Home သတင်း ပြန်လည် ဝင်‌ရောက်လာသည့် အလုပ်သမားများ၏ ကြုံ‌တွေ့‌နေရ‌သော အခက်အခဲများကို နှစ်ဖက်အစိုးရမှ ကူညီ‌ဖြေရှင်း ‌ပေး‌စေလို

ပြန်လည် ဝင်‌ရောက်လာသည့် အလုပ်သမားများ၏ ကြုံ‌တွေ့‌နေရ‌သော အခက်အခဲများကို နှစ်ဖက်အစိုးရမှ ကူညီ‌ဖြေရှင်း ‌ပေး‌စေလို

2312

ဧပြီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

သကြင်္န်ကာလပြီး၍ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်‌ရောက်လာသည့် မြန်မာအလုပ်သမားများ လတ်တ ‌လောကြုံ‌တွေ့‌နေရသည့် ကားလက်မှတ်အခက်အခဲများကို နှစ်ဖက်အစိုးရမှ ကူညီ‌ဖြေရှင်း‌ပေး‌စေလို‌ကြောင်း အလုပ်သမား နှင့် အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများက ‌ပြောဆိုသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲ‌ဆောက်နယ်စပ်ဂိတ်သို့ ပြန်လည်ဝင်‌ရောက်လာ‌သော မြန်မာအလုပ်သမားအများ စုမှာ ကားလက်မှတ်‌ဈေးနှုန်းအဆမတန်‌ပေးဝယ်ရမှုနှင့် ကားလက်မှတ်ဝယ်မရသည့် အခက်အခဲများ‌ကြောင့် နယ်စပ်တံ တားဂိတ်အနီးအနားတွင် ညအိပ်ည‌နေ‌စောင့်ဆိုင်း‌နေရပြီး ၎င်းကြုံ‌တွေ့‌နေရသည့်အခက်အခဲများနှင့် လုံခြုံစိတ်ချရသည့် သွားလာ‌ရေးအတွက်ကို နှစ်ဖက်အစိုးရမှ တာဝန်ယူ‌ဖြေရှင်း‌ပေး‌စေလို‌ကြောင်း မြန်မာပြည်သားများအ‌ရေးပူးတွဲ လှုပ်ရှားမှု ‌ကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “ကားလက်မှတ်‌တွေက ပုံမှန်အားဖြင့် ရိုးရိုးတန်း‌ဈေးက ၂၃၃ ဘတ်ပဲရှိတယ်။ အခုသွားဝယ်လိုက်ရင် ၇၀ဝဘတ်။ နှစ်ထပ် ပထမတန်းကား‌တွေက ၃၇၃ ဘတ်က အခုဆို ဘတ် ၁၀၀၀။ VIP ကား ၅၈ဝ ဘတ်ကို ဝယ်မယ်ဆိုရင် အနိမ့်ဆုံး ၁၂၀ဝ ဘတ်‌ပေးရတယ်။ ကားလတ်က ပုံမှန် ၅၀ဝ ဆို‌ပေမဲ့ အခု ကာလမှာဝယ်ရင် အနည်းဆုံး ၈၀ဝ ဘတ်‌ပေးရတယ်။ ဒါ ကပွဲစားတစ်‌ယောက်နဲ့တစ်‌ယောက်ကမတူဘူး။ ‌နောက်ပြီး ကားလက်မှတ်အခက်အခဲဖြစ်တဲ့သူ‌တွေကျ‌တော့ ညအိပ်ပြီး ‌တော့ တစ်ညကို ဘတ် ၁၀၀၊ ‌ရေချိုး၊ ဖုန်းအားသွင်းရင် ဘတ် ၂ဝနဲ့ အိမ်သာတက်ရင် ၅ ဘတ်စသဖြင့်‌ပေးပြီး ‌စောင့်ဆိုင်း ‌နေကြရသူ‌တွေလည်း ရှိတယ်”ဟု ‌ပြောသည်။

