Home သတင်း (၆) ကြိမ်‌မြောက် KNU ‌မွေးမြူ‌ရေး၊ စိုက်ပျိုး‌ရေး နှင့် ‌ရေလုပ်ငန်းဆိုင်ရာ တစ်လသင်တန်းဖွင့်လှစ်

(၆) ကြိမ်‌မြောက် KNU ‌မွေးမြူ‌ရေး၊ စိုက်ပျိုး‌ရေး နှင့် ‌ရေလုပ်ငန်းဆိုင်ရာ တစ်လသင်တန်းဖွင့်လှစ်

3244

နိုဝင်ဘာ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ် ‌ဒေသတွင်း ဖွံ့ဖြိုးလာ‌စေရန်ရည်ရွယ်ပြီး ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေး အ‌ထောက်အကူပြု ‌ကျေးရွာအ‌ခြေပြု ‌မွေးမြူ‌ရေး၊ စိုက်ပျိုး‌ရေးနှင့် ‌ရေလုပ်ငန်းသင်တန်းကို နိုဝင်ဘာလ ၁ ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ ‌ကော့ကရိတ်မြို့နယ် အတွင်းရှိ KNU ဗဟို ‌မွေးမြူ‌ရေးနှင့်‌ရေလုပ်ငန်းဌာနချုပ် ‌မွေးမြူ‌ရေးစခန်းတွင် တစ်လကြာ ဖွင့်လှစ်‌ပေးသွားမည်ဟု သိရသည်။

ယခုသင်တန်းကို KNU ဗဟို ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနမှ ဦး‌ဆောင်ကာ ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည် များဆိုင်ရာ ‌ကော်မတီ (Committee for Internally Displaced Karen People-CIDKP ) ၏ ပံ့ပိုးမှုဖြင့် ၆ ကြိမ် ‌မြောက်ပြုလုပ်‌ပေးသည့် သင်တန်းလည်းဖြစ်သည်။

အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး KNU ဗဟို ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနမှ တာဝန်ခံ ပဒို ‌စောမြ‌မောင်က “ ကျ‌နော်တို့ဆီမှာရှိတဲ့ ပြည်သူ‌တွေအတွက် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းအ‌နေနဲ့ သူတို့ အတွက် လူ‌နေမှုဘဝ၊ စားဝတ်‌နေ‌ရေး ‌ပြေလည်‌စေဖို့၊ သူတို့မိသားစု‌တွေကို စိုက်ပျိုး‌ရေး၊
‌မွေးမြူ‌ရေး ၊ ‌ရေလုပ် ငန်း‌တွေနဲ့ အသက်‌မွေးဝမ်း‌ကျောင်း ပြုနိုင်‌အောင် အ‌ခြေခံပြီး‌တော့ သင်တန်းကို ဖွင့်လှစ်‌ပေး ရခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ (နိုဝင်ဘာလ ၁ ရက်) တွင် သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟိုဌာနချုပ်မှ ‌ခေါင်း‌ဆောင် ၂ဦးဖြစ်သည့် ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဌာန ပဒို‌စောအားတိုး နှင့် အတွင်း‌ရေးမှူးချုပ်ရုံးမှ ပဒို‌စောပိုပိုတူး ‌အောင်တို့အပြင် ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများလည်းတက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

ထို့ပြင် ယခုဖွင့်လှစ်သည့် သင်တန်းတွင် KNU နယ်‌မြေ ခရိုင် ၇ ခုနှင့် KNU/KNLA-PC မှ သင်တန်းသားများ အပါအဝင် သင်တန်းသား ၄၅ ဦး တက်‌ရောက်လျက်ရှိပြီး ငြိမ်းချမ်း‌ရေး ၊ ‌ဒေသဖွံ့ဖြိုး‌ရေး၊ ‌မွေးမြူ‌ရေး ၊ စိုက်ပျိုး‌ရေး နှင့် ‌ရေလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို စာ‌တွေ့အပြင် လက်‌တွေ့ပါ ထည့်သွင်း သင်ကြား‌ပေးမည်ဟု သင်တန်း တာဝန်ရှိသူများက ‌ပြောသည်။

ယခု ၆ကြိမ်‌မြောက် သင်တန်းကို ဒူးပလာယာ ခရိုင်တွင် ဖွင့်လှစ်သင်ကြား‌ပေးခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ်ကို သထုံခရိုင်၊ ဒူးပလာယာခရိုင် အံဖကြီး‌ကျေးရွာ ၊ ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ် နှင့် ယခုပြုလုပ်သည့် ‌မွေးမြူ‌ရေးစခန်းတွင် ၂ကြိမ် ပြုလုပ်ခဲ့ကာ အလားတူ သင်တန်းများဆက်လက်ဖွင့်လှစ်‌ပေးရန် အစီအစဉ်ရှိ ‌ကြောင်းလည်း သိရသည်။