Home ဆောင်းပါး ဒုက္ခသည်ဘဝမှ စင်‌ပေါ်‌ရောက်လာသူ (သို့) ဆွီဒင် Idol မှာ နာမည်ကြီးလာတဲ့ ‌စောကီစိုး

ဒုက္ခသည်ဘဝမှ စင်‌ပေါ်‌ရောက်လာသူ (သို့) ဆွီဒင် Idol မှာ နာမည်ကြီးလာတဲ့ ‌စောကီစိုး

3456

‌စောသိန်းမြင့် (စက်တင်ဘာ ၂၄ ရက်၊ ၂ဝ၁၈ ခုနှစ်)

ယခုတ‌လော ဆွီဒင်နိုင်ငံ စ‌တော့ဟုန်းမ်(Stockholm) မြို့‌တော်တွင် ကျင်းပသည့် ဆွီဒင်အိုင်‌ဒေါ(Sweden Idol) အဆိုပြိုင်ပွဲမှာ နာမည်ကြီးလာသူက အသက် ၁၇ နှစ်အရွယ် ကရင်လူမျိုး ‌စောကီစိုး(Ki Soe) ဖြစ်သည်။

သူသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဆွီဒင်နိုင်ငံသို့ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က မိဘများအတူ ‌ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိ မိသားစုဝင်များနှင့်အတူ Halls berg) မြို့တွင် ‌နေထိုင်လျက်ရှိသည်။

ဆွီဒင် အိုင်‌ဒေါ အဆိုပြိုင်ပွဲတွင် ‌စောကီစိုး၏ ယှဉ်ပြိုင်မှုက မူရင်းအဆို‌တော်ကဲ့သို့ပင် အသံ တည်ငြိမ်စွာ သီဆိုနိုင်ခဲ့သည့်အတွက် ဒိုင်လူကြီးများ၏ ချီးကျူးဂုဏ်ပြုခံခဲ့ရသလို ဆွီဒင်နိုင် ငံက ပရိဿတ်များအပါအဝင် ကမ္ဘာအရပ်ရပ်မှ မြန်မာပရိဿတ်များ၏ လက်ခံအား‌ပေး မှုကိုလည်း ရရှိ‌နေသူ တစ်ဦးဖြစ်သည်။

ဆွီဒင် အိုင်‌ဒေါ ဝင်ပြိုင်ခဲ့ရပုံနှင့်ပတ်သက်၍ ‌စောကီစိုးက “ပထမ‌ခေါက် သွားပြိုင်တုန်း က‌တော့ အသက် ၁၆နှစ်ပြည့်ရမယ်။ ကျ‌နော်က‌တော့ ၁၅နှစ်ပဲရှိ‌သေးတဲ့အတွက် ဝင်ပြိုင် လို့ မရ‌ပေါ့‌နော်။ အခု ဒုတိယအ‌ခေါက် ပြန်‌ခေါ်‌တော့ ပုံအရင်ပို့‌ပေးရတယ်။ အဲဒီမှာ အမှတ်အများဆုံးရတဲ့ ၄ ‌ယောက်က ဝင်ပြိုင်ခွင့်ရခဲ့တယ်။ အဲဒီ ၄ ‌ယောက်ထဲမှာ ကျ‌နော်လည်း တစ်‌ယောက်ပါတယ်‌ပေါ့‌နော်။” ဟု ‌ပြောသည်။

သူသည် အဆိုဝါသနာအပြင် ‌ဘောလုံးအားကစားကို ခုံမင်နှစ်သက်သူ တစ်ဦးဖြစ် သည့် အဆိုပါ Sweden Idol ပြိုင်ပွဲကို ‌ဘောလုံးကစားရာမှ ‌ခြေ‌ထောက်ကျိုး ဒဏ်ရာရှိ သည့်ကြားက အားခဲကာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု ‌စောကီစိုးက ဆိုသည်။

လက်ရှိပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အ‌ကောင်းဆုံး ၁၃ ဦး (Top 13)ထဲတွင် အ‌ရွေးချယ် ခံရပြီဖြစ်ပြီး Winner ရရှိသည်ဖြစ်‌စေ၊ မရရှိသည်ဖြစ်‌စေ သူအ‌ကောင်းဆုံးကြိုးစား သွာမည်ဟု ‌စောကီစိုးက ‌ပြောသည်။