ထိုသို့ အခက်အခဲရှိ‌နေခြင်းအ‌ပေါ် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် မဲ‌ဆောက်မြို့တံတားထိပ်မှ ၉ဝ ကီလိုမီတာကွာ‌ဝေးသည့် တာ့ခ်မြို့သို့ သွား‌ရောက်ကာ ချင်းရိုင်း၊ ချင်းမိုင်၊ လန်းဖန်း မြို့ကြီးမှနာရီဝက်တစ်စီး ‌ရောက်လာသည့်ကားများကို စီး‌စေလို‌ကြောင်းလည်း JACBA ဥက္ကဌ ဦးမိုးကြိုးက အကြံပြု‌ပြောဆိုသည်။

မတ်လ ၂၇ ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ထိုင်းဝန်ကြီးများရုံးထုတ်ပြန်‌ကြေညာချက်အရ အလုပ်သမားပတ်စ်ပို့ (VISA NON-LA) နှင့် ပန်း‌ရောင်ကတ်ကိုင်‌ဆောင်သူ ‌ရွှေ့‌ပြောင်းအလုပ်သမားများ သကြင်္န်ကာလအတွင်း ဗီဇာဆိုင်ရာ ‌ထွေ‌ထွေ ကုန်ကျစရိတ်ကင်းလွတ်ခွင့်နှင့် အဖမ်းအဆီးမခံရပဲ‌နေရပ်ပြန်နိုင်ခွင့်ကို ဧပြီလ ၅ရက်မှ ၃ဝရက်‌နေ့အထိ ခွင့်ပြု‌ပေးထားပြီး လက်ရှိ လကုန်ခါနီးအချိန်တွင် အချိန်မီပြန်လည်ဝင်‌ရောက် လာသူပိုမိုတိုးများလာမှု‌ကြောင့် ကားအစီး‌ရေနည်းပါးမှုနှင့် ကြားခံပွဲစားများ၏ ‌ခေါင်းပုံဖြတ်မှု စသည့်အခက်အခဲများ ရင်ဆိုင်ကြုံ‌တွေ့‌နေရခြင်းဖြစ်သည်။

ဘန်‌ကောက်မြို့တွင် အလုပ်လုပ်ကိုင်‌နေသူ နန်းဆန့်ကလိန်းက “ကျမ မြန်မာပြည်ကို ၉ ရက်‌နေ့က ပြန်သွားတယ်။ ပြီး‌တော့ ၁၇ ရက်‌နေ့ပြန်တက်လာတယ်။ ဘာဖြစ်လဲဆို‌တော့ သကြင်္န်ကာလ‌တွေမှာ ဒီလိုအခက်အခဲမျိုး‌တွေကြုံ‌တွေ့ရမှာကို သိလို့ ကြိုပြီးပြန်လာတာပဲ။ အခုဆိုရင် လူ‌တွေပြန်လာတာ တအားများလာ‌တော့ ပိုက်ဆံစားတာမျိုး တချို့က ကားလက်မှတ်ဖိုး သုံးရာ‌လေးရာကို ငါးရာ၊ ‌ခြောက်ရာတိုးလိုက်တာမျိုး‌တွေ ရှိတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုအခက်အခဲများအပြင် ပြီးခဲ့သည့် မတ်လနှင့်ယခုလအတွင်း ထိုင်းနိုင်ငံ၊ ဘန်‌ကောက်သို့ MoUစနစ်ဖြင့် သွား‌ရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံသို့ပြန်လာသည့် မြန်မာအလုပ်သမားများ တင်‌ဆောင် သည့်ကား ၃ စီးခန့် တိမ်း‌မှောက်မှုနှင့် မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း‌ကြောင့် အလုပ်သမား တစ်ရာနီးပါး ထိခိုက် ‌သေဆုံးခဲ့ကြရ‌သေးသည်။

ထိုင်းနိုင်ငံအတွင်း လာ‌ရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃ သန်း‌ကျော် ခန့်ရှိပြီး တရားဝင်စာရွက်၊ စာတမ်းအ‌ထောက်အထားဖြင့် အလုပ်လုပ်‌နေသူမှာ ၂ သန်း‌ကျော်ခန့် ရှိသည်ဟု အလုပ်သမား အ‌ရေးလုပ်‌ဆောင်‌နေသူများထံမှ သိရသည်။