Home သတင်း ၁၆ကြိမ်‌မြောက် ကွန်ဂရက်ကျင်းပ‌ရေးဆိုင်ရာကိစ္စ ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ ‌ဆွေး‌နွေးအတည်ပြုနိုင်

၁၆ကြိမ်‌မြောက် ကွန်ဂရက်ကျင်းပ‌ရေးဆိုင်ရာကိစ္စ ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ ‌ဆွေး‌နွေးအတည်ပြုနိုင်

2137

နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ၁၅ကြိမ်‌မြောက် ကွန်ဂရက်အပြီး ၅ကြိမ်‌မြောက် ဗဟို‌ကော်မတီအစည်းအ‌ဝေးကို ဖားအံခရိုင်၊ ‌လေးဝါး(‌လော်ခီးလာ)စခန်းတွင် ‌အောက်တိုဘာလ ၃၁ရက်‌နေ့က စတင်ကျင်းပခဲ့ရာ အစည်းအ‌ဝေးတွင် ၁၆ကြိ်မ် ‌မြောက် ကွန်ဂရက်ကျင်းပနိုင်‌ရေးကိစ္စရပ်များကို ‌ဆွေး‌နွေးအတည်ပြုနိုင်မည်ဟု ‌ကေအဲန်ယူ သတင်းရပ်ကွက်အရ သိရသည်။

ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက် အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းတို့အပြင် သက်ဆိုင်ရာ တပ်မဟာ၊ ခရိုင်‌ခေါင်း ‌ဆောင်များ ပါဝင်သည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင် ၅၁ဦးအနက် ၄၄ဦး တက်‌ရောက်ခဲ့ကြပြီး ၎င်းအစည်းအ‌ဝေး၌ ၁၆ကြိမ် ‌မြောက် ကွန်ဂရက်ကိစ္စကို ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု သိရသည်။

အမည်မ‌ဖော်လို‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနှင့် နီးစပ်သူတစ်ဦးက “ကွန်ဂရက်‌ရွှေ့ဆိုင်း‌ရေး၊ မ‌ရွှေ့ဆိုင်း‌ရေးကိစ္စက အခု ကျင်းပ‌နေတဲ့ ဗဟို‌ကော်မတီ အစည်းအ‌ဝေးအ‌ပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီအစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူနှင့် အစိုးရတို့အကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ပြီးဆုံးသည်အထိ ဆက်လက် အ‌ကောင် အထည်‌ဖော်‌ဆောင်နိုင်‌ရေး အ‌ကြောင်းပြချက်ဖြင့် ၁၆ကြိမ်‌မြောက်ကွန်ဂရက်ကို ‌ရွှေ့ဆိုင်းထားရန် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အ ချို့က သ‌ဘောထားရှိကြပြီး ‌အောက်တိုဘာလ ၂၄-၂၅ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေး၌ လည်း ‌ဆွေး‌နွေးမှုရှိခဲ့‌ကြောင်း နယ်စပ်သတင်းအသိုင်းအဝိုင်းများက စုံစမ်းသိရှိရသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံထဲတွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် စစ်‌ရေးပဋိပက္ခအ‌ခြေအ‌နေများ‌ကြောင့် ကွန်ဂရက်ကို ကျင်းပသင့်သည့် ကာလထက် ‌နောက်ထပ် ၁နှစ်မှ ၂နှစ်အထိ ‌ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထား‌သော်လည်း ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ၏ ၇ဝရာခိုင်နှုန်း ‌ထောက်ခံမှုရရှိမှသာ ကွန်ဂရက်ကို ‌ရွှေ့ဆိုင်းနိုင်‌ကြောင်း သိရသည်။

“ဖွဲ့စည်းပုံအရ ကွန်ဂရက်ကို ‌ရွှေ့နိုင်တယ်ဆို‌ပေမယ့် ထိပ်ပိုင်း ဗဟိုအလုပ်အမှု‌ဆောင်က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဗဟို‌ကော်မတီ ဝင်‌တွေရဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာ မူတည်ပါတယ်။ ဗဟို‌ကော်မတီဝင်‌တွေ လက်ခံသ‌ဘောတူမှသာလျှင် ‌ရွှေ့ဆိုင်းနိုင်တယ်။”ဟု ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးက ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ရက်သတ္တပတ်ကြာ ကျင်းပရန်ရှိသည့် ၎င်းအစည်းအ‌ဝေးတွင် ၁၆ကြိမ်‌မြောက် ကွန်ဂရက်ကျင်းပရန် အတည်ပြု‌ရေးအပြင် ၄နှစ် အတွင်း ဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များ နိုင်ငံ‌ရေး‌ဖော်‌ဆောင်မှုကို သုံးသပ်ခြင်း၊ သက်ဆိုင်ရာ ခရိုင်အသီးသီးမှ အစီ ရင်ခံစာတင်ပြခြင်း၊ ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်း၊ ‌တော်လှန် ‌ရေးလမ်းစဉ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ၁၅ကြိမ်‌မြောက်ကွန်ဂရက်က ချမှတ်ခဲ့‌သော ‌ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် ခြင်း၊ အတည်ပြုခြင်းတို့ကိုု ‌ဆွေး‌နွေးကြမည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်တုန်းက ဖြစ်ပွားခဲ့သည့် ‌ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့အကြား နယ်‌မြေစိုးမိုး‌ရေး အငြင်းပွားမှုအ‌ခြေအ‌နေနှင့် ဗိုလ်ချုပ်‌စော‌ကျော်သက် ဦး‌ဆောင်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော်(DKBA) ခွဲထွက်အဖွဲ့အ‌ပေါ် သ‌ဘောထားများကိုလည်း ‌ဆွေး‌နွေးသွားကြမည်ဟု သိရသည်။

‌ကေအဲန်ယူသည် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(အဲန် စီ‌အေ)ကို အခြား‌သော လက်နက်ကိုင် ၆ဖွဲ့နှင့်အတူ လက်မှတ်‌ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး လက်ရှိ တပ်မ‌တော် ကာကွယ်‌ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ဆက်ဆံ‌ရေးအ‌ကောင်းဆုံးအဖွဲ့ဖြစ်သည်ဟု မြန်မာ့နိုင်ငံ‌ရေး သုံးသပ်သူများက ‌ပြောဆို‌နေကြသည်။