Home သတင်း ‌ကျောက်ကလပ် ‌စေတီ‌တော် ‌ရေကန်အ‌ရှေ့ဘက် ‌ရေမခမ်း‌ခြောက်‌စေရန် ပြန်လည်တူ‌ဖော်

‌ကျောက်ကလပ် ‌စေတီ‌တော် ‌ရေကန်အ‌ရှေ့ဘက် ‌ရေမခမ်း‌ခြောက်‌စေရန် ပြန်လည်တူ‌ဖော်

3147

မတ် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ဖားအံမြို့ ‌ကျောက်ကလပ်‌စေတီ‌တော်ရှိ ‌ရေကန်ခမ်း‌ခြောက်မှု‌ကြောင့် ‌ရေ‌နေသတ္တဝါမျိုးစိတ်များ နှင့် ငါးမျိုးစုံတို့ မျိုးတုန်း‌ပျောက်ကွယ်မှုမရှိ‌စေရန် လတ်တ‌လောတွင် ကန်တွင်းသတ္တဝါများ ‌ခေတ္တ‌ရွှေ့‌ပြောင်း၍ ‌စေတီ‌တော် အ‌ရှေ့ဘက်ပိုင်း ငါးကန်ပြန်လည်တူး‌ဖော်မှုလုပ်ငန်းများ စတင်လုပ်‌ဆောင်‌နေ‌ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ‌ကျောက်ကလပ် ‌စေတီအ‌ရှေ့ဘက် အပိုင်းရှိ ‌ရေနှုန်းများတိမ်‌ကော လာမှု ‌ကြောင့် ‌ကျောက်ကလပ် ဆရာ‌တော် ဥူး(ဦး)ဝိမလနှင့် ဒါယိကာများ ဦး‌ဆောင်၍ ငါးမျိုးစိတ်များနှင့် ‌ရေ‌နေသတ္တဝါ မျိုးစိတ်များကို ‌ကျောက်‌တော်ကြီး ဘုရားတန်‌ဆောင်း‌ရှေ့ မဂင်္လာကန်‌တော်သစ်အတွင်း ‌ခေတ္တယာယီ ‌ရွှေ့ ‌ပြောင်း ပြီး ကန်ပြန်လည်တူး‌ဖော်ခြင်းလုပ်ငန်းကို စတင်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

‌ကျောက်ကလပ်‌စေတီ ‌ဂေါပကအဖွဲ့ဝင် ဦး‌စော‌မောင်လှိုင်က “အခုလိုပြန်လည်တူး‌ဖော်‌နေတာ က ဒီဘုရားဝန်းကျင်တင် မကဘူး။ ဒီအနီးအနား ပတ်ဝန်းကျင်ရွာ‌တွေပါ ‌သောက်‌ရေ၊ သုံး‌ရေ မခန်း‌ခြောက်‌တော့ ‌အောင်၊ ‌ရေအရင်းအမြစ် ပြန်လည် ဖွံ့ဖြိုးလာ‌အောင်၊ ငါးမျိုးစုံနဲ့ ‌ရေ‌နေသတ္တဝါ‌တွေမျိုးဆက် ပြန့်ပွား ‌ရေရှည် ရှင် သန်နိုင်‌အောင်၊ ဒီ‌နေရာ‌ဒေသကို စိမ်းလန်း‌အေးမြတဲ့‌တောအုပ်ပုံစံနဲ့ ‌ရေခိုး‌ရေ‌ငွေ့‌တွေ မပျံ့လွင့်နိုင်‌အောင်၊ ဘုရားဖူး လာသူ‌တွေ ကရင်ပြည်နယ်ရဲ့ ‌အေးချမ်းသာယာတဲ့ အထင်ကရ‌နေရာ တစ်ခုအဖြစ် ‌ရေရှည်တည်ရှိနိုင်‌အောင် အခုလို တူး‌ဖော်မှုကို လုပ်‌ဆောင်တာဖြစ်တယ်။”ဟု ‌ပြောသည်။

‌ကျောက်ကလပ် ‌စေတီ‌တော် ပတ်ဝန်းကျင်ရှိ ‌ရေကန်ပတ်လည် အ‌နေအထား ၂၄ ဧက‌ကျော် ဧရိယာ အကျယ် အဝန်းတွင် ယခင်က အင်းအဖြစ်တည်ရှိ‌နေ‌သော ‌ရေပြင်ကို ရာသီဥတု ပူပြင်းလာခြင်း၊ ‌ရေ‌ဝေ‌ရေလဲ ‌ဂေဟ စနစ်ပျက်စီးလာခြင်းနှင့် ‌ရေများခမ်း‌ခြောက်ကာ ‌ရေ‌နေ သတ္တဝါများ‌သေဆုံးခြင်းတို့ ကြုံ‌တွေ့ ‌နေရ‌သော‌ကြောင့် ၂၀၁၆ ခုနှစ်က ‌စေတီ‌တော် အ‌နောက်ဘက်ခြမ်းကို တာ‌ဘောင်ဖို့ခြင်း၊ ကန်အနက် ၁၂ ‌ပေ မှ ၁၅ ‌ပေ အထိပြန် လည်တူး‌ဖော်ခဲ့ပြီး‌နောက် ယခုလို‌ရေကန်အ‌ရှေ့ဘက်ကို ထပ်မံ တူး‌ဖော်ခြင်းဖြစ်သည်။

