ လူထုကိုနှိပ်စက် တယ်။ ဒါ နှိပ်စက်တာ ကျမ နားလည်တာက။ လူတွေကြောက်အောင်လုပ်တဲ့ဟာက သဘာဝမကျဘူး။ အားကိုးမယ်ဆိုရင် အရင်က အန်တီအမြဲပြောပါတယ်။ အစိုးရကိုမယုံလို့၊ အဖွဲ့အစည်းတွေကို ယုံလို့ဝယ်တယ်။ အဖွဲ့အစည်းတွေက အခုလက်ရှိ လုပ်တဲ့ဟာက ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီးတော့ လူထုကိုနှိပ်စက်တယ်ဆိုတော့ ပေါ်လွင်တယ်ပေါ့နော်။
တချိန်ချိန်ကျရင် ပြဿနာဖြစ်လာရင် ဒီအဖွဲ့အစည်းတွေ နာမည်ကောင်းပါ့ဦးမလား။ ဒီအဖွဲ့အစည်းဆိုတာ ကရင်အဖွဲ့ အစည်းကိုပြောချင်တာ။ အစိုးရကတော့ မကောင်းဘူး။ စစ်တပ်ကတော့ မကောင်းဘူးဆိုတာ သေချာပြီးသား နဂိုထဲက။ အန်တီ တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက အစက တော်လှန်ရေး ရိုးရိုးသားသားလုပ်ခဲ့ကြတယ်။ အခုကျတော့ တော်လှန်ရေး ကို အသုံးချပြီးတော့မှ ကိုယ်ကျိုးရှာတယ်လို့ အန်တီမြင်တယ်။ ဒါ မဖြစ်သင့်ပါဘူး၊ အန်တီပြောချင်တယ်။
ကေအိုင်စီ။ ။ အခု တရားစွဲဆိုခံရမှုနဲ ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ထားလဲ။
အန်တီတို့က အလုပ်တစ်ခုလုပ်ရင်တော့ ရင်ဆိုင်ရမဲ့ကိစ္စတွေမြင်ပြီးသား။ ဖြစ်လာရင် ရင်ဆိုင်ရမယ်ဆိုတာတော့ ဒါ ကိုယ့်ယုံကြည်ချက်နဲ့
ကိုယ်လုပ်ရမှာပါ။ ဖြစ်အောင်လည်း အန်တီတို့ ရင်ဆိုင်မယ်။ ဘာဖြစ်လို့လဲဆို ဆုတ်စရာလည်း အကြောင်း မရှိဘူး။ အန်တီတို့ ရင်ဆိုင်ခြင်းအားဖြင့် ပြည်သူတွေကလည်း သူတို့မြင်လာမယ်။ ဒါ မတရားဘူး၊ တရားတယ်။ ဒီနေ့ဆိုရင် အန်တီပြောပြီးပြီ။ အန်တီတို့ကို တရားရုံးက ရှင်းပြတာက စာရေးမ လာရှင်းပြတာ။ ဒါ သဘာဝကျတဲ့ ကိစ္စမဟုတ်ဘူး။ ရဲ လာ တယ်။ ဥပဒေကြောင်းအရ သူဟာ ရဲယူနီဖောင်းနဲ့ လာရမှာ။ အန်တီတို့ ဘယ်သူမှန်း မသိဘူးလေ။ ရဲမှန်း၊ အရပ်ဝတ်မှန်း မသိနဲ့ လာပြီးတော့ ကျနော်က ရဲပါဆိုတော့ ဒါ ယုံစရာရှိလား။ ဒါ ပြောတဲ့အခါကျတော့ သူတို့ ဒီနေ့တော့ နဲနဲတော့ သိလာမှာပေါ့နော်။ စလာတာပေါ့နော်။
အန်တီတို့ ပြောရမှာ အများကြီး ရှိပါသေးတယ်။ ဘာဖြစ်လဲအခါကျတော့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်တဲ့အခါမှာ နိုင်ငံသားတွေအားလုံး တာဝန်ရှိသလို တရားရုံးမှာလည်း တာဝန်ရှိပါတယ်။ တရားရုံးဆိုတာ မတရားမှုလား၊ တရားမှုလားဆိုတာ သူတို့ ရဲစစ်တာနဲ့တင် ပေါ်ပါတယ်။ အန်တီသိတယ်။ ဒါပေမဲ့လို့ အပေါ်ကလာတဲ့ဟာတွေနဲ့ အခုချိန်ထိ မဆုံးသေးတဲ့ ပြဿနာ တွေပေါ့။ အန်တီတို့ အကြပ်အတည်းကာလထဲက အပေါ်က ဖမ်းခိုင်းတာပါဆိုတာ ခုချိန်ထိ မပြီးသေးဘူး။ ဒါတွေက လုံးဝ မဖြစ် သင့်ဘူး။ အန်တီတို့မှားရင် အောက်က ဥပဒေအတိုင်း ဆောင်ရွက် လက်ခံတယ်။ အပေါ်ကဟာ လာတာကို လက်မခံတဲ့အ တွက် အန်တီ ဒါကို ရင်ဆိုင်တာပါ အန်တီပြောချင်တာကတော့။
ကေအိုင်စီ။ ။ ဘာများ ဖြည့်စွက် ပြောလိုပါသလဲ။
အခုဆိုရင် သူတို့စိတ်ထဲမှာ မငြိမ်းချမ်းဘူး။ သူတို့ မလုံခြုံဘူးပေါ့နော်။ ဘယ်တော့လာဖျက်ဦးမှာလဲ။ အခုလည်း ဖျက် နေတုန်းဆိုတော့
ဘယ်နေ့ လာဖျက်မလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုတွေပေါ့။ အခုချိန်ထိ ပြည်သူတွေမှာ ရင်ဆိုင်နေရတယ်။
အဓိက က အစိုးရက လုံခြုံမှုလည်း မပေးနိုင်ဘူး။ သက်ဆိုင်ရာတွေကလည်း ဖိအားတွေ လာပေးပြီးတော့မှ အမျိုးမျိုး နှိပ်စက် တယ်။ အထူးသဖြင့် လက်နက်ကိုင်တွေက ခြိမ်းခြောက်ပြီးတော့မှ လုပ်တဲ့အခါကျတော့ လူထုတွေက ဘယ်သူ့ ဘယ်သူမှ ယုံစ ရာမရှိဘူး။ သူတို့ကိုယ်သူတို့ လူ့ဂုဏ်သိက္ခာရှိတဲ့သူတွေလို့ မခံယူနိုင်တော့ဘဲနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ လုံခြုံအောင် လုပ်ပေးဖို့ လိုတယ်။ ဥပဒေအရလည်း ကာကွယ်ပေးဖို့ လိုပါတယ်။ လူထုသံသယအနေနဲ့ နေတာကြီးကို မဖြစ်သင့်ပါဘူးလို့ အန်တီက မြင်တယ်လို့ ပြောချင်ပါတယ်။