Home သတင်း သံလွင်မြစ်ကမ်း‌ဘေး အီတူးထာ့‌ကျေးရွာ၏ ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ လူ‌ထောင်ချီ တက်‌ရောက်

သံလွင်မြစ်ကမ်း‌ဘေး အီတူးထာ့‌ကျေးရွာ၏ ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ လူ‌ထောင်ချီ တက်‌ရောက်

3251

မတ် ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)မှ ဦး‌ဆောင်၍ မတ်လ ၁၄ ရက်‌နေ့တွင် ကျ‌ရောက်သည့် အ ပြည်ပြည်ဆိုင်ရာမြစ်‌ချောင်းထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ ဖာပွန်ခရိုင်၊ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီတူးထာ့‌ကျေးရွာတွင် ပြုလုပ်ခဲ့ရာ (၁,ဝဝဝ)ခန့် တက်‌ရောက်လာခဲ့ကြ သည်။
KRW ၏ ‌ပြောခွင့်ရသူ ‌နော်ဆာမူးက “ဒီ‌နေ့ကျ‌တော့ ‌ဒေသခံ‌တွေရဲ့ ‌နေရာကို ပျက်စီး‌အောင် လုပ်နိုင်တဲ့‌ရေကာ တာစီမံကိန်း‌တွေ ပ‌ပျောက်‌ရေးအတွက် ‌တောင်းဆိုတဲ့ပွဲဖြစ်တယ်။ ‌နောက်ပြီး သံလွင်မြစ်ဟာ ကရင်လူမျိုး‌တွေ အတွက်သာမက အခြားတိုင်းရင်းသား‌တွေပါ အသက်‌မွေးဝမ်း‌ကျောင်းပြုကြတဲ့အတွက် ဒီမြစ်‌ပေါ်မှာ ‌ရေကာတာ မ‌ဆောက်လုပ်ဖို့ အ‌ရေးကြီးပါတယ်။”ဟု ‌ကေအိုင်စီသို့ ဆိုသည်။
ထို့အပြင် နိုင်ငံတကာတွင် ‌ရေကာတာ ‌ဆောက်လုပ်ခြင်းများကို ရပ်ဆိုင်းထားသလို မြန်မာနိုင်ငံတွင်လည်း ဌာ‌နေတိုင်းရင်းသားများအတွက် အာမခံချက်မရှိဘဲ အခွင့်အ‌ရေးများဆုံးရှုံး‌သော‌ကြောင့် ‌ရေကာတာ စီမံကိန်း များ ရပ်ဆိုင်းထားရန်လိုအပ်‌ကြောင်း ‌နော်ဆာမူးက ဆက်‌ပြောသည်။

ယမန်‌နေ့ အခမ်းအနားကို KRW အဖွဲ့ဝင်များ၊ နယ်‌မြေခံ ‌ကေအဲန်ယူ မူတ‌ရော်ခရိုင်မှ တာဝန်ရှိသူများ၊ ‌ကျေးရွာ ၈ ရွာမှ ‌ဒေသခံ ရွာသူရွာသားများ တက်‌ရောက်ခဲ့ကြပြီး ‌ရေကာတာ ဆန့်ကျင်‌ရေးပိုစတာများကိုင်‌ဆောင်ကာ “‌ရေကာတာအလိုမရှိ၊ သံလွင်မြစ်ကို လွတ်လပ်စွာ စီးဆင်း‌စေပါ”စသည့် ‌ကြွေး‌ကြော်သံများဖြင့် စတင်ချီ တက် ခဲ့ပြီး‌နောက်နိုင်ငံတကာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ ဖြစ်‌ပေါ်လာပုံကို ရှင်းပြ ခြင်း၊ KRW ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်းနှင့် ‌ရေကာတာ၏ ဆိုးကျိုးကို ကြုံ‌တွေ့ခဲ့ရသူများမှ အ‌တွေ့အကြုံများ ဖလှယ်ခဲ့ကြသည်ဟု သိရသည်။
‌ဒေသခံတစ်ဦးဖြစ်သည့် ‌စော‌ပေါ်လယ်က‌လေလားက“သံလွင်မြစ်မှာ ကျ‌နော်တို့ စားဖို့‌သောက်ဖို့၊ သွားဖို့ လာဖို့ကအစ အားကိုး‌နေရပါတယ်။ ဒါ‌ကြောင့် သံလွင်ဟာ ကျ‌နော်တို့ရဲ့ အသက်‌သွေး‌ကြောပဲ။ ‌ရေကာတာ ‌ဆောက်မယ်ဆိုရင် မြန်မာအစိုးရနဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေပဲ အကျိုးဖြစ်ထွန်းပြီး‌တော့ ဌာ‌နေတိုင်းရင်းသား ‌တွေအတွက် နစ်နာမှု‌တွေပဲ ‌တွေ့‌နေရတယ်။ ဒါ‌ကြောင့် ‌ရေကာတာကို အလိုမရှိပါဘူး။”ဟု ‌ပြောသည်။

ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် သံလွင်မြစ်‌ချောင်းတစ်‌လျှောက် တွင် ‌ရေကာတာ စီမံကိန်း ၁၄ ခု တည်‌ဆောက်ရန် လျာထားပြီး ကရင်ပြည်နယ်ထဲတွင် ဝဲကြီး၊ ဒါးကွင်၊ ဟတ်ကြီး ‌ရေကာတာစီမံကိန်းတို့ ပါဝင်သည်။
၁၉၉၇ ခုနှစ် ဘရာဇီးနိုင်ငံတွင် နိုင်ငံ‌ပေါင်း ၂ဝ မှ အစည်းအ‌ဝေး ‌ခေါ်ယူပြီး ‌ရေကာတာတည်‌ဆောက်ခြင်း ‌ကြောင့် ပြည်သူများ၏ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် အခက်အခဲနှင့် ကြီးမားသည့် ပြဿနာများ မ‌ပေါ်ထွန်း ‌ရေးအတွက် ရည်ရွယ်၍ မတ်လ ၁၄ ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများ ထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့အဖြစ် သ‌ဘောတူသတ်မှတ်ခဲ့ကြဖြစ်‌ကြောင်း သိရသည်။
ကရင်လူထုအ‌ခြေပြုအဖွဲ့ (၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် Karen Rivers Watch-KRW (ကရင်မြစ်‌ချောင်းများကွန်ရ က်)အ‌နေဖြင့် ၂၀၀၂ခုနှစ်မှ စတင်ကာ ကရင်ပြည်နယ် သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌လျှောက်တွင် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ကို ကျင်းပလာမှုမှာ ၁၇ ကြိမ်‌မြောက်ပြီးဖြစ်သည်။
ယမန်‌နေ့က ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများ ထိန်းသိမ်း‌ရေး နှင့်‌ရေကာ တာဆန့်ကျင်‌ရေး ‌နေ့၌ ကရင်ပြည်နယ်တွင် အီတူးထာ့၊ အူးဝယ်ကလိုးနှင့် သူးမွဲထာ့တို့ ပြုလုပ်ခဲ့သလို သျှမ်း(ရှမ်း)၊ ကရင်နီ(က ယား)နယ်၊ တနသင်္ာရီနှင့် မန္တ‌လေးတိုင်းတို့တွင်လည်း အခမ်းအနားအစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြသည်။