၎င်း ‌ရေကန်ပြန်လည်တူး‌ဖော်‌ရေး လုပ်ငန်းကို ဝိုင်းဝန်းလုပ်‌ဆောင်‌နေသူ ‌စောမြင့်‌ဇော်က “မနှစ်ကလည်း ဘုရား အ‌နောက်ဘက်ခြမ်းတူးတယ်။ ဒီနှစ်‌တော့ အ‌ရှေ့ဘက်ခြမ်းတူးတယ်။ ဒီ‌ရေကန်က ဒီပတ်ဝန်းကျင် က ‌ရေအရင်းအမြစ်ကိုထိန်းထားတဲ့ အဓိက ‌နေရာလို ဖြစ်‌နေတာ ဒီကန်‌ရေ ခမ်းရင်ရွာထဲက ‌ရေတွင်း‌တွေ လည်းခမ်းပြီ ဒီလိုမျိုး ဆက်စပ်‌နေတယ်။ ရာသီဥတု‌တွေက ပူပြင်းလာတယ်။ ‌ရေခမ်းတဲ့နှုန်း ကလည်းမြန်လာ တယ်။ ဒါ‌ကြောင့် ရာသီဥတု မပူခင်ကတည်းက ငါး‌တွေ အရင်‌ရွှေ့ လိုက်ပြီး တူး‌ဖော်မှုကို ‌စော‌စောစလုပ်လိုက် တာပါ”ဟု ‌ပြောဆိုသည်။

ယခု တစ်ကြိမ် ‌ရေကန်တူး‌ဖော်ထားမှုသည် နက်နဲပြီး ကျယ်ပြန့်သည့်အတွက် အနီးဝန်းကျင် ‌ရေ‌ဝေ‌ရေလဲ ‌ဂေဟ စနစ် အဆင်‌ပြေလာမှုအ‌ပေါ် ‌ဒေသခံများအတွက်လည်း စိုက်ပျိုး‌ရေးလုပ်ငန်းနှင့် ငါးရှာဖားရှာမှုများ အဆင်‌ပြေလာ မည်ဖြစ်ပြီး တူး‌ဖော်မှုလုပ်ငန်းများပြီးစီးပါက ကန်‌ဘောင်ပတ်လည်သစ်ပင်ကြီးများ ပျိုး‌ထောင်စိုက်ပျိုးကာ
စိမ်းလမ်း‌အေးချမ်း‌သော ဥယျာဉ်ပုံစံ ဆက်လက်အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်မည်ဟုလည်း ‌စေတီ‌တော်‌ဂေါပက တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ‌ကျောက်ကလပ် ‌စေတီပတ်ဝန်းကျင် ငါးကန်ပြန်လည်တူး‌ဖော်‌နေမှုအတွက် ကုန်ကျ စရိတ်‌ငွေများကို ၂၀၁၆ ခုနှစ်က ‌စေတီအ‌နောက်ဘက်ခြမ်းတူး‌ဖော်စဉ် ကရင်ပြည်နယ် အစိုးရနှင့်ဌာနဆိုင်ရာ ပံ့ပိုးမှုများ၊ အလှူရှင် များ၊ ဘုရားဖူး ပြည်သူတို့၏ ထည့်ဝင်လှူဒါန်း‌ငွေ သိန်း ၇၀ဝ ‌ကျော် ကုန်ကျခဲ့ပြီး ယခုနှစ် ‌စေတီအ‌ရှေ့ ဘက်အခြမ်း ပြန်လည်တူး‌ဖော်‌နေမှုကို အလှူရှင်များ၊ ဘုရားဖူးများ လှူဒါန်း‌ငွေများဖြင့် တူး‌ဖော်မှုအပြီးသတ်လုပ်ငန်းများ လုပ် ‌ဆောင်နိုင်ရန် ဆက်လက်လုပ်‌ဆောင်‌နေခြင်းဖြစ်ရာ ကုန်ကျ‌ငွေ သိန်း ၅၀ဝ ခန့် ကုန်ကျမည် ဖြစ်‌ကြောင်း ‌စေတီ‌တော်‌ဂေါပက တာဝန်ရှိသူထံမှ သိရှိရသည်။