Home သတင်း ကရင်လက်နက်ကိုင် ၃ဖွဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တစ်စုတစ်စည်းတည်းသွားရန် ဆုံးဖြတ်

ကရင်လက်နက်ကိုင် ၃ဖွဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တစ်စုတစ်စည်းတည်းသွားရန် ဆုံးဖြတ်

2221

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

လူမျိုးအလိုက် ကျင်းပသွားမည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင် တပ်မ‌တော် (DKBA-ကလို့ထူး‌ဘော)နှင့် KNU/KNLA (Peace Council) တို့အ‌နေဖြင့် တစ်စုတစ်စည်းတည်း ပါဝင်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌လေး‌ကော်မြို့သစ်တွင် နိုဝင်ဘာ ၂၁ရက်‌နေ့က ပြုလုပ်သည့် ၎င်းကရင်လက်နက်ကိုင် ၃ဖွဲ့နှင့် ကရင်လူငယ်အစည်းအရုံး KYO၊ ကရင်လူမှုအဖွဲ့အစည်းများပါဝင်သည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကိစ္စရပ် များအတွက် ကြိုတင်ညှိနှိုင်းသည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်အ‌ပေါ် KNU ဗဟို‌ကော်မတီဝင် ပဒို‌စောလှထွန်းက “KNU အပါအဝင် ကျန်တဲ့ ကရင်နှစ်ဖွဲ့ကလည်း အမျိုးသား အဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေကို ဦး‌ဆောင်‌ခေါ်ယူ ကျင်းပခွင့်ရှိတယ်။ ဒါ‌ပေမဲ့ ဒီအ‌ရေးဟာ ကရင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အ‌ရေးဖြစ်တဲ့အတွက် သူ့အဖွဲ့ ကိုယ့်အဖွဲ့ ခွဲလုပ်တာမဟုတ်ဘဲ အားလုံးတစ်စုတစ်စည်းတည်း လုပ်သွားကြဖို့ သ‌ဘောထား ရရှိခဲ့ ကြတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ‌ပြောသည်။

အမျိုးသားအဆင့် အ‌ကောင်အထည်‌ဖော်ရမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများဆိုင်ရာ ကိစ္စရပ်များတွင် စုစည်းစွာ ပါဝင်သွားကြမည့် DKBA(ကလို့ထူး‌ဘောအဖွဲ့)၊ KNU/ KNLA (Peace Council) စသည့် ကရင်လက်နက်ကိုင်အဖွဲ့များမှာ လွန်ခဲ့သည့် ၁၉၉၄နှင့် ၂၀၀၇ခုနှစ်များတွင် KNU အဖွဲ့တွင်းမှ ခွဲထွက်ကာ သီးခြား ရပ်တည်‌နေသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။

ထို့‌နောက် ၂၀၁၅ခုနှစ်၊ NCA လက်မှတ်‌ရေးထိုးရာတွင် တစ်ဖွဲ့ချင်းစီအလိုက် လက်မှတ်‌ရေးထိုးခဲ့ကြ‌သော်လည်း နိုင်ငံ‌ရေး ဦး ‌ဆောင်မှုတွင် KNU ၏ နိုင်ငံ‌ရေးဦး‌ဆောင်မှုအတိုင်း လိုက်ပါ‌ဆောင်ရွက်သွားကြရန် ယခင်ကတည်းက သ‌ဘောတူညီမှု ရခဲ့ပြီး သားဖြစ်သည့် ကရင်လက်နက်ကိုင်အဖွဲ့များလည်း ဖြစ်သည်ဟု သိရသည်။

DKBA (ကလို့ထူး‌ဘော) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စောစတီးက “နိုင်ငံ‌ရေး ကိစ္စနဲ့ပတ်သက်လာရင် KNU က မိခင်အဖွဲ့အစည်း လည်းဖြစ်‌တော့ ကျ‌နော်တို့ အားကိုးတဲ့အတွက် KNU ဦး‌ဆောင်မှု‌နောက်ပဲ လိုက်မယ်။ တစ်ချိန်တုန်းက ကျ‌နော်တို့တ‌တွေဟာ KNU သက်သက်ပဲဟာ။ KNU အမြင်ဟာ ကျ‌နော်တို့အမြင်ဖြစ်သလို ကျ‌နော်တို့အမြင်ဟာလည်း KNU အမြင်ပဲဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
img_7143
ယမန်‌နေ့က ပြုလုပ်သည့် ‌ဆွေး‌နွေးမှုတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ KNU/ KNLA (Peace Council) အတွင်း ‌ရေးမှူး ‌ဒေါက်တာ‌နော်က‌ပေါ်ထူး၊ DKBA (ကလို့ထူး‌ဘောအဖွဲ့) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်‌စောမူးခို့ (ဖူး‌နော်‌ဝေး) စသည့်အဖွဲ့ ‌ခေါင်း‌ဆောင်များနှင့် ကိုယ်စားလှယ်များ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပမည့်အစီအစဉ်၊ ‌နေရာနှင့် လုပ်ငန်းစဉ်များ၊ တာဝန် ယူ‌ဆောင်ရွက်မှု အခန်းကဏ္ဍများကို ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်လူမှု အဖွဲ့အစည်းတို့နှင့် လာမည့် ဒီဇင်ဘာလ ပထမအပတ်တွင် ဖားအံမြို့၌ ထပ်မံ ‌တွေ့ဆုံသွားကြမည်ဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများတွင် ‌ဆွေး‌နွေးရမည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လုံခြုံ‌ရေး၊ ‌မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် ရန်ကုန်၊ ဖားအံတို့တွင် အသီးသီး ပြုလုပ်သွားမည်ဖြစ်ပြီး ‌နောက်ဆုံးအဆင့် အားလုံး ပါဝင်သည့် ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ‌လေးဝါး(‌လော်ခီးလာ)၌ ပြုလုပ်ကျင်းပသွားမည်ဟု KNU ဘက်က ‌ပြောသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများမှာ NCA စာချုပ်ပါ အ‌ကောင်အထည်‌ဖော်ရမည့် လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ပြီး ယင်း‌ဆွေး‌နွေးပွဲများမှ ရရှိလာသည့် အဆိုပြုချက်၊ အကြံပြုချက်များကို သက်ဆိုင်ရာ ‌ကော်မတီများမှတဆင့် ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးညီလာခံတွင် ‌ဆွေး‌နွေးဆုံးဖြတ်နိုင်ရန် တင်ပြသွားရမည်ဖြစ်‌ကြောင်း သိရသည်။