Home သတင်း ရိက္ခာပုံမှန်‌ထောက်ပံ့မှု ရပ်တန့်မည့်အ‌ပေါ် ဆက်လက်ရပ်တည်‌ရေး အီတူးထာ့စခန်းမှ IDP များ စိုးရိမ်

ရိက္ခာပုံမှန်‌ထောက်ပံ့မှု ရပ်တန့်မည့်အ‌ပေါ် ဆက်လက်ရပ်တည်‌ရေး အီတူးထာ့စခန်းမှ IDP များ စိုးရိမ်

1775

မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ပြည်တွင်းစစ်‌ဘေး‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းအတွက် အလှူရှင်များ၏ စားနပ်ရိက္ခာပုံမှန် ‌ထောက်ပံ့မှုမှာ လာမည့် စက်တင်ဘာလတွင် ရပ်တန့်‌တော့မည့်အ‌ပေါ် ဆက်လက် ရပ်တည်စား‌သောက်နိုင် ‌ရေး စိုးရိမ်‌နေကြရ‌ကြောင်း ၎င်းစခန်းမှ ပြည်တွင်းစစ်‌ပြေး‌ရှောင်ဒုက္ခသည်များက ထုတ်‌ဖော်‌ပြောဆိုသည်။

အဆိုပါစခန်းရှိ ဒုက္ခသည်များအ‌နေဖြင့် အလှူရှင်များ၏ ကူညီ‌ထောက်ပံ့မှုကိုသာ အဓိကအားထား‌နေရပြီး လုပ်ကိုင်စား‌သောက် ရန် အခွင့်အ‌ရေး မရရှိခြင်းနှင့် ‌နေရပ်သို့ပြန်ရန် လွယ်ကူသည့်အ‌ခြေအ‌နေမရှိ‌သေးခြင်း‌ကြောင့် မိသားစုများ စားဝတ်‌နေ‌ရေးနှင့် ပညာ‌ရေးအခက်အခဲများအတွက် စိုးရိမ်ပူပန်မိသည်ဟု စခန်းဥက္ကဌ ‌စောညာထယ့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

‌စောညာထယ့်က “တကယ်လို့ ‌ထောက်ပံ့မှု‌တွေရပ်တန့်သွားပြီးဆိုရင် ကျ‌နော်တို့အ‌နေနဲ့ ကိုယ့်‌နေရပ်ကိုပြန်ဖို့ဆိုတာ ကျ‌နော်တို့ အတွက် လွယ်ကူတဲ့အရာ‌တော့ မဟုတ်ဘူး။ အခု ကျ‌နော်တို့မှာရှိ‌နေတဲ့ လူဦး‌ရေကလည်း အများကြီး။ ဒီအ‌ပေါ်မှာ ‌တောင်ယာ စိုက်ခင်း လုပ်ကိုင်စား‌သောက်ဖို့ကလည်း ‌နေရာမရှိဘူး။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့အတွက် အခက်အခဲ အများကြီးဖြစ်‌စေပါတယ်” ဟု မတ်လ ၁၄ရက်‌နေ့က ‌ပြောခဲ့သည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်‌နေသည့် အဖွဲ့အစည်း‌တွေအကြား အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်နိုင်ပြီး ထာဝရငြိမ်း ချမ်း‌ရေးကို အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင်မှသာလျင် မိမိ‌နေရပ်သို့ ပြန်လည်အ‌ခြေချနိုင်မည်ဖြစ်ပြီး ဒုက္ခသည်ပြည်သူများအ ‌နေဖြင့် မိမိ‌နေရပ်ကို လွတ်လပ်စွာ ပြန်လိုကြသည်ဟုလည်း ‌စောညာထယ့်က ဆက်‌ပြောသည်။

