Home သတင်း KDN နှင့် NRC ပူး‌ပေါင်းပြီး အငြင်းပွားမှုဆိုင်ရာ စု‌ပေါင်းအ‌ဖြေရှာခြင်းသင်တန်းကို သထုံတွင် နှစ်ရက်တာပြုလုပ်

KDN နှင့် NRC ပူး‌ပေါင်းပြီး အငြင်းပွားမှုဆိုင်ရာ စု‌ပေါင်းအ‌ဖြေရှာခြင်းသင်တန်းကို သထုံတွင် နှစ်ရက်တာပြုလုပ်

1782

စက်တင်ဘာ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌နော်‌စေးခု

ကရင်လူမှုဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (KDN-Karen Development Network) နှင့် NRC-Norwegian Refugee Council တို့ ပူး‌ပေါင်းပြီး အငြင်းပွားမှုဆိုင်ရာ စု‌ပေါင်းအ‌ဖြေရှာခြင်း သင်တန်းတစ်ခုကို စက်တင်ဘာလ ၃ရက်မှ ၄ ရက်‌နေ့အထိ မွန်ပြည်နယ်၊ သထုံမြို့ ၊ သုဝဏ္ဏဘူမိ ဟိုတယ်တွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌ကျေးလက်‌နေပြည်သူများ အ‌နေဖြင့် ကိုယ်ပိုင်‌မြေယာ၊ အိုးအိမ်ပိုင်ဆိုင်မှုအခွင့်အ‌ရေးများနှင့်ပတ်သက်ပြီးပိုမိုသိရှိရန်နှင့် အငြင်းပွားမှုများဖြစ်‌ပေါ်လာပါက မည်သို့ စု‌ပေါင်းအ‌ဖြေရှာကြရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်‌ကြောင်း KDN Assistant Project Coordinator ‌နော်ဆာထူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ယ‌နေ့မြန်မာနိုင်ငံ နယ်‌မြေ‌ဒေသအသီးသီးမှာ ‌မြေယာအိုးအိမ်ပိုင်ဆိုင်မှုအခွင့်အ‌ရေး‌တွေကို သိ‌စေရန်လည်း‌ကောင်း ၊ အ ငြင်းပွားမှုဆိုတာ ‌မြေယာ အိုးအိမ်မှမဟုတ်ပါဘူး။ တခြား‌သောအငြင်းပွားမှု ဖြစ်လာတဲ့အခါမှာလည်း ဘယ်လို စု‌ပေါင်း ‌ဖြေ ရှင်းမလဲ။ ဘယ်လိုအ‌ဖြေရှာမလဲ ဆိုတဲ့နည်းလမ်း‌တွေဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်လိုစု‌ပေါင်း အ‌ဖြေရှာ မလဲဆိုတဲ့အ ‌ပေါ်မှာ မူတည်ပါတယ်” ဟု သူမက ‌ပြောသည်။

နှစ်ရက်တာ သင်တန်းအတွင်း ‌မြေယာ၊ အိုးအိမ်ပိုင်ဆိုင်မှုဆိုင်ရာ အသိပညာ‌ပေးခြင်း (The Housing, Land and Property –HLP) နှင့် အငြင်းပွားမှုပြဿနာများကို ‌ဖြေရှင်းခြင်း (Collaborative Dispute Resolution-CDR)၊ Communication , Negotiation များအပြင် အငြင်းပွားမှုတွင် တိုက်ရိုက်ပါဝင်သူ ၊ သွယ်ဝိုက်ပါဝင်သူများ စသည့် အချက်အလက်များအ‌ပေါ် အသိပညာ‌ပေးခဲ့သည်ဟု ‌နော်ဆာထူးက ‌ပြောသည်။

အဆိုပါ သင်တန်းတွင် သထုံ၊ ဘီးလင်း ၊ ကျိုက်ထို၊ ကျိုက်မ‌ရော ၊ သံဖြူဇရပ် ၊ ‌ရေး စသည့် မြို့နယ် (၇)မြို့နယ်အတွင်း ‌ကျေးလက် ‌ဒေသရွာများမှ တစ်ရွာတစ်‌ယောက်စီဖြင့် သင်တန်းသား စုစု‌ပေါင်း (၂၂) ဦးကို သင်တန်း‌ပေးခြင်း ဖြစ်‌ကြောင်း သိရသည်။

ဘီးလင်း မြို့နယ်မှ သင်တန်းတက်‌ရောက်သူ ဦးတင်ထွန်းဦးက “ ညှိနှှိုင်း အ‌ဖြေ ရှာမှု‌တွေက အရင်က အရပ်သား‌တွေနဲ့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေက တိတိကျကျ နားမလည်ခဲ့ဘူး။ ‌ဆောင်ရွက်မှုအပိုင်းမှာ နည်းစနစ်တကျ မရှိခဲ့ဘူး‌ပေါ့။ အာ ဏာအရဖြစ်‌စေ၊ အမိန့်အရဖြစ်‌စေ သူတို့က အတင်းအဓမ္မပဲ။ ‌ကျေနပ်နှစ်သိမ့်မှုကို ‌ပေးခဲ့တဲ့ အ‌ခြေအ‌နေမရှိ‌ပေမယ့် အခု က‌တော့ နည်းမှန်လမ်းမှန်နဲ့ ဘယ်လို ‌ဆောင်ရွက်ရမလဲဆိုတဲ့ဟာ‌တွေကို တိတိကျကျ နားလည်လာတာ‌ပေါ့”ဟု ‌ပြော သည်။

၎င်းသင်တန်းကို EU အ‌ထောက်အပံ့့ဖြင့် အ‌ခြေခံမှ စ၍ ကျွမ်းကျင်အဆင့်ထိ ‌ပေးသွားနိုင်ရန် အတွက် နိုင်ငံခြားသားများမှ ဝန်ထမ်းများကို သင်တန်း‌ပေးခြင်း ၊ သင်တန်းရရှိပြီးသူများမှ ‌ကျေးလက်ကိုယ်စားလှယ်များအားတစ်ဆင့်ခံ သင်တန်းဆင့် ကမ်းပြန်‌ပေးခြင်းအပြင် သင်တန်းတက်ပြီး သူများအား မွမ်းမံကျွမ်းကျင်အဆင့် သင်တန်းများ ဆက်လက်‌ပေးသွားရန် အစီ အစဉ်ရှိ‌ကြောင်း သိရသည်။

ယခု သင်တန်းစီမံကိန်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ‌မော်လမြိုင်မြို့၌ တစ်ကြိမ် ၊ သထုံမြို့၌ (၃)ကြိမ် ပြုလုပ်ပြီးစီးခဲ့ပြီး ကရင်ပြည်နယ် ၊ဖားအံမြို့တွင်လည်း အလားတူ သင်တန်းမျိူး ဆက်လက်ပြုလုပ်သွားရန် အစီအစဉ်ရှိ‌ကြောင်း သိရသည်။