“ကျ‌နော် အ‌ကောင်းဆုံး လုပ်‌ဆောင်သွားမယ်လို့ စဉ်းစားတယ်။ အများက ကျ‌နော့်ကို ပိုသိလာမယ်။ လူ‌တွေဝမ်းသာရင် ကျ‌နော်လည်း ဝမ်းသာတယ်‌ပေါ့‌နော်။
ပန်းတိုင်‌ရောက်ဖို့အတွက် တစ်ဆင့်ချင်းကို လုပ်ရမယ်။ တစ်ဆင့်ချင်းလုပ်ပြီးမှ သွားရမယ်လို့ ကျ‌နော်မြင်တယ်။”ဟု ‌ပြောသည်။

၎င်းအ‌ပေါ် အခွင့်အ‌ရေး‌ပေးခဲ့သည့် အကဲဖြတ်ဒိုင်လူကြီးများနှင့် ပရိဿတ်များက သူ့ကို တခဲနက် အား‌ပေး‌ထောက်ခံ အား‌ပေးမှု‌ကြောင့် ၎င်းအ‌နေဖြင့် ဝမ်း‌မြောက်ဝမ်းသာဖြစ်မှုကလွဲပြီး ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်ခြင်းမရှိဟု ‌စောကီစိုးက ‌ပြောသည်။

“ကျ‌နော်က သာမန်လူတစ်‌ယောက်ပါ။ ဒီအဆင့်‌ရောက်လည်း ဘဝင်မြင့်တဲ့စိတ်မရှိပါဘူး။ ရိုးရိုး‌လေးပဲ ‌နေပါတယ်။ ဒါ‌ပေမဲ့ လူ‌တွေအများကြီးက ကျ‌နော့်ကို သိရှိလာတဲ့အတွက် ‌ကော၊ ကျ‌နော်ကို အား‌ပေးတဲ့အတွက်‌ကော ဝမ်းသာကြည်နူးမိပါတယ်။ ”ဟု ‌ပြောသည်။

၄ နှစ်သားအရွယ်ကတည်းက ဆွီဒင်နိုင်ငံကို ‌ရောက်ရှိခဲ့‌သော်လည်း မိခင် ကရင်ဘာသာစကား အပြင် ဆွီဒင်နှင့် အဂင်္လိပ်ဘာသာ စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်‌ပြောဆိုနိုင်သည့် ‌စောကီစိုးသည် ဆွီဒင်နိုင်ငံ‌ရောက် ကရင်အမျိုးသားအ‌ရေးအရာများနှင့် ကရင်အမျိုးသား ‌နေ့ထူး‌နေ့မြတ် အထိမ်းအမှတ်ပွဲများတွင် အမြဲတ‌စေ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ကရင်အမျိုးသားများအ‌ပေါ် ‌စောကီစိုး၏ သ‌ဘောထားက “ကျ‌နော်တို့ အားလုံးက ကရင်ပါ ပဲ။ ဆွီဒင်က ကရင်လား၊ အခြားနိုင်ငံက ကရင်လား ကျ‌နော်တို့‌တွေ အချင်းချင်း ချစ်ချစ်ခင် ခင်ရှိရမယ်။ ပြီး‌တော့ ကိုယ်လုပ်ချင်တာကို လုပ်ပါ။ အ‌ကောင်းဆုံးလုပ်‌ဆောင်ပါ။ ကိုယ့်ကို ‌ပျော်‌စေတယ်ဆိုရင်လုပ်ပါ။” ဟု ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည်ဘဝမှ ဆွီဒင် Idol အဆိုပြိုင်ပွဲတွင် နာမည်ကြီးလာသူ ‌စောကီစိုးက ၎င်း၏ အိပ်မက်ကို လက်‌တွေ့ အ‌ကောင်အထည်‌ဖော်ရန် ဆက်လက်ကြိုးစားသွားမည် ယခုလို ‌ပြောသည်။

“ ကျ‌နော်တို့အား‌ပေးကြတဲ့အတွက် ‌ကျေးဇူးတင်ပါတယ်။ တစ်‌နေ့ နိုင်ငံခြားကို သွားပြီး သီချင်းဆိုချင်ပါတယ်။ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အ‌မေရိကန်နိုင်ငံမှာပဲဖြစ်ဖြစ် သွားပြီး သီချင်းဆိုချင်ပါတယ်။ အဲဒါက ကျ‌နော့်ရဲ့‌မျှော်မှန်းထားချက်ပါ။ ”ဟု ‌စောကီစိုးက ‌ပြော သည်။