Home သတင်း ၆၁နှစ်‌မြောက် ကရင်ပြည်နယ်ပွဲ KNU နှင့် KWO တို့ ပြခန်းများ ပါဝင်ပြသမည်

၆၁နှစ်‌မြောက် ကရင်ပြည်နယ်ပွဲ KNU နှင့် KWO တို့ ပြခန်းများ ပါဝင်ပြသမည်

2269

နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် နိုဝင်ဘာလ ၇ရက်‌နေ့မှစတင်ကာ ကျင်းပမည့် ၆၁ကြိမ်‌မြောက် ကရင်ပြည်‌နေ့ ပွဲ‌တော်တွင် ကရင် အမျိုးသားအစည်းအရုံး-KNU နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု၊ အမျိုးသမီးအကြမ်းဖက် ခံရမှုကိစ္စရပ်များနှင့် သက်ဆိုင်သည့် ပြခန်းများ အသီးသီး ပါဝင်ပြသသွားမည်ဖြစ်‌ကြောင်း သိရသည်။

KNU အ‌နေဖြင့် ကရင်ပြည်နယ်‌နေ့တွင် ဒုတိယအကြိမ်‌မြောက် ပြခန်းဖွင့်လှစ်ပြသခြင်းဖြစ်ပြီး ၎င်းပြခန်းဖွင့်လှစ်ပြသမည့် အစီအ စဉ်များကို KNU ၏ဋ္ဌာနတစ်ခုဖြစ်သည့် ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဋ္ဌာနက ဦး‌ဆောင်ကာ RISE-လူမှု‌ရေးရာ သု‌တေသနအ ဖွဲ့တို့ ပူး‌ပေါင်းပါဝင်သွားမည်ဟု KNU ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောလှထွန်းက ‌ပြောသည်။

“အဓိကက‌တော့ အခုသွား‌နေတဲ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အများပြည်သူသိရှိနိုင်ဖို့၊ ဖြစ်စဉ်‌တွေအ‌ပေါ်မှာ ဘယ်‌လောက်အထိ အကျိုးသက်‌ရောက်မှုရှိလဲ။ အားနည်းချက်၊ အားသာချက် ဘာ‌တွေရှိလဲ။ လူထု‌တွေအ‌နေနဲ့ ဘယ်လိုပါဝင်သင့်လဲ ဆိုတာကို သိ ‌စေချင်လို့ အခုလို စီစဉ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ၏ ပြခန်းတွင် ငြိမ်းချမ်း‌ရေး စတင်‌ဖော်‌ဆောင်ခဲ့မှုအ‌ခြေအ‌နေများ၊ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်မှ ယခု အစိုးရလက် ထက်အထိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဆင့်ဆင့်နှင့် လာမည့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာကိစ္စရပ်များကို ဓာတ်ပုံများ၊ လက်ကမ်း စာ‌စောင်များနှင့် စာအုပ်များဖြင့် ထုတ်‌ဝေပြသသွားမည်ဟု သိရသည်။

ထို့အတူ ကရင်အမျိုးသမီးအစည်းအရုံး-KWO ကလည်း ပြည်နယ်‌နေ့တွင် ကရင်ပြည်နယ်ရှိ Women Organization Network-WON) အမျိုးသမီးကွန်ရက်အဖွဲ့နှင့် ပူး‌ပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် ပြခန်းတစ်ခုပါဝင်ပြသသွားမည်ဖြစ်သည်ဟု KWO ၏ ဖားအံ‌ဒေသ တာဝန်ခံ ‌နော်ဆဲဆဲက ‌ပြောသည်။

အဆိုပါပြခန်းတွင် ကရင်အမျိုးသမီးအစည်းအရုံး အ‌ကြောင်း၊ လုပ်ငန်း‌ဖော်‌ဆောင်‌နေမှုများ၊ အမျိုးသမီးအကြမ်းဖက်ခံရမှုနှင့် သက်ဆိုင်သည့် ပညာ‌ပေးမှုများအပြင် ရိုးရာယဉ်‌ကျေးမှုများကို‌ဖော်‌ဆောင်သည့် ကရင့်ရိုးရာအဝတ်အထည်များကိုလည်း ‌ရောင်း ချ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

နိုဝင်ဘာ ၇ရက်မှ ၁၁ရက်‌နေ့အထိ ကျင်းပမည့် ကရင်ပြည်နယ်‌နေ့တွင် KNU-ငြိမ်းချမ်း‌ရေးဖြစ်စဉ်ပြခန်း၊ ကရင်ရိုးရာစာ‌ပေနှင့် ယဉ်‌ကျေးမှုပြခန်း၊ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWEG ၏ ပြခန်း၊ ဂျပန်နိပွန်‌ဖောင်‌ဒေးရှင်းပြခန်း၊ ပြည်နယ်တွင်းရှိ NGOs များ ဋ္ဌာနဆိုင်ရာ ပြခန်းများ အပါအဝင် ပြခန်း‌ပေါင်း ၃၀‌ကျော်နှင့် ‌ဈေးဆိုင်ခန်း ၂၀ဝ ဝန်းကျင် ပြသ၊ ‌ရောင်းချသွားမည် ဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် ဇာတ်သဘင်ပွဲများ၊ ကရင်ရိုးရာဇတ်သဘင်ပွဲ၊ ရိုးရာဖက်ရှင်ပြိုင်ပွဲ၊ ကာယအလှမယ်နှင့် ကာယအလှ‌မောင်ပြိုင်ပွဲ ‌လှေ ပြိုင်ပွဲ ၊ စက်ဘီးပြိုင်ပွဲ၊ ဒုံးအကအလှပြိုင်ပွဲနှင့် ရိုးရာလက်‌ဝှေ့ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

၁၉၅၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၂၅)ရက်‌နေ့တွင်ကျင်းပ‌သော စုဒ္ဒဿမ (၁၄)ကြိမ်‌မြောက် ကရင်ပြည်နယ် ‌ကောင်စီညီလာခံတွင် နိုဝင် ဘာလ (၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယ‌နေ့တိုင် ကျင်းပလာခဲ့ကြသည်။