၎င်းစစ်‌ပြေး‌ရှောင်ပြည်သူများအတွက် အလှူရှင်များက စားနပ်ရိက္ခာအဖြစ် ဆန်ကိုသာ အဓိက‌ထောက်ပံ့‌ပေးရာတွင် တစ်လစာ အတွက် အသက် ၆နှစ်‌အောက် လူတစ်ဦးလျှင် ဆန် ၆ကီလိုနှင့် အသက် ၆နှစ်အထက် လူတစ်ဦးလျှင် ဆန် ၁၂ကီလိုနှုန်းဖြင့် ကူညီ‌ထောက်ပံ့မှု ရရှိကြသည်ဟု စခန်းတွင်း‌နေထိုင်သူများ၏ ‌ပြောပြချက်များအရ သိရသည်။

အလှူရှင်များ၏ ရိက္ခာ‌ထောက်ပံ့မှုကို တာဝန်ယူ‌ဆောင်ရွက်‌ပေးသည့် ကရင်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး-KORD အဖွဲ့၏ ဒါရိုက် တာ ‌စောထူးခလီက “အလှူရှင်‌တွေက ကျ‌နော်တို့ကို အသိ‌ပေးတာက‌တော့ ဒီစားနပ်ရိက္ခာ ‌ထောက်ပံ့မှုက စက်တင်ဘာလအထိ ပဲ အာမခံချက်ရှိတယ်။ဘာဖြစ်လဲဆို‌တော့ ပြင်ပအကူအညီက အားနည်းလာလို့‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အီတူးထာ့စခန်းရှိ ပြည်တွင်းဒုက္ခသည်များအနက် တချို့မှာ ‌နေရပ်ပြန်ရန် ဆန္ဒရှိ‌နေကြပြီး အများစုမှာ ဆက်လက် ‌နေထိုင်သွား လို‌နေကြ‌သော်လည်း ၎င်းတို့၏ ‌နေရပ်ပြန်နိုင်‌ရေးနှင့် ဆက်လက် ရပ်တည်နိုင်‌ရေးသည် အလှူရှင်များ၏ အကူအညီများအ‌ပေါ် မူတည်‌နေပြီး ကြိုတင် အစီအစဉ်များလည်း ယခုအချိန်ထိ မရှိ‌သေး‌ကြောင်း ‌စောထူးခလီက ဆက်‌ပြောသည်။

အီတူးထာ့စစ်‌ပြေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၃၀၀၀‌ကျော်ရှိ‌နေပြီး အထက်တန်း‌ကျောင်း နှစ်‌ကျောင်းနှင့် ‌ဆေးခန်းတစ်ခုသာရှိကာ ယခင်လများမှစ၍ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်မှုအတွက် ‌ဆေးဝါးမလုံ‌လောက်မှု ပြဿနာများရှိ‌နေသည့်အပြင် ပညာ‌ရေး ကူညီ‌ထောက်ပံ့မှုမှာလည်း ‌လျော့နည်းလာသည်ဟု စခန်းသူစခန်းသားများက ‌ပြောဆို‌နေကြသည်။

စခန်းတွင်း ‌နေထိုင်သူ ‌စော‌ပေါလဲကလီလားမူးက “တကယ်လို့ ‌တောင်ယာအကျယ်ကြီး ခုတ်စားမယ်ဆိုလည်း အခွင့်အ‌ရေး မရှိ ဘူး။ တကယ်လို့ စိုက်စားပျိုးစားမယ်ဆိုလည်း ဟင်းသီးဟင်းရွက်အတွက် အနည်းအကျဉ်း‌လောက်ပဲ ရတယ်။ ကိုယ့်‌ခြေ‌ထောက် ‌ပေါ် ရပ်တည်ပြီး ကုန်‌ရောင်းကုန်ဝယ်လုပ်မယ်ဆိုလည်း အရင်းအနှီးဘာမှမရှိတာ။ အခုက ဒုက္ခသည်‌ထောက်ပံ့စာပဲ စား‌နေရ ‌တော့ ‌ထောက်ပံ့မှုရပ်သွားရန်‌တော့ အများကြီးဒုက္ခ‌ရောက်မှာ ‌သေချာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၀၆ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ အကြီးအကျယ် ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာ ယီခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။