Home သတင်း တိုင်းရင်းသားလူမျိုးစုများ ပါဝင်သည့် ၃ဝကြိမ်‌မြောက် KNLA ဗဟိုစစ်ဖက်‌ဆေးသင်တန်းပြီးစီး

တိုင်းရင်းသားလူမျိုးစုများ ပါဝင်သည့် ၃ဝကြိမ်‌မြောက် KNLA ဗဟိုစစ်ဖက်‌ဆေးသင်တန်းပြီးစီး

1639

နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုစစ်ဖက်‌ဆေးဋ္ဌာနမှ ဦး‌ဆောင်ဖွင့်လှစ်‌သော တိုင်းရင်းသားလူမျိုးစုများပါဝင်သည့် ၃ဝကြိမ်‌မြောက် အ‌ခြေခံ‌ဆေးသင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁ဝရက်‌နေ့ (ယ‌နေ့)တွင် ယင်းသင်တန်းဖွင့်လှစ်ရာ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၇နယ်‌မြေ တစ်‌နေရာ တွင် ပြုလုပ်ခဲ့သည်။

၎င်း ၃ဝကြိမ်‌မြောက်‌ဆေးသင်တန်းကို ကရင်၊ ကချင်၊ ရခိုင်၊ ကယန်း၊ နာဂနှင့် ပ‌လောင် စသည့် တိုင်းရင်းသား သင်တန်းသား (၁၀၅)ဦး တက်‌ရောက်ခဲ့ပြီး အ‌ခြေခံစစ်သင်တန်းအပါအဝင် အ‌ခြေခံလူထုကျန်းမာ‌ရေး‌စောင့် ‌ရှောက်မှု၊ ခန္ဓ္ဓာ‌ဗေဒ၊ ‌ဆေးဝါး‌ဗေဒ၊ မျက်စိ‌ရောဂါ၊ ‌ရှေးဦးသူနာပြု၊ သားဖွားနှင့် ခွဲစိတ်ကုသမှု စသည့်ဘာသာရပ် (၇)ခုကို ယခုနှစ် ‌မေလ(၂)ရက်မှ နိုဝင်ဘာလ (၁၀)ရက်‌နေ့အထိ ၆လတာ သင်ကြားပို့ချပြီး‌နောက် သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား‌ဒေသများတွင် ကျန်းမာ‌ရေးဆိုင်ရာလိုအပ်ချက်များကို အကျိုးပြုနိုင်ရန်နှင့် ဘဝတူတိုင်းရင်းသား အချင်းချင်းနားလည်စုစည်းမှုရရှိရန် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ သင်တန်းကို KNLA ဗဟိုစစ်ဖက်‌ဆေးဋ္ဌာန၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)နှင့် Burma Humanitarian Mission (BHM) စသည့် အဖွဲ့အစည်းများမှ အဓိကကူညီပံ့ပိုး‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

KNLA ဗဟို စစ်ဖက်‌ဆေးသင်တန်းကို လွန်ခဲ့သည့် ၁၉၇၉ခုနှစ်က ‌ကေအဲန်ယူ ဗဟိုဋ္ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် အပတ်စဉ်(၁)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး‌နောက် တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ် ဖွင့်လှစ်လာခဲ့ရာ ၁၉၉၆ခုနှစ်မှစ၍ အခြားတိုင်းရင်းသားများပါဝင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ‌ဆေးသင်တန်းသား ၂၀၀ဝနီးပါး